
ပေကျင်း၊ ဇူလိုင် ၂၃ ရက် (ဆင်ဟွာ)
မကြာသေးမီရက်ပိုင်းက ပါပူအာ နယူးဂီနီ အစိုးရသည် “ပါပူအာ နယူးဂီနီနိုင်ငံဆိုင်ရာ ထိုင်ပေစီးပွားရေးရုံး” ကို ပိတ်သိမ်းကြောင်း ကြေညာခဲ့သည့်အပေါ် တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ ထိုင်ဝမ်ရေးရာရုံး ပြောရေးဆိုခွင့်ရှိသူ ကျန်းဟန်က ဇူလိုင် ၂၂ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် မေးခွန်းများကို ဖြေကြားရာ၌ မိမိတို့အနေဖြင့် ပါပူအာ နယူးဂီနီအစိုးရ၏ သက်ဆိုင်ရာလုပ်ဆောင်ချက်အပေါ် အထူးတန်ဖိုးထားချီးကျူးကြောင်း ပြောကြားခဲ့သည်။
တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံမူနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ဘုံသဘောထားဖြစ်ပြီး တရုတ်တစ်နိုင်ငံတည်းအခြေခံမူကို ခိုင်မာစွာ လက်ကိုင်ထားခြင်းမှာ အမှန်တရားနှင့် သမိုင်းရေစီးကြောင်းဖြစ်သည်ကို လက်တွေ့က အကြိမ်ကြိမ် သက်သေပြပြီးဖြစ်ကြောင်း၊ အမှန်တရားသည် ထောက်ခံသူများပြားပြီး မတရားမှုသည် ထောက်ခံသူ နည်းပါးမည် ဖြစ်ကြောင်း၊ ဒီမိုကရက်တစ်တိုးတက်ရေးပါတီ (DPP) က ခေါင်းမာစွာ “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” ရပ်တည်ချက်ကို လက်ကိုင်ထားခြင်းသည် သမိုင်းရေစီးကြောင်းကို ရေဆန်တက်ခြင်းဖြစ်ရာ နိုင်ငံတကာအသိုက်အဝန်းတွင် နေရာတကာ အကျပ်အတည်းနှင့် ရင်ဆိုင်ရမည်သာ ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ထောက်ခံကြောင်းပြောကြားခဲ့သည့်အတွက် ကမ္ဘောဒီးယားအပေါ် “ဗီဇာ” ဟူသည့် အဆင်ပြေလွယ်ကူစေသောအစီအမံများကို ဖျက်သိမ်းမည်ဟု ထိုင်ဝမ်အာဏာပိုင်များက ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် ကမ္ဘောဒီးယားနိုင်ငံအစိုးရက ကမ္ဘောဒီးယားနိုင်ငံအနေဖြင့် ထိုင်ဝမ်ကို တရုတ်နိုင်ငံ၏ ပြည်နယ်တစ်ခုအဖြစ် အစဉ်အမြဲရှုမြင်ရာ တရုတ်တစ်နိုင်ငံတည်းအခြေခံမူအား ခိုင်မာစွာ လက်ကိုင်ထားသည့်ရပ်တည်ချက်ကို ပြောင်းလဲမည်မဟုတ်ဟု ပြောကြားခဲ့ကြောင်း၊ ထို့အပေါ် မည်သို့သုံးသပ်ပြောကြားလိုပါသနည်းဟု သတင်းထောက်တစ်ဦးက မေးမြန်းခဲ့ခြင်း ဖြစ်သည်။
ကျန်းဟန်က ကမ္ဘာပေါ်တွင် တရုတ်နိုင်ငံသည် တစ်နိုင်ငံတည်းရှိပြီး ထိုင်ဝမ်သည် တရုတ်နိုင်ငံ၏ ခွဲခြားမရသော အစိတ်အပိုင်းတစ်ခုဖြစ်ကြောင်း ပြောကြားခဲ့သည်။
