
တိုကျို၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)
ဂျပန်အစိုးရက ယခုနှစ်အတွင်း ပြင်ဆင်ရန် စီစဉ်ထားသော “လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းသုံးခု” အနက်တစ်ခု ဖြစ်သည့် “ကာကွယ်ရေးအင်အား ကြိုတင်ပြင်ဆင်မှု အစီအစဉ်” ၏ လမ်းညွှန်မူဝါဒကို ကနဦး အတည်ပြုပြီး ဖြစ်ကာ ၎င်းတွင် “တန်ပြန်တိုက်ခိုက်နိုင်စွမ်း” ဟူသည်ကို အားကောင်းစေရေးအတွက် ရေတပ်သင်္ဘောများပေါ်တွင် တင်ဆောင်နိုင်သည့် တာဝေးပစ် သင်္ဘောဖျက်ဒုံးကျည် အသစ်များ တင်သွင်းရန် အဆိုပြုထားကြောင်း ဂျပန်နိုင်ငံ Kyodo သတင်းဌာန၏ နိုဝင်ဘာ ၂၅ ရက် ဖော်ပြချက်အရ သိရသည်။
သတင်းဖော်ပြချက်အရ သင်္ဘောဖျက်ဒုံးကျည်အသစ်အနေဖြင့် သေတ္တာပုံသဏ္ဌာန် ပစ်လွှတ်ကိရိယာကို အသုံးပြုမည် ဖြစ်ပြီး ဂျပန်နိုင်ငံက ၎င်းကို ရေတပ်သင်္ဘောအမျိုးမျိုးတွင် တပ်ဆင်အသုံးပြုနိုင်မည့် နည်းလမ်းများကို ရှာဖွေသွားမည်ဖြစ်ကြောင်း၊ ထို့အပြင် ဂျပန်သည် အာကာသအတွင်း အလယ်အလတ် ကမ္ဘာပတ်လမ်းကြောင်းမှတစ်ဆင့် အဆက်မပြတ် စောင့်ကြည့်ထောက်လှမ်းနိုင်သည့် စနစ်ကို ဖြန့်ကြက်ရန် စီစဉ်ထားပြီး ကျယ်ပြန့်သောဒေသများအပေါ် အဆက်မပြတ် စောင့်ကြည့်ထောက်လှမ်းကာ ရန်သူ၏ ရေတပ်သင်္ဘောများကို ရှာဖွေတွေ့ရှိနိုင်စွမ်းကို မြှင့်တင်ရန် စီစဉ်ထားကြောင်း သိရသည်။
မူဝါဒသစ်အရ လိုအပ်သော တိုက်ခိုက်ရေးစွမ်းရည်ကို ထိန်းသိမ်းထားနိုင်ရန်အတွက် ဂျပန်နိုင်ငံသည် ၎င်း၏ လေယာဉ်များနှင့် ရေယာဉ်များ၏ တာဝန်ထမ်းဆောင်မှုကို တိုးမြှင့်သွားမည်ဖြစ်ပြီး အရေးပါသော အခြေခံအဆောက်အအုံများကို ဆိုက်ဘာတိုက်ခိုက်မှုများမှ ကာကွယ်နိုင်ရေးကိုလည်း ခိုင်မာအောင် ဆောင်ရွက်သွားမည်ဖြစ်သည်။ ထို့အပြင် ယင်းမူဝါဒတွင် ဂျပန်နှင့် အမေရိကန်တို့ ပူးတွဲစစ်ဆင်ရေး လုပ်ဆောင်ရေးအတွက် ဉာဏ်ရည်တု (AI) အသုံးချမှုသည် မရှိမဖြစ် လိုအပ်ကြောင်း ဖော်ပြထားပြီး ဗဟိုပြု ရင်းနှီးမြုပ်နှံမှုဖြင့် ဉာဏ်ရည်တု စက်မှုလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးကို တွန်းအားပေးရန် အဆိုပြုထားသည်။
