လော့စ်အိန်ဂျလိစ်၊ နိုဝင်ဘာ ၂၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်၊ စထရက်သ်မိုးမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် ပုဂ္ဂလိကဂီတဖျော်ဖြေပွဲတစ်ခုတွင် နိုဝင်ဘာ ၂၁ ရက်က ပစ်ခတ်မှုတစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၉ ဦး ဒဏ်ရာရရှိခဲ့ကာ ၎င်းတို့အနက် နှစ်ဦး၏ အခြေအနေမှာ စိုးရိမ်ရသည်ဟု ဒေသတွင်းမီဒီယာများကဖော်ပြသည်။

ပစ်ခတ်မှုဖြစ်ပွားချိန်တွင် အဆိုပါပွဲ၌ လူ ၁၀၀ ခန့်ရှိနေခဲ့သည်ဟု ဥပဒေစိုးမိုးရေးအာဏာပိုင်များကို ကိုးကား၍ ABC30 သတင်းဌာနက ဖော်ပြသည်။

အဆိုပါပစ်ခတ်မှုသည် ရာဇဝတ်ဂိုဏ်းများအကြားမှ ပဋိပက္ခတစ်ခုနှင့် ဆက်စပ်ဖွယ်ရှိသည်ဟု ရဲတပ်ဖွဲ့ကပြောကြားသည်။  (Xinhua)

......................................

(English version)

9 people injured in shooting during private concert in California

LOS ANGELES, Nov. 21 (Xinhua) Nine people were injured, two critically, in a shooting Saturday at a private concert in Strathmore, the U.S. state of California, local media reported.

About 100 people were attending the event when the shooting took place, ABC30 News said, citing law enforcement.

Police said the shooting appeared to be linked to a conflict between criminal groups. ■