
ခိုင်လီ (ကွေ့ကျိုး)၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကွေ့ကျိုးပြည်နယ် ချန်တုန်းနန် မြောင်လူမျိုး၊ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲ ထူထောင်ခြင်း နှစ် ၇၀ ပြည့် ဂုဏ်ပြုအခမ်းအနားနှင့် “သာယာလှပသော ချန်တုန်းနန်” ယဉ်ကျေးမှုအနုပညာ ဖျော်ဖြေပွဲကို ဇူလိုင် ၂၃ ရက်တွင် ခိုင်လီမြို့ တိုင်းရင်းသားအားကစားကွင်၌ ကျင်းပခဲ့သည်။ အဆိုပါအခမ်းအနားတွင် တိုင်းရင်းသားလူမျိုးအသီးသီးမှ သွေးချင်းများသည် အဆိုအကများဖြင့် ပျော်ရွှင်စွာဖျော်ဖြေခဲ့ကြပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှု၊ တက်ကြွမှု၊ ရိုးရာဓလေ့ အငွေ့အသက်များဖြင့် ပြည့်နှက်နေသော ချန်တုန်းနန်ဒေသကို ပြသခဲ့သည်။
ချန်တုန်းနန် မြောင်လူမျိုး၊ တုန့်လူမျိုး ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရပြည်နယ်ခွဲကို ၁၉၅၆ ခုနှစ် ဇူလိုင် ၂၃ ရက်တွင် စတင်ထူထောင်ခဲ့ပြီး လက်ရှိ ဤနေရာတွင် မြောင်လူမျိုး၊ တုန့်လူမျိုး၊ ဟန့်လူမျိုး စသည့် တိုင်းရင်းသား ၄.၉ သန်းကျော် စုပေါင်းနေထိုင်လျက်ရှိသည်။ ယင်းဒေသကို “ ဂီတ၊ အကအလှ တို့၏ ဌာနီ” နှင့် “ရာနှင့်ချီရှိသော ပွဲတော်တို့၏ ဌာနီ” ဟု တင်စားခေါ်ဝေါ်ကြသည်။ (Xinhua)
..........................
(Chinese Version)
黔东南苗族侗族自治州庆祝成立70周年
新华社照片,凯里(贵州),2026年7月23日
7月23日,贵州省黔东南苗族侗族自治州成立70周年庆祝大会暨“锦绣黔东南”文艺演出在凯里市民族体育场举行,各族同胞载歌载舞,展示民族团结奋进、民族风情浓郁的黔东南。
黔东南苗族侗族自治州成立于1956年7月23日,目前这里聚居着苗、侗、汉等民族490多万人,被誉为“歌舞之乡”和“百节之乡”。
图说1、2:这是7月23日拍摄的贵州省黔东南苗族侗族自治州成立70周年庆祝大会暨文艺演出现场(无人机照片)。新华社记者 杨文斌 摄
图说3:7月23日,少数民族群众在贵州省黔东南苗族侗族自治州成立70周年庆祝大会现场表演节目。新华社记者 杨文斌 摄