ကမ္ဘောဒီးယားအစိုးရ၏ ခိုင်မာသည့်ရပ်တည်ချက်က သမိုင်းရေစီးကြောင်းနှင့် ၎င်းနိုင်ငံပြည်သူများ၏သဘောဆန္ဒနှင့် လျော်ညီကြောင်း၊ ယင်းမှာ တရုတ်တစ်နိုင်ငံတည်းမူဝါဒသည် နိုင်ငံတကာဆက်ဆံရေး၏ အခြေခံစည်းမျဉ်းနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ပြန့်သော ဘုံသဘောထားဖြစ်သည်ကို တစ်ဖန် ပြသလိုက်ခြင်း ဖြစ်ကြောင်း၊ DPP ပါတီ အာဏာပိုင်များက သက်ဆိုင်ရာနိုင်ငံများကို “ထိုင်ဝမ် သီးခြားခွဲထွက်ရေး” အတွက် နေရာလပ်ပံ့ပိုးရန် ဖိအားပေး ကြံစည်ခြင်းသည် ကိုယ့်အင်အားကိုယ်မချိန်ဆမှုနှင့် မှားယွင်းစွာ တွက်ဆမှု ဖြစ်ကြောင်း၊ ၎င်း၏ သိမ်ဖျင်းသည့် နည်းလမ်းများက မုချမသွေ ရှုံးနိမ့်မည် ဖြစ်ကြောင်း ကျင်းဟန်က ပြောကြားခဲ့သည်။
ဖိလစ်ပိုင်နိုင်ငံသည် မကြာမီရက်ပိုင်းက ရန်အိုက်သောင်စွယ်တွင် တမင်တကာ ရန်စခြင်း၊ တရုတ်ဘက် တရားဥပဒေစိုးမိုးရေးဝန်ထမ်းများကို အကြမ်းဖက်တိုက်ခိုက်ခြင်းပြုခဲ့သလို အချင်းဖြစ်ပွားပြီးနောက် အဖြစ်မှန်ကို ပုံပြောင်း၍ ချဲ့ကားပြောဆိုခဲ့ခြင်းနှင့်စပ်လျဉ်း၍ ထိုင်ဝမ်နိုင်ငံခြားရေးရာရုံးက သံယောင်လိုက်ကာ “တရုတ်ပြည်မကြီး လက်နက်ဖြင့် တိုက်ခိုက်ခြင်းအပေါ် ပြစ်တင်ရှုတ်ချကြောင်း” ပြောဆိုခဲ့သည်။ ထို့အပေါ် ကျန်းဟန်က ရန်အိုက်သောင်စွယ်တွင် ဖိလစ်ပိုင်နိုင်ငံက တမင်တကာရန်စခြင်း၊ တရုတ်နိုင်ငံ ကမ်းခြေစောင့် တရားဥပဒေစိုးမိုးရေး ရဲတပ်ဖွဲ့ဝင်များကို တိုက်ခိုက်ခြင်းကိစ္စနှင့်စပ်လျဉ်း၍ သက်ဆိုင်ရာဌာနများက ဖြစ်ရပ်မှန်ကို ဦးစွာချက်ချင်း ရှင်းလင်းပြောကြားခြင်း၊ အချင်းဖြစ်နေရာ၏ရုပ်ပုံများကို ထုတ်ပြန်ခဲ့ခြင်းအပြင် ဖိလစ်ပိုင်နိုင်ငံဘက်နှင့်လည်း အလေးအနက် ပြောဆိုခဲ့ပြီး ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ရန်အိုက်သောင်စွယ်သည် တရုတ်နိုင်ငံ နန်ရှားကျွန်းစု၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး တရုတ်နိုင်ငံ၏ နယ်မြေပိုက်နက် ဖြစ်ကြောင်း၊ DPP ပါတီ အာဏာပိုင်အနေဖြင့် အမျိုးသားရေးရပ်တည်ချက် ပျက်သုဉ်းပြီး ပြင်ပအင်အားနှင့် သံယောင်လိုက်ကာ အမှားအမှန်ကို ရောနှောပြောကြားနေခြင်း၊ တရုတ်ပြည်မကြီးကို ပုံဖျက်တိုက်ခိုက်ခြင်းသည် ၎င်း၏ မူလဇာစ်မြစ်ကို မေ့ပျောက်၍ ပြည်ပအားကိုး သီးခြားခွဲထွက်လိုခြင်း၏ သိမ်ဖျင်းယုတ်ညံ့သောသဘာဝကို ဖော်ပြနေကြောင်း ၎င်းက အလေးထား ပြောကြားခဲ့သည်။