“ကာကွယ်ရေးအင်အား ကြိုတင်ပြင်ဆင်မှု အစီအစဉ်” ဗာရှင်းအသစ်တွင် ဂျပန် ဝယ်ယူရန် စီစဉ်ထားသည့် အဓိက ကာကွယ်ရေး လက်နက်ကိရိယာများနှင့် ၂၀၂၇ မှ ၂၀၃၁ ဘဏ္ဍာနှစ်အထိ စုစုပေါင်း ကာကွယ်ရေး အသုံးစရိတ်ကို ရှင်းလင်းစွာ ဖော်ပြမည် ဖြစ်သည်။ ဂျပန်မီဒီယာများ၏ ယခင်ဖော်ပြချက်အရ ဂျပန် ကာကွယ်ရေးဝန်ကြီးဌာနက လာမည့် ၅ နှစ်အတွက် လိုအပ်သည့် ကာကွယ်ရေး အသုံးစရိတ်မှာ ယန်း ၇၀ ထရီလီယံမှ ၈၀ ထရီလီယံအထိ ဖြစ်သည်ဟု တွက်ချက်ထားပြီး လက်ရှိ အစီအစဉ်၏ ယန်း ၄၃ ထရီလီယံခန့်ထက် သိသိသာသာ တိုးမြှင့်သွားမည်ဖြစ်သော်လည်း ဂျပန်အစိုးရ၏ အခြားဌာနများက ယင်းအပေါ် သတိထားသော သဘောထားရှိကြကြောင်း၊ လက်ရှိတွင် ဂျပန်အစိုးရအတွင်းပိုင်း၌ ကာကွယ်ရေး အသုံးစရိတ်အတွက် နောက်ဆုံး ပမာဏကို ညှိနှိုင်းနေဆဲ ဖြစ်ကြောင်း သိရသည်။
ဂျပန်အစိုးရက “လုံခြုံရေးဆိုင်ရာ စာရွက်စာတမ်းသုံးရပ်” ကို ပြင်ဆင်ခြင်းဖြင့် စစ်လက်နက်ပစ္စည်း သိသိသာသာ တိုးချဲ့ရန် ကြိုးပမ်းမှုနှင့် ပတ်သက်၍ ဂျပန် Akahata သတင်းစာက ယင်းသည် “အရှေ့မြောက်အာရှဒေသ၏ စစ်ရေးတင်းမာမှုကို ပိုမိုဆိုးရွားစေပြီး လက်နက်ကြိုတင်ပြင်ဆင်ရေး ပြိုင်ဆိုင်မှုကို ပိုမိုပြင်းထန်စေကာ တစ်ချိန်တည်းမှာပင် ဂျပန်၏ စီးပွားရေးနှင့် ပြည်သူ့ လူထိုင်မှုဘဝအပေါ် ပြင်းထန်စွာ သက်ရောက်မှု ရှိမည်” ဟု ယခင်က ထောက်ပြခဲ့သည်။ ထို့အပြင် ဂျပန် ပြည်သူ အများအပြားသည် လတ်တလော ဆန္ဒပြလှုပ်ရှားမှုများတွင်လည်း ကုန်ဈေးနှုန်းများ စဉ်ဆက်မပြတ် မြင့်တက်နေပြီး ပြည်သူများ၏ နေထိုင်မှု ဝန်ထုပ်ဝန်ပိုး ပိုမိုလေးလံလာနေသည့် နောက်ခံအခြေအနေတွင် အစိုးရအနေဖြင့် အရင်းအနှီးများကို စစ်လက်နက်ပစ္စည်း တိုးချဲ့ခြင်းမဟုတ်ဘဲ ပြည်သူ့ လူနေမှုဘဝ တိုးတက်ကောင်းမွန်စေရေးအတွက် ပိုမိုအသုံးပြုသင့်သည်ဟု ဖော်ပြခဲ့ကြသည်။ (Xinhua)
..............................
(Chinese Version)
日媒:日本拟引进新型远程反舰导弹
新华社东京11月26日电(记者李子越 陈泽安)据日本共同社25日报道,日本政府计划于年内修订的“安保三文件”之一——《防卫力整备计划》的指导方针已初步明确,其中提出引进可搭载在舰艇上的新型远程反舰导弹,以强化所谓“反击能力”。
报道称,新型反舰导弹将采用箱式发射装置,日本将研究使其适配于多种舰艇。此外,日本还计划在太空部署中轨道持续监视系统,对大范围区域实施持续监视,提高对敌方舰艇探测能力等。
根据新方针,为维持必要战力,日本还将延长飞机、舰船服役期限,加强保护重要基础设施免受网络攻击的能力。此外,该方针称人工智能的应用对于日本与美方开展联合作战也不可或缺,并提出通过集中投资推动人工智能产业发展。
新版《防卫力整备计划》将明确日本拟采购的主要防卫装备及2027至2031财年的防卫费总额。据日本媒体此前报道,日本防卫省测算未来5年所需防卫费为70万亿至80万亿日元,较现行计划的约43万亿日元大幅增加,但日本政府其他部门对此持谨慎态度。目前,日本政府内部仍在就防卫费最终规模进行协商。
针对日本政府拟借修订“安保三文件”大幅扩充军备的做法,日本《赤旗报》此前指出,这将“加剧东北亚地区军事紧张局势,激化军备竞赛,同时严重冲击日本经济和国民生活”。此外,不少日本民众近期在相关抗议活动中也表示,在物价持续上涨、民众生活负担加重背景下,政府应将更多资金用于改善民生,而非扩充军备。(完)
图说:这是1月19日在日本东京拍摄的国会外景。新华社记者 贾浩成 摄








