အမေရိကန် ဗဟိုဘဏ်က အတိုးနှုန်းကို ငါးကြိမ်မြောက် တည်ငြိမ်စွာထိန်းထား

အမေရိကန်နိုင်ငံ ဗဟိုဘဏ်က ဇူလိုင် ၂၉ ရက်၌ ဈေးကွက်က မျှော်မှန်းထားသည့်အတိုင်း ဖက်ဒရယ်ရန်ပုံငွေများကို ရည်ရွယ်ထားသည့်နှုန်းထား ၃.၅ ရာခိုင်နှုန်းမှ ၃.၇၅ ရာခိုင်နှုန်းအထိ အပြောင်းအလဲမရှိ ထိန်းထားခဲ့သည်။

အဆိုပါလုပ်ဆောင်ချက်မှာ လာမည့်လများအတွင်း အတိုးနှုန်းမြင့်မားမည့် မျှော်မှန်းချက်များရှိနေခိုက် စောင့်ကြည့်အနေအထားနှင့်အတူ ဗဟိုဘဏ်၏ ငါးကြိမ်မြောက် ငွေကြေးမူဝါဒဆိုင်ရာ အစည်းအဝေး၌ ထွက်ပေါ်လာခြင်းဖြစ်သည်။


ဂျပန်နိုင်ငံ အနောက်တောင်ပိုင်းတွင် အင်အား ၅.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်

ဂျပန်နိုင်ငံ အနောက်တောင်ပိုင်း ကူမာမိုတိုစီရင်စုတွင် ဇူလိုင် ၂၉ ရက် ညနေပိုင်းက ကနဦးတိုင်းတာချက်အရ အင်အား ၅.၈ အဆင့်ရှိ ငလျင်လှုပ်ခတ်ခဲ့ကြောင်း ဂျပန် မိုးလေဝသအေဂျင်စီက ပြောကြားခဲ့သည်။


ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းတွင် စစ်သွေးကြွများ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံး

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်း Khyber Pakhtunkhwa ပြည်နယ် Hangu ခရိုင်ရှိ ရဲတပ်ဖွဲ့စစ်ဆေးရေးစခန်းတွင် စစ်သွေးကြွအဖွဲ့ တိုက်ခိုက်မှုကြောင့် ရဲတပ်ဖွဲ့ဝင် ခုနစ်ဦး သေဆုံးပြီး အခြားသူ ၂၂ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ရဲတပ်ဖွဲ့က ဇူလိုင် ၂၉ ရက်နှောင်းပိုင်း၌ ပြောကြားခဲ့သည်။

ထို့နောက် လုံခြုံရေးတပ်ဖွဲ့ဝင်များကလည်း ပြန်လည်ပစ်ခတ်ခဲ့ရာ စစ်သွေးကြွ ရှစ်ဦး သေဆုံးခဲ့ပြီး အခြားသူ ခြောက်ဦး ဒဏ်ရာရရှိခဲ့ကြောင်း ခရိုင်ရဲတပ်ဖွဲ့ အရာရှိ Tariq Habib က မီဒီယာကို ပြောခဲ့သည်။


အီဂျစ်နိုင်ငံ Damietta ဆိပ်ကမ်းတွင် သင်္ဘောနှစ်စင်း မီးလောင်၊ သေဆုံးသူမရှိဟုဆို

မြေထဲပင်လယ်ကမ်းရိုးတန်းပေါ်ရှိ Damietta ဆိပ်ကမ်းတွင် ဓာတ်ငွေ့ပြောင်းလဲရေးသင်္ဘော တစ်စင်းနှင့်  သိုလှောင်ရေးသင်္ဘော တစ်စင်း မီးလောင်မှုဖြစ်ပွားခဲ့ရာ ချက်ချင်းထိန်းချုပ်နိုင်ခဲ့ပြီး လူသေဆုံးမှုမရှိခဲ့ကြောင်း အီဂျစ်နိုင်ငံ ရေနံနှင့် တွင်းထွက်ပစ္စည်းအရင်းအမြစ်များဝန်ကြီးဌာနက ဇူလိုင် ၂၉ ရက်၌ ပြောကြားခဲ့သည်။

ရေနံနှင့် တွင်းထွက်ပစ္စည်းအရင်းအမြစ်များဝန်ကြီးဌာန ဝန်ကြီး Karim Badawi က လက်တွေ့အခြေအနေကို စောင့်ကြည့်စစ်ဆေးရန်၊ ထိန်းသိမ်းရေးနှင့် ဘေးကင်းရေးလုပ်ငန်းများ ကြီးကြပ်ရန် အခင်းဖြစ်နေရာသို့ သွားရောက်ခဲ့ကြောင်း ဝန်ကြီးဌာန ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။


