
ပေကျင်း၊ ဇူလိုင် ၂၂ ရက် (ဆင်ဟွာ)
အီရန်နိုင်ငံသည် မကြာသေးမီက အရှေ့အလယ်ပိုင်းဒေသရှိ အမေရိကန်စစ်အခြေစိုက်စခန်းများစွာကို တိုက်ခိုက်ခဲ့ရာ အမေရိကန် စစ်သည်များစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း အမေရိကန် မီဒီယာများက ဇူလိုင် ၂၀ ရက်တွင် ဖော်ပြခဲ့သည်။ ယင်းမှာ အမေရိကန်အနေဖြင့် မိမိလူများကိုပင် အကာအကွယ်မပေးနိုင်တော့ဘဲ၊ အရှေ့အလယ်ပိုင်း မဟာမိတ်များကို "ကာကွယ်စောင့်ရှောက်ပါ့မည်" ဟု မည်သို့ ဆိုနိုင်မည်နည်းကို ဖော်ပြနေကြောင်း၊ အီရန်စစ်ပွဲမှာ လပေါင်းများစွာ ကြာမြင့်လာခဲ့ပြီဖြစ်ရာ အီရန်၏ ဒုံးကျည်နှင့် ဒရုန်း လက်ကျန်ပစ္စည်းများမှာ လုံလောက်နေဆဲဖြစ်ပြီး အမေရိကန်စစ်တပ်အနေဖြင့်မူ ရင်ဆိုင်တုံ့ပြန်မှုဖြင့်သာ လက်ပန်းကျရုံရှိတော့သည်ကို အရိပ်လက္ခဏာအမျိုးမျိုးက ဖော်ပြနေကြောင်း သတင်းတွင် ဖော်ပြထားသည်။
အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ၏ ဇူလိုင် ၁၈ ရက် သတင်းများအရ ဂျော်ဒန်နိုင်ငံရှိ Muwaffaq Salti လေတပ်အခြေစိုက်စခန်းကို အီရန်နိုင်ငံက ဇူလိုင် ၁၇ ရက်တွင် တိုက်ခိုက်ခဲ့မှုကြောင့် အမေရိကန် စစ်သည် နှစ်ဦး သေဆုံးခဲ့ပြီး အခြားစစ်သည်တစ်ဦး ပျောက်ဆုံးနေကြောင်း သိရသည်။ အဆိုပါတိုက်ခိုက်မှုသည် ၂၄ နာရီအတွင်း အမေရိကန်တပ်ဖွဲ့များ ရင်ဆိုင်ခဲ့ရသည့် တိုက်ခိုက်မှု သုံးခုအနက် တစ်ခု အပါအဝင် ဖြစ်သည်။ ဒုံးကျည်သုံးစင်း ဂျော်ဒန်နိုင်ငံအခြေစိုက် အမေရိကန်တပ်ဖွဲ့များ၏ လေကြောင်းရန် ကာကွယ်ရေးစနစ်ကို ဖောက်ထွင်းဝင်ရောက်နိုင်ခဲ့ခြင်းက အရှေ့အလယ်ပိုင်းဒေသတွင် အခြေစိုက်ထားသည့် စစ်သည် ၅၀,၀၀၀ မှာ အီရန်၏ ပစ်လွှတ်သည့် ပဲ့ထိန်းဒုံးကျည်နှင့် ဒရုန်းများ၏ ခြိမ်းခြောက်မှုကို ရင်ဆိုင်နေရဆဲ ဖြစ်သည်ကို ပြသနေကြောင်း The Wall Street Journal က ဇူလိုင် ၂၀ ရက်တွင် သတင်းဖော်ပြထားသည်။
အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Sean Parnell က လွန်ခဲ့သည့် သီတင်းပတ်နှစ်ပတ်အတွင်း အမေရိကန် စစ်သည် တစ်ရာနီးပါးသည် အီရန်စစ်ပွဲကြောင့် ဒဏ်ရာရရှိခဲ့ကြောင်း ဇူလိုင် ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။ ဤထိခိုက်ဒဏ်ရာရမှု ကိန်းဂဏန်းများမှာ ယခုလအတွင်း အီရန်နိုင်ငံက အမေရိကန်၏ စစ်ဘက်ဆိုင်ရာ အဆောက်အအုံများအပေါ် ပြင်းပြင်းထန်ထန် တိုက်ခိုက်ခဲ့မှု၏ အတိုင်းအတာကို ပေါ်လွင်စေကြောင်း အမေရိကန် မီဒီယာများက သုံးသပ်ဖော်ပြကြသည်။

မကြာသေးမီက အီရန်စစ်ပွဲနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို အမည်မဖော်လိုသည့် အမေရိကန် အရာရှိများထံမှတစ်ဆင့် ပိုမိုထုတ်ဖော်ပြောကြားလာကြကြောင်း၊ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက သက်ဆိုင်ရာ သတင်းစာရှင်းလင်းပွဲကို မပြုလုပ်ခဲ့သည်မှာ နှစ်လကျော် ကြာမြင့်ခဲ့ပြီဖြစ်ပြီး ကာကွယ်ရေးဝန်ကြီး Pete Hegseth ကလည်း အမေရိကန်နှင့် အီရန်တို့ တစ်ကျော့ပြန် ပဋိပက္ခဖြစ်ပွားရခြင်း၏ နောက်ကွယ်မှ ချိန်ဆတွက်ချက်မှုများကို ရှင်းလင်းပြောကြားခြင်း မရှိကြောင်းကို မီဒီယာအချို့က သတိပြုမိကြသည်။ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန၏ နောက်ဆုံးအကြိမ် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ခြင်းမှာ မေလ ၅ ရက်က ဖြစ်သည်။
