တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ကျိုးဆိပ်ကမ်း ရုံအန်းဆိပ်ကမ်းတွင် ရွေ့ကျန့် (ဝဲဘက်) က ကိုယ်တိုင်ဝန်ဆောင်မှုညွှန်ကြားချက်ပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ကျိုးဆိပ်ကမ်း ရုံအန်းဆိပ်ကမ်းတွင် ရွေ့ကျန့် (ဝဲဘက်) က ကိုယ်တိုင်ဝန်ဆောင်မှုညွှန်ကြားချက်ပေးနေသည်ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)


ထိုက်ကျိုး (ကျန်းဆူး)၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)

ယခုနှစ်တွင် အသက် ၃၄ နှစ်ရှိပြီဖြစ်သည့် ရွေ့ကျန့်သည် တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် ထိုက်ကျိုးမြို့ ဆိပ်ကမ်းရေကြောင်းလုပ်ငန်း ဖွံ့ဖြိုးတိုးတက်မှုစင်တာ ဆိပ်ကမ်းဌာနမှ ဝန်ထမ်းတစ်ဦးဖြစ်သည်။ မီးသတ်သမား ရာထူးမှ ပို့ဆောင်ရေးစနစ်တွင် ရာထူးပြောင်းလဲ၍ အလုပ်စတင်လုပ်ကိုင်ပြီးနောက် ၎င်းသည် ရှေ့တန်းတွင် အခြေချကာ သင်္ဘောသားနှင့် ပြည်သူများကို ဝန်ဆောင်မှုပေးသဖြင့် အားလုံးက ၎င်းကို ရေကြောင်းလုံခြုံရေးဆိုင်ရာ “ရေကြောင်းကာကွယ်ရေးအပြာရောင်” ဟု ချစ်စနိုးခေါ်ဝေါ်ကြသည်။

ရွေ့ကျန့်သည် ဆိပ်ကမ်းဥပဒေစည်းမျဉ်းစည်းကမ်းများကို “စစ်ဆင်ရေးလမ်းညွှန်” အသစ်အဖြစ် သတ်မှတ်ကာ ဆိပ်ကမ်းတွင် အခြေချ၍ ကျွမ်းကျင်အသိပညာဗဟုသုတများ လေ့လာသင်ယူကာ အမာခံအင်အားအဖြစ် လျင်မြန်စွာ တိုးတက်လာခဲ့သည်။ ဌာန၏ “ရှင့်ယိဟန်” ရေပေါ်ယုံကြည်မှုဆိုင်ရာ စီမံခန့်ခွဲမှုမူဝါဒနှင့်အညီ ၎င်းသည် နှစ်ကြာရှည်နေပြီဖြစ်သော သင်္ဘောပိုင်ရှင်များက ယုံကြည်မှုဆိုင်ရာ အမှုတွဲများ စစ်ဆေးခြင်းကို ကိုယ်တိုင်လမ်းညွှန်ပေးခြင်း၊ ယုံကြည်မှုစာရင်းတွင်မပါဝင်သော သင်္ဘောများစွာ၏ ပြင်ဆင်မှုကို ကူညီဆောင်ရွက်ပေးခြင်းတို့ လုပ်ဆောင်ခဲ့သည်။ ထို့ပြင် မီးသတ်လုပ်ငန်းဆိုင်ရာကျွမ်းကျင်မှုဖြင့် မီးသတ်အရေးပေါ်တုံ့ပြန်ရေးဆိုင်ရာ အသိပညာပေးမှုနှင့် ဥပဒေကူညီရေးဆိုင်ရာ ဟောပြောမှုတို့ ပုံမှန်လုပ်ဆောင်ပြီး ဆိပ်ကမ်း၌ ကမ်းကပ်ရပ်နားချိန်အတွင်း သင်္ဘောသားများ၏ ယာယီနေထိုင်မှုဘဝ အခက်အခဲအမျိုးမျိုးကို ကူညီဖြေရှင်းပေးသည်။

စေတနာ့ဝန်ထမ်း ဝန်ဆောင်မှုအဖွဲ့၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် ရွေ့ကျန့်သည် သင်္ဘောသားများက သင်္ဘောကိုယ်ထည် ထိန်းသိမ်းပြင်ဆင်ခြင်း၊ သင်္ဘော ရုတ်တရက်ချို့ယွင်းမှုဖြစ်ပွားခြင်းအား အချိန်မီ စီမံခြင်းအတွက် ကူညီပေးသည်။ ထို့ပြင် အားလပ်ချိန်တွင်လည်း စာသင်ကျောင်း၊ ဘိုးဘွားရိပ်သာ စသည့်နေရာများသို့ သွားရောက်ပြီး မီးသတ်ဘေးကင်းလုံခြုံရေးဆိုင်ရာ ဟောပြောမှု၊ အရေးပေါ်ကူညီကယ်ဆယ်မှုနှင့် ဥပဒေပညာပေး ဝန်ဆောင်မှုများ လုပ်ဆောင်ကာ အများပြည်သူအတွက် ဘေးကင်းလုံခြုံမှုဆိုင်ရာ နွေးထွေးမှုများ သယ်ဆောင်ပေးခဲ့သည်။ (Xinhua)

--------------------------------------------------------------------------------------

(Chinese Version)

火焰蓝护航蓝真情为民初心不变

新华社照片,泰州 (江苏),2026年7月22日

今年34岁的芮健,是江苏省泰州市港航事业发展中心港口科职工。从消防员转岗入职交通系统后,他扎根一线,服务船民,被亲切称为水上安全“护航蓝”。

芮健把港口法律法规当作全新的“作战手册”,扎进港口码头学习专业知识,迅速成长为骨干力量。依托单位“信易航”水上信用管理政策,他手把手指导老年船主查询信用档案,帮助多艘失信船舶完成整改修复;同时发挥消防专业特长,常态化开展消防应急科普和法律援助宣讲,主动解决船民靠离泊期间的各类临时生活难题。作为志愿服务队一员,芮健主动帮船民对接船体维修,及时处置船舶突发故障;还利用业余时间走进校园、敬老院等场所,开展消防安全宣讲、应急救助和普法服务,把平安温暖送到群众身边。

图说1:7月11日,在泰州港永安码头,芮健(左)在现场进行服务指导。 新华社发(杨玉岗摄

图说2:7月15日,在江苏省泰州市医药高新区(高港区)淮河路幼儿园,芮健(左)指导小朋友安全逃生演练新华社发(杨玉岗摄