သတင်းများအရ Taiwan Semiconductor Manufacturing Company Limited (TSMC) က အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်တွင် ကန်ဒေါ်လာ ၁၀၀ ဘီလီယံ ထပ်မံ ရင်းနှီးမြှုပ်နှံမည် ဖြစ်ရာ Foundry စက်ရုံ လေးရုံနှင့် ခေတ်မီထုပ်ပိုးရေးစက်ရုံကို ထပ်မံတည်ဆောက်ဦးမည်ဟု ခန့်မှန်းရကြောင်း၊ ယင်းကြောင့် TSMC မှ “အမေရိကန် တစ်ပိုင်းလျှပ်ကူးပစ္စည်း ထုတ်လုပ်ရေး ကုမ္ပဏီ” ဖြစ်သွားကာ ထိုင်ဝမ်၏ တစ်ပိုင်းလျှပ်ကူးပစ္စည်းထုတ်လုပ်ရေးလုပ်ငန်းသည် အခွံသာကျန်တော့မည်ကို ထိုင်ဝမ်ကျွန်းအတွင်း၌ စိုးရိမ်မှု ထပ်မံဖြစ်ပွားစေခဲ့ကြောင်း သိရသည်။
ထို့အပေါ် ကျန်းဟန်က ဖြေကြားရာတွင် DPP အာဏာပိုင်များက “အမေရိကန်အားကိုး၍ သီးခြားခွဲထွက်ရန် ကြံစည်ခြင်း ” ၊ “အမေရိကန်ကို ယို့ကျိုး၍ ထိုင်ဝမ်အား ရောင်းစားခြင်း” သည် ထိုင်ဝမ်၏ စီးပွားရေးကို ထိခိုက်နစ်နာစေပြီး ထိုင်ဝမ်၏ အားသာချက် တစ်စတစ်စ ဆုံးရှုံးသွားသည့် အပြစ်ကြီး ဖြစ်စေကြောင်း၊ ၎င်းတို့သည် နိုင်ငံရေးကိုယ်ကျိုးစီးပွားအတွက် ထုတ်လုပ်ရေးလုပ်ငန်းနယ်ပယ်က အကျိုးစီးပွားကို ထုတ်ရောင်းခြင်း၊ ထိုင်ဝမ်စီးပွားရေး အခြေခံအုတ်မြစ်ကို လစ်ဟာအောင် လုပ်ပစ်ခြင်းကြောင့် နစ်နာမှုဖြစ်ရသည်မှာ ထုတ်လုပ်ရေးလုပ်ငန်း၏ အနာဂတ်သာမက များပြားလှသော ထိုင်ဝမ်ပြည်သူများ၏ လူနေမှုဘဝများ ပို၍ပင်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
国台办:民进党当局逆历史潮流,只会在国际社会四处碰壁
新华社北京7月22日电(记者马欣然、王承昊)针对近日巴布亚新几内亚政府宣布关闭“驻巴新台北经济办事处”,国务院台办发言人张晗22日在例行新闻发布会上答问指出,我们对巴布亚新几内亚政府有关做法表示高度赞赏。事实一再证明,一个中国原则是国际关系基本准则和国际社会普遍共识,坚持一个中国原则是大义所在、大势所趋。得道多助,失道寡助。民进党当局顽固坚持“台独”分裂立场,逆历史潮流,只会在国际社会四处碰壁。
有记者问:台湾当局称,因柬埔寨发声支持一个中国,取消对柬所谓“签证”便利措施。对此,柬埔寨政府称柬方始终视台湾为中国的一个省,不会改变坚持一个中国原则的立场。请问对此有何评论?
张晗表示,世界上只有一个中国,台湾是中国不可分割的一部分。柬埔寨政府的坚定立场顺应历史潮流和本国人民的意愿,再次表明一个中国原则是国际关系基本准则和国际社会普遍共识。民进党当局企图胁迫有关国家为“台独”提供空间,自不量力、打错算盘。其卑劣伎俩注定失败。
对于菲律宾近日在仁爱礁蓄意挑衅、暴力袭击中方执法人员,事后还歪曲炒作,台外事部门竟然附和称,“谴责大陆使用武力伤人”。张晗对此表示,关于菲律宾在仁爱礁蓄意挑衅、袭击中国海警执法人员一事,有关部门已第一时间阐明了事实真相,公布了现场画面,并向菲方提出了严正交涉。
她强调,仁爱礁是中国南沙群岛的一部分,是中国领土。民进党当局丧失民族立场,附和外部势力混淆是非,攻击抹黑大陆,再次暴露了其数典忘祖、“倚外谋独”的邪恶本质。
据报道,台积电将在美国亚利桑那州加码投资1000亿美元,预估还将再建置4座晶圆厂及先进封装厂,再度引发岛内舆论对于台积电变“美积电”、台湾半导体产业将被掏空的担忧。对此,张晗答问指出,民进党当局“倚美谋独”“跪美卖台”,是损害台湾经济、导致台湾优势逐步丧失的罪魁祸首。他们为了政治私利,出卖产业界利益,掏空台湾经济根基,受害的不仅是产业的未来,更是广大台湾民众的生计。(完)
1. 6月10日,国台办发言人张晗邀请记者提问。 6月10日,国务院台湾事务办公室在北京举行例行新闻发布会。 新华社记者 潘旭 摄