ဒုံးကျည်တိုက်ခိုက်မှုအတွက် အီရန်ကို အမေရိကန်က လက်တုံ့ပြန်မည်ဟု ထရမ့် ပြော

အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်တပ်ဖွဲ့များအား ဇူလိုင် ၂၈ ရက်က ပဲ့ထိန်းဒုံးကျည်ဖြင့် တိုက်ခိုက်ခဲ့မှုများအတွက် အီရန်အား အမေရိကန်စစ်တပ်က ပြင်းပြင်းထန်ထန်လက်တုံ့ပြန်တိုက်ခိုက်မည်ဟု သမ္မတ ဒေါ်နယ်ထရမ့်က ဇူလိုင် ၂၉ ရက်၌ ပြောကြားခဲ့သည်။

“ကျွန်တော်တို့ ပြင်းပြင်းထန်ထန် တိုက်ခိုက်သွားမှာပါ။ သူတို့ အကြီးအကျယ်အပြစ်ပေးခံရမှာပါ” ဟု ထရမ့်က Fox News နှင့် အင်တာဗျူးတွင် ပြောခဲ့သည်။

သို့ရာတွင် အိမ်ဖြူတော်အနေဖြင့် အီရန်တာဝန်ရှိသူများနှင့် ဆွေးနွေးညှိနှိုင်းမှုများ ဆက်လက်လုပ်ဆောင်ရန် ခွင့်ပြုထားကြောင်း ထရမ့်က ဆိုသည်။


ရုရှားအား ယူကရိန်း တိုက်ခိုက်မှုများအတွင်း လူခုနစ်ဦး သေဆုံးပြီး ၅၃ ဦး ဒဏ်ရာရ

ရုရှားနိုင်ငံအား ယူကရိန်းက တိုက်ခိုက်မှုများလုပ်ဆောင်ခဲ့ရာ လူခုနစ်ဦးထက်မနည်း‌ သေဆုံးပြီး အခြားသူ ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသန္တရအာဏာပိုင်များက ဇူလိုင် ၂၉ ရက်၌ ပြောကြားခဲ့သည်။

Belgorod ဒေသတွင် သေဆုံးသူ လေးဦးနှင့် ဒဏ်ရာရသူ ၄၆ ဦးဖြင့် အများဆုံးထိခိုက်သေဆုံးမှု ဖြစ်ခဲ့ကြောင်း၊ ယင်းဒေသတွင် တိုက်ခိုက်မှု ၉၁ ကြိမ် ခံခဲ့ရပြီး လေကြောင်းရန်ကာကွယ်ရေးစနစ်များက ဒရုန်းအစင်းရေ ၁၂၈ စင်းကို ကြားဖြတ်ဟန့်တားနိုင်ခဲ့ကြောင်း ဒေသဆိုင်ရာ ယာယီအုပ်ချုပ်ရေးမှူး Alexander Shuvaev က ပြောခဲ့သည်။  (Xinhua)

………..

(English Version)

Daily World Briefing, July 30

U.S. Fed holds interest rate steady for 5th time in a row

The U.S. Federal Reserve on Wednesday kept the target range for the federal funds rate unchanged at 3.5 to 3.75 percent, as widely expected by the market.

The move marks the Fed's fifth monetary policy meeting in a row with a wait-and-see stance, while expectations for an interest rate hike have been building for the coming months.


5.8-magnitude earthquake hits southwest Japan

An earthquake with a preliminary magnitude of 5.8 rocked Japan's southwestern prefecture of Kumamoto on Wednesday evening, the Japan Meteorological Agency said.


Militant attack kills 7 policemen in northern Pakistan

At least seven policemen were killed and 22 others injured when a group of militants attacked a police checkpoint in Hangu district of Pakistan's northern province of Khyber Pakhtunkhwa, police said late Wednesday.

District Police Officer Tariq Habib told local media that security personnel returned fire, killing eight militants and injuring six others.


Egypt says fire breaks out on 2 vessels at Damietta Port, with no casualties reported

Egypt's Ministry of Petroleum and Mineral Resources said on Wednesday that a fire had broken out on a regasification vessel and a storage vessel at Damietta Port on the Mediterranean coast, adding that the incident was brought under control immediately and caused no casualties.

Petroleum and Mineral Resources Minister Karim Badawi headed to the scene to monitor the situation on the ground and oversee containment and safety operations, according to a statement by the ministry.


Trump says U.S. will retaliate against Iran for missile attack

The U.S. military will strike Iran hard in retaliation for ballistic missile attacks on U.S. forces in the Middle East a day earlier, U.S. President Donald Trump said Wednesday.

"We'll be hitting them hard," Trump said in an interview with Fox News. "They're going to get a beating."

Trump said, however, that the White House would allow Iranian officials to continue negotiations.


7 killed, 53 injured in Ukrainian strikes against Russia

Ukrainian attacks against Russia killed at least seven people and injured 53 others, said regional authorities on Wednesday.

The heaviest casualties were reported in the Belgorod region, where four people were killed and 46 injured, acting regional Governor Alexander Shuvaev said, adding that the region came under 91 attacks and that air defense systems intercepted 128 drones.