တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို 
ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့တွင် ၂၀၂၆ ခုနှစ် ဇူလိုင် ၂၂ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)


မနီလာ၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဇူလိုင် ၂၂ ရက်တွင် ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့၌ အမေရိကန်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။

ထိုသို့တွေ့ဆုံရာတွင် ဝမ်ရိက ယခုနှစ်သည် တရုတ်-အမေရိကန် ဆက်ဆံရေး၏ “နှစ်ကြီးတစ်နှစ်” ဖြစ်ကြောင်း၊ နှစ်နိုင်ငံ အကြီးအကဲများသည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ သမိုင်းဝင်တွေ့ဆုံမှုကို အောင်မြင်စွာ ကျင်းပနိုင်ခဲ့ပြီး အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး၏ အနေအထားကို အတည်ပြုခဲ့ကာ နှစ်ဖက်အတူတကွကြိုးပမ်းရမည့် ဦးတည်ချက်ကို အဆိုပြုခဲ့ကြောင်း၊ ယင်းသည် တရုတ်-အမေရိကန် နိုင်ငံကြီးနှစ်နိုင်ငံက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်မှုကို စူးစမ်းရှာဖွေသည့် လမ်းကြောင်းထက်တွင် ရရှိထားသော အရေးကြီးတိုးတက်မှုဖြစ်ပြီး နှစ်နိုင်ငံပြည်သူများ၏ အကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံတကာအသိုင်းအဝိုင်း၏ ဘုံမျှော်လင့်ချက်နှင့်လည်း ကိုက်ညီကြောင်း ပြောကြားခဲ့သည်။

လက်ရှိ မိမိတို့၏တာဝန်မှာ နှစ်နိုင်ငံအကြီးအကဲများ ချမှတ်ထားသည့် လမ်းကြောင်းအတိုင်း အနှောင့်အယှက်များကို ဖယ်ရှားကာ အတားအဆီးများကို ကျော်ဖြတ်ပြီး အကြီးအကဲများ၏ သဘောတူညီချက်ကို အစိုးရတစ်ခုလုံး၊ ကဏ္ဍနယ်ပယ်စုံ၏ သဘောတူညီချက်နှင့် လှုပ်ရှားမှုအဖြစ် ပြောင်းလဲမှုကို အာမခံပေးရန်ဖြစ်ကြောင်း၊ တရုတ်-အမေရိကန်၏ မဟာဗျူဟာမြောက်တည်ငြိမ်မှုဖြင့် ကမ္ဘာကြီး ငြိမ်းချမ်းတည်ငြိမ်မှုကို မြှင့်တင်ရန်၊ တရုတ်-အမေရိကန်၏ အပြုသဘောဆောင်သော အပြန်အလှန် သွားလာဆက်ဆံမှုဖြင့် နိုင်ငံတကာ ပူးပေါင်းဆောင်ရွက်မှုအတွက် အရေးကြီးစွမ်းအား ပံ့ပိုးပေးရန်ဖြစ်ကြောင်း ၎င်းက ဆိုသည်။

ဝမ်ရိက လတ်တလောကာလအတွင်း အမေရိကန်ဘက်၏ အပြုသဘောမဆောင်သော ပြောဆိုချက်များနှင့် စပ်လျဉ်း၍ တရုတ်ဘက်၏ တည်ကြည်လေးနက်သော သဘောထားကိုလည်း ရှင်းလင်းပြောကြားခဲ့ပြီး အမေရိကန်ဘက်က တရုတ်နိုင်ငံ၏ အဓိကအကျိုးစီးပွားကို လေးစားရန်၊ တရုတ်တစ်နိုင်ငံတည်း မူဝါဒကို လိုက်နာရန်၊ ဒွိဟဖြစ်ကွဲလွဲမှုများကို လက်တွေ့စီမံထိန်းချုပ်ရန်၊ တရုတ်နိုင်ငံ၏ တရားဝင်ဂရုပြုမှုများကို ဖြေရှင်းရန်၊ တရုတ်-အမေရိကန် ဆက်ဆံရေး၏ အခွင့်အလမ်းနှစ်တစ်နှစ်ကို လက်တွေ့ဖြစ်လာစေရန် တောင်းဆိုခဲ့သည်။

နှစ်ဖက်က နိုင်ငံတကာဒေသတွင်း အရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍လည်း သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြသည်။

နှစ်ဖက်က ယခုအကြိမ်တွေ့ဆုံဆွေးနွေးမှုသည် လက်တွေ့ကျ၍ တက်ကြွမှုရှိကာ အပြုသဘောဆောင်မှု ကြွယ်ဝသည်ဟု ယူဆကြပြီး နှစ်နိုင်ငံအကြီးအကဲများ ရရှိထားသည့် အရေးကြီးသဘောတူညီချက်များကို အတူတကွ အကောင်အထည်ဖော်ရန်၊ နိုင်ငံရေးနှင့် သံတမန်ရေးလမ်းကြောင်း အခန်းကဏ္ဍကို အသုံးပြုရန်၊ နောက်တစ်ဆင့် အဆင့်မြင့်အလွှာ သွားလာဆက်ဆံမှုကို ကောင်းမွန်စွာ ပြင်ဆင်ရန်၊ အပြုသဘောဆောင်သော မဟာဗျူဟာမြောက်တည်ငြိမ်မှုရှိသည့် တရုတ်-အမေရိကန် ဆက်ဆံရေး လက်တွေ့တိုးတက်မှု ရရှိရေးကို တွန်းအားပေးသွားရန် သဘောတူညီခဲ့ကြသည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

王毅会见美国国务卿鲁比奥

新华社马尼拉7月22日电(记者赵晨捷 李萌)中共中央政治局委员、外交部长王毅22日在马尼拉会见美国国务卿鲁比奥。  

王毅表示,今年是中美关系的“大年”。两国元首在北京成功举行历史性会晤,确定了中美建设性战略稳定关系的定位,提出了双方共同努力的方向。这是中美两个大国在探索和平共处道路上取得的重要进展,符合两国人民根本利益,符合国际社会共同期待。现在我们的责任是,沿着两国元首设定的轨道,排除干扰、克服障碍,确保将领导人的共识转化为全政府、各领域的共识和行动,以中美的战略稳定促进世界的和平安宁,以中美的建设性互动为国际合作提供重要动力。王毅还就近期美方的一系列消极言行阐明中方严正立场,要求美方尊重中国的核心利益,恪守一个中国原则,切实管控矛盾分歧,解决中方正当关切,让中美关系的机遇之年照进现实。  

双方还就国际地区热点问题交换了意见。  

双方认为,此次会晤务实、积极、富有建设性,同意共同落实两国元首达成的重要共识,发挥政治外交渠道作用,筹备好下阶段高层交往,推动中美建设性战略稳定关系取得实质进展。(完

图说:7月22日,中共中央政治局委员、外交部长王毅在马尼拉会见美国国务卿鲁比奥。 新华社记者 李萌