ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တွင် ကျင်းပသည့် ကိုရင်သီယန်စ်အသင်းနှင့် ဖလာမင်ဂိုအသင်းတို့၏ စူပါကိုပါဒိုဘရာဇီးဗိုလ်လုပွဲစဉ်အတွင်း ကိုရင်သီယန်စ်အသင်းမှ မားသီးယပ်စ်ဘီဒူ (ဘယ်) ဖလာမင်ဂိုအသင်းမှ လူးကပ်စ်ပါကွက်တာထံမှ ဘောလုံးရယူရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဘရာဇီးနိုင်ငံ ဘရာဇီးလီးယားမြို့တွင် ကျင်းပသည့် ကိုရင်သီယန်စ်အသင်းနှင့် ဖလာမင်ဂိုအသင်းတို့၏ စူပါကိုပါဒိုဘရာဇီးဗိုလ်လုပွဲစဉ်အတွင်း ကိုရင်သီယန်စ်အသင်းမှ မားသီးယပ်စ်ဘီဒူ (ဘယ်) ဖလာမင်ဂိုအသင်းမှ လူးကပ်စ်ပါကွက်တာထံမှ ဘောလုံးရယူရန် ကြိုးပမ်းနေသည်ကို ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရီယိုဒီဂျနေးရိုး၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

အာဂျင်တီးနားကွင်းလယ်ကစားသမား သောမတ်စ်‌ကွေလိုက အချိန်ပိုတွင် ဂိုးသွင်းယူနိုင်ခဲ့သောကြောင့် ကစားသမား ၁၀ ဦးသာကျန်ရှိသည့် အက်သလက်တီကိုမင်နဲရိုးအသင်းသည် နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်သည့် ဘရာဇီးစီးရီးအေ ပွဲစဉ်တွင် ကိုရင်သီယန်စ်အသင်း ကို အိမ်ကွင်း၌ ၁-၁ ဂိုးဖြင့် သရေကစားနိုင်ခဲ့သည်။

သီယေဂိုဘော်ဘတ်စ်က ပွဲချိန် ၆၆ မိနစ်တွင် ကိုင်ယိုဆီဇာအပေါ် ကြမ်းတမ်းစွာပြစ်ဒဏ်ကျူးလွန်ခဲ့သဖြင့် တိုက်ရိုက်အနီကတ်ပြ အထုတ်ခံခဲ့ရပြီး အက်သလက်တီကိုအသင်း ကစားသမား ၁၀ ဦးသာ ကျန်ရှိခဲ့ခြင်းဖြစ်သည်။

နောက်ထပ် လေးမိနစ်အကြာ၌ ဧည့်သည် ကိုရင်သီယန်အသင်းသည် ဖေဘရီဇီယိုအန်ဂျီလာရီ၏ ဖြတ်တင်ပေးပို့သည့်ဘောလုံးကို ဆီဇာက ဂိုးတိုင်ညာဘက်အောက်ထောင့်သို့ ခေါင်းတိုက်သွင်းယူကာ ဦးဆောင်ဂိုး ရယူခဲ့သည်။

သို့သော် ကွေလိုသည် အသာစီးမရသည့် ပွဲအခြေအနေကိုဆန့်ကျင်လျက် အလက်ဆန်းဒါးနှင့် တွဲဖက်ကစားပြီးနောက် အခွင့်အရေးကို ထိထိရောက်ရောက်အသုံးချကာ ဂိုးသမားဟူဂိုဆူဇာကို ကျော်၍ ချေပဂိုး ပြန်လည်သွင်းယူနိုင်ခဲ့သည်။

နှစ်သင်းစလုံးအတွက် ပွဲစဉ် ၂ ပွဲသာ ကျန်ရှိတော့သည့်အချိန်တွင် ယခုပွဲရလဒ်ကြောင့် အက်သလက်တီကို အသင်းသည် အသင်း ၂၀ ပါဝင်သည့် အမှတ်ပေးဇယားတွင် ရမှတ် ၅၂ မှတ်ဖြင့် အဆင့် ၇ နေရာ၌ ရှိနေပြီး အဆင့် ၁၅ နေရာမှ ကိုရင်သီယန်စ်အသင်းထက် ၁၁ မှတ်အသာ ရရှိထားသည်။ (Xinhua)

…………….

(English Version)

Late Cuello goal rescues 10-man Atletico against Corinthians

RIO DE JANEIRO, Nov. 25 (Xinhua) -- Argentine midfielder Tomas Cuello scored in stoppage time to earn 10-man Atletico Mineiro a 1-1 home draw with Corinthians in Brazil's Serie A on Wednesday.

Atletico was reduced to 10 men in the 66th minute when Thiago Borbas was shown a straight red card for a bad foul on Kaio Cesar.

The visitors went ahead four minutes later through Cesar, who latched onto Fabrizio Angileri's cross with a header into the bottom-right corner.

Cuello equalized against the run of play with a clinical finish past goalkeeper Hugo Souza after combining with Alexsander.

The result leaves Atletico seventh in the 20-team standings with 52 points, 11 ahead of 15th-placed Corinthians with two matchdays remaining.

Photo caption: Matheus Bidu (L) of Corinthians challenges Lucas Paqueta of Flamengo for the ball during the 2026 Supercopa do Brasil final match between Corinthians and Flamengo in Brasilia, Brazil, Feb. 1, 2026. (Photo by Lucio Tavora/Xinhua)