အမေရိကန်နှင့် အီရန် သည် ရက်ပေါင်းဆက်တိုက်ဆိုသလို အပြန်အလှန် တိုက်ခိုက်မှုများ ဆက်လက်လုပ်ဆောင်နေကြသော်လည်း ကာကွယ်ရေးဝန်ကြီး Pete Hegseth မှာမူ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ၏ အကျဉ်းချုပ် ထုတ်ပြန်ချက်ကိုသာ ပြန်လည်မျှဝေခဲ့သည်။
ကာကွယ်ရေးဝန်ကြီးဌာနသည် ယခင်က အမေရိကန်စစ်တပ်၏ စစ်ရေးလှုပ်ရှားမှု အခြေအနေများကို ပုံမှန် သတင်းစာရှင်းလင်းပွဲများ ပြုလုပ်၍ အသိပေးလေ့ရှိကြောင်း၊ သို့သော်လည်း အရိပ်လက္ခဏာအမျိုးမျိုးတွင် အမေရိကန် အစိုးရအနေဖြင့် သတင်းအချက်အလက်များကို ရည်ရွယ်ချက်ရှိရှိ ထိန်းချုပ်ပြီး အီရန်စစ်ပွဲနှင့် ပတ်သက်သည့် စူးရှသော မေးခွန်းများအား ရှောင်ရှားနေသည်ကို ပြသကြောင်း အမေရိကန် CNN သတင်းဌာနက သတင်းဖော်ပြခဲ့သည်။
AFP သတင်းထောက်က ဇူလိုင် ၁၉ ရက်တွင် အမေရိကန်သမ္မတ ထရမ့်အား " အီရန်နဲ့ပတ်သက်ပြီး သမ္မတကြီးအနေနဲ့ စစ်ပွဲစတင်ချိန်မှာ ဒီစစ်ပွဲဟာ သီတင်းပတ် လေးပတ်ကနေ ငါးပတ်လောက်အထိ ကြာမြင့်မယ်လို့ ပြောခဲ့ဖူးပါတယ်..." ဟု မေးမြန်းခဲ့ရာတွင် ထရမ့်က ကြားဖြတ်၍ "ကျုပ်တို့အနေနဲ့ အခု ပိုပြီးကြီးမားတဲ့ အတိုင်းအတာနဲ့ လှုပ်ရှားမှုတွေ လုပ်ဆောင်နေပါပြီ" ဟု ဖြေကြားခဲ့သည်။
အမေရိကန် အရာရှိတစ်ဦးကလည်း လွန်ခဲ့သည့် သီတင်းပတ်ကုန်ရက်က The Washington Post သတင်းထောက်အား အမေရိကန်အနေဖြင့် ပိုမိုကြီးမားသော စစ်ရေးလှုပ်ရှားမှုများကို ပြင်ဆင်နေကြောင်း ပြောကြားခဲ့ပြီး "လှုပ်ရှားမှုတွေရဲ့ လုံခြုံမှုကို အာမခံဖို့အတွက် ကျွန်တော်တို့မှာ လုံလောက်တဲ့ အရင်းအမြစ်တွေ မရှိပါဘူး" ၊ "အိမ်ဖြူတော်က ဒီအချက်ကို သဘောပေါက်မိလိမ့်မယ်လို့ ကျွန်တော် မထင်ဘူး" ဟု သတိပေးပြောကြားခဲ့သည်။ (Xinhua)
--------------------------------------------------------------------------------------
(Chinese Version)
美媒称美国“护不住”驻中东美军
新华社北京7月22日电 美国媒体20日报道,伊朗最近袭击中东地区多个美军基地,导致大量美军人员伤亡。这表明,美国连自己人都“护不住”,何谈“罩得住”中东盟友。伊朗战事延宕数月,各种迹象显示,伊朗的导弹和无人机库存依然充足,而美军只能疲于应对。
据美军中央司令部18日通报,伊朗17日对约旦穆沃费格萨勒提空军基地的袭击导致两名美军士兵死亡,另有一名士兵失踪。这起袭击是24小时内美军遭到的三起袭击之一。《华尔街日报》20日报道,三枚导弹突破驻约旦美军的防空系统表明,部署在中东地区的5万军人仍面临伊朗弹道导弹和无人机威胁。
美国国防部发言人肖恩·帕内尔20日证实,过去两周,已有近百名美军人员在伊朗战事中受伤。美国媒体认为,这一伤亡数字凸显本月以来伊朗对美国军事设施打击的猛烈程度。
一些媒体注意到,近期有关伊朗战事的消息更多经由不愿公开姓名的美国官员披露,美国国防部已有两个多月没有召开相关记者会,国防部长赫格塞思也没有解释美国与伊朗再度爆发冲突的背后考量。美国国防部上一次召开记者会还是在5月5日。
美伊连日来持续互袭,赫格塞思只转发美军中央司令部的简短声明。美国有线电视新闻网(CNN)报道,国防部以往会定期召开记者会通报美军军事行动的情况,然而种种迹象表明,美国政府正在有意控制信息、回避与伊朗战事有关的尖锐问题。
法新社记者19日向美国总统特朗普提问:“有关伊朗,总统先生,你在战事爆发时说,战事会持续四至五周……”特朗普打断说:“我们现在正在开展规模更大的行动。”
一名美国官员上周末也告诉《华盛顿邮报》记者,美国正准备规模更大的军事行动,同时警告说,“我们没有足够资源确保行动安全”“我不认为白宫意识到了这点”。(包雪琳)
1. 7月19日,在约旦亚喀巴,导弹掉落引起烟尘。新华社发
2. 这是从空中拍摄的美国国防部所在地五角大楼(2020年2月19日摄)。新华社记者刘杰摄







