ပေကျင်း၊ နိုဝင်ဘာ ၂၆ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံတကာရေးရာဌာန အကြီးအကဲ လျိုဟိုင်ရှင်းသည် နိုဝင်ဘာ ၂၅ ရက်တွင် ပေကျင်းမြို့၌ မြန်မာနိုင်ငံ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးအောင်စိုး ဦးဆောင်သော ကေဒါလေ့လာရေး ကိုယ်စားလှယ်အဖွဲ့နှင့် ကျူးဘားကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးဌာန အတွင်းရေးမှူး၊ ဗဟိုစီးပွားရေးနှင့် ထုတ်လုပ်ရေးဌာန အကြီးအကဲ Jorge Luis Broche Lorenzo ဦးဆောင်သည့် ပါတီကေဒါလေ့လာရေး ကိုယ်စားလှယ်အဖွဲ့တို့နှင့် သီးခြားစီတွေ့ဆုံခဲ့ပြီး နှစ်ဖက်အကြီးအကဲများ သဘောတူညီချက်ကို အကောင်အထည်ဖော်ဆောင်ရေး၊ ပါတီများအကြား ပူးပေါင်းဖလှယ်မှု မြှင့်တင်ရေး စသည်တို့နှင့်စပ်လျဉ်း၍ သဘောထားအမြင်ချင်း ဖလှယ်ခဲ့ကြကြောင်း သိရသည်။ (Xinhua)

---------------------

(Chinese Version)

刘海星分别会见缅甸、古巴客人

新华社北京11月25日电 11月25日,中共中央对外联络部部长刘海星在北京分别会见由副总书记昂梭率领的缅甸联邦巩固与发展党干部考察团和由古共中央书记处书记、中央经济与生产部部长布洛切率领的古巴共产党干部考察团,就落实双方领导人共识、加强党际交流合作等交换意见。(完)