
ဂျကာတာ၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)
အင်ဒိုနီးရှားနိုင်ငံ မာလူကူပြည်နယ်အနီးရှိပင်လယ်ပြင်တွင် နိုဝင်ဘာ ၂၁ ရက်မွန်းလွဲပိုင်းက ပြင်းအား ၇.၂ ရှိသည့် ငလျင်တစ်ခုလှုပ်ခတ်ခဲ့ပြီး ဆူနာမီအန္တရာယ်မရှိကြောင်း အင်ဒိုနီးရှားမိုးလေဝသဌာန၏ ကနဦးအစီရင်ခံစာတွင်ဖော်ပြထားမှုအရ သိရသည်။
အဆိုပါငလျင်သည် ဂျကာတာစံတော်ချိန် ညနေ ၄:၄၂နာရီ (ဂရင်းနစ်စံတော်ချိန် ၀၉:၄၂နာရီ)တွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်။ ငလျင်၏ဗဟိုချက်မှာ မာလူကူဘာရတ်ဒါယာခရိုင်၏ အနောက်မြောက်ဘက် ၄၃ ကီလိုမီတာခန့်အကွာ ပင်လယ်ပြင်ရှိ မြေအောက်အနက် ၁၂၅ ကီလိုမီတာတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်သည်ဟု မိုးလေဝသ၊ ရာသီဥတုနှင့် ဘူမိရူပဗေဒဆိုင်ရာအေဂျင်စီ (BMKG)၏ အဆိုအရ သိရသည်။
နောက်ဆက်တွဲငလျင်များလည်း လှုပ်ခတ်လာနိုင်ခြင်းကြောင့် ဒေသခံများအနေဖြင့် သတိပြုနေထိုင်ကြရန် အဆိုပါအေဂျင်စီက တိုက်တွန်းထားသည်။
အဆိုပါငလျင်ကြောင့် လက်ရှိအချိန်အထိ ထိခိုက်ဒဏ်ရာရရှိ၊ သေဆုံးမှု သို့မဟုတ် ပျက်စီးဆုံးရှုံးမှုသတင်းများကို မသိရသေးပေ။ အချက်အလက်များထပ်မံရရှိလာပါက ငလျင်နှင့်ပတ်သက်သည့် ကနဦးအချက်အလက်များကို ပြန်လည်ပြင်ဆင်သတ်မှတ်နိုင်သည်ဟု BMKG က ထုတ်ပြန်ထားသည်။ (Xinhua)
.........................................
(English version)
Magnitude-7.2 earthquake strikes Indonesia's Maluku, no tsunami threat
JAKARTA, Nov. 21 (Xinhua)
A magnitude-7.2 earthquake struck waters off Indonesia's Maluku province on Saturday afternoon, but posed no tsunami threat, the country's meteorological agency said in an initial report.
The quake occurred at 4:42 p.m. Jakarta time (0942 GMT). Its epicenter was at sea, about 43 km northwest of Maluku Barat Daya Regency, at a depth of 125 km, according to the Meteorology, Climatology and Geophysics Agency (BMKG).
The agency urged residents to remain alert for possible aftershocks.
There were no immediate reports of casualties or damage. BMKG said the earthquake's preliminary parameters could be revised as more data became available. ■
Photo caption: This photo taken on Aug. 27, 2024 shows rescuers in operation at flood-hit Rua village in Ternate, North Maluku, Indonesia. (Photo by Rifki Anwar/Xinhua)








