တီဟီရန်၊ ဧပြီ၂၀ ရက် (ဆင်ဟွာ)
အီရန်အနေဖြင့် စစ်ပွဲလုံးဝပြီးဆုံး၍ ဒေသတွင်း ရေရှည်တည်တံ့သော ငြိမ်းချမ်းရေးရရှိသည်အထိ ဟော်မုဇ်ရေလက်ကြား သွားလာရေးကို စောင့်ကြည့်ထိန်းချုပ်ရန် စိတ်ပိုင်းဖြတ်ထားသည်ဟု အီရန် ထိပ်တန်းအမျိုးသားလုံခြုံရေးကောင်စီ (SNSC) အတွင်းရေးမှူးရုံးက အမေရိကန်နှင့် စေ့စပ်ညှိနှိုင်းမှုများ၏ နောက်ဆုံးတိုးတက်မှုနှင့် စပ်လျဉ်း၍ ကြေညာချက် ထုတ်ပြန်ခဲ့ကြောင်း အီရန် Nour သတင်းဌာန၏ ဧပြီ ၁၈ ရက်တွင် ဖော်ပြချက်အရ သိရသည်။ အကယ်၍ ရန်သူသည် စစ်မျက်နှာအားလုံး၌ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက်ကို လိုက်နာပါက အပစ်အခတ်ရပ်စဲရေးကာလ မကုန်ဆုံးမီ ဟော်မုဇ်ရေလက်ကြားအား သတ်မှတ်ချက်များဖြင့် ယာယီ ဖွင့်လှစ်ပေးမည်ဖြစ်ပြီး သင်္ဘောအားလုံးသည် အီရန်လက်နက်ကိုင်တပ်ဖွဲ့၏ ထိန်းချုပ်မှုနှင့် ခွင့်ပြုချက်အောက်တွင် အီရန်မှ သတ်မှတ်ထားသော ရေလမ်းကြောင်းများအတိုင်း သွားလာရမည်ဟု ကြေညာချက်တွင် ဖော်ပြထားသည်။အီရန်နိုင်ငံသည် အောက်ပါနည်းလမ်းများဖြင့် စောင့်ကြည့်ထိန်းချုပ်သွားမည်ဖြစ်သည်။ ယင်းတို့မှာ ဖြတ်သန်းသွားလာမည့် သင်္ဘော၏ သတင်းအချက်အလက် အပြည့်အစုံ ရယူခြင်း၊ အီရန်မှထုတ်ပြန်သော စည်းမျဉ်းများနှင့်အညီ ခွင့်ပြုချက်များထုတ်ပေးခြင်း၊ သက်ဆိုင်ရာ သင်္ဘောများအနေဖြင့် လုံခြုံရေး၊ ဘေးကင်းရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ဆောင်မှုများနှင့် သက်ဆိုင်သည့် အခကြေးငွေများကို ပေးဆောင်ပြီး အီရန်မှထုတ်ပြန်သော ရေလမ်းကြောင်းများအတိုင်း လိုက်နာဖြတ်သန်းခြင်းတို့ဖြစ်သည်။ထို့အပြင် ရန်သူဘက်က သင်္ဘောများဖြတ်သန်းသွားလာမှုကို နှောင့်ယှက်ရန် ကြိုးပမ်းခြင်း၊ ပင်လယ်ပိတ်ဆို့မှုကဲ့သို့သော လုပ်ရပ်များကို ပြုလုပ်ပါက အီရန်အနေဖြင့် အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်သည်ဟု သတ်မှတ်မည်ဖြစ်ပြီး ဟော်မုဇ်ရေလက်ကြား၏ သတ်မှတ်ချက်နှင့် အကန့်အသတ်ဖြင့် ဖွင့်လှစ်မှုကို တားဆီးမည်ဖြစ်သည်။ပါကစ္စတန်တပ်မတော် စစ်ဦးစီးချုပ် မကြာသေးမီရက်က တီဟီရန်မြို့သို့ အလည်အပတ်သွားရောက်စဉ်အတွင်း အမေရိကန်ဘက်က အဆိုပြုချက်အသစ်များကို အဆိုပြုခဲ့ကြောင်းလည်း ကြေညာချက်တွင် ဖော်ပြထားသည်။ အီရန်သည် ဤအဆိုပြုချက်များကို စဉ်းစားလျက်ရှိသော်လည်း တုံ့ပြန်မှု မရှိသေးပေ။ (Xinhua)
………………………………..
(Chinese Version)
伊朗:对霍尔木兹海峡进行监控直至战争彻底结束新华社德黑兰4月18日电 据伊朗光明通讯社18日报道,伊朗最高国家安全委员会秘书处就与美国谈判的最新进展发表声明说,伊朗决心对霍尔木兹海峡的交通进行监督和控制,直至战争彻底结束、地区实现持久和平。声明说,如果敌人遵守所有战线的停火协议,霍尔木兹海峡将在停火期结束前暂时有条件地开放,所有船只均须在伊朗武装部队的控制和许可下,并沿伊朗指定的航线航行。伊朗将通过以下方式实施监督和控制:接收过往船只的完整信息;根据伊朗公布的规定签发通行证;相关船只支付与安保、安全和环境保护服务相关的费用,并遵守伊朗公布的航线。此外,只要敌方企图干扰船只通行并采取诸如海上封锁等手段,伊朗将视其为违反停火,并将阻止霍尔木兹海峡有条件和有限度地开放。声明还说,近日在巴基斯坦陆军参谋长访问德黑兰期间,美国方面提出了新的方案。伊朗正在考虑这些方案,但尚未作出回应。(完)图说:这是2025年2月19日拍摄的霍尔木兹海峡的资料照片。新华社记者 汪强
အီရန်အနေဖြင့် စစ်ပွဲလုံးဝပြီးဆုံးသည်အထိ ဟော်မုဇ်ရေလက်ကြားကို စောင့်ကြည့်ထိန်းချုပ်သွားမည်
MORE NEWS

အမေရိကန်က အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်
အမေရိကန်နိုင်ငံ မြို့တော်ဝါရှင်တန်ရှိ အိမ်ဖြူတော် တောင်ဘက်မြက်ခင်းပြင်၌ သတင်းမီဒီယာများအား ရှင်းလင်းပြောကြားနေသည့် အမေရိကန် သမ္မတ ဒေါ်နယ်ထရမ့်အား ၂၀၂၆ ခုနှစ် မေ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ဝါရှင်တန်/တီဟီရန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)အမေရိကန် ဗဟိုကွပ်ကဲမှုဌာနချုပ်က ပစ်မှတ်ပေါင်း ၁၄၀ ခန့်ကို တိုက်ခိုက်ခဲ့ပြီးနောက် ယခုသီတင်းပတ်အတွင်း အီရန်အား တတိယအကြိမ် တိုက်ခိုက်မှုများ ပြီးမြောက်ခဲ့ကြောင်း ဇူလိုင် ၁၂ ရက်၌ ပြောကြားခဲ့သည်။အဆိုပါ ပစ်မှတ်များအနက် ဒုံးကျည်နှင့် ဒရုန်းပစ်လွှတ်ရာနေရာများ၊ လက်နက်ခဲယမ်း သိုလှော
Read Full Story

တရုတ်နိုင်ငံ၏ ထိပ်တန်း နိုင်ငံရေးအတိုင်ပင်ခံပုဂ္ဂိုလ်က စက်မှုလုပ်ငန်းစနစ် ခေတ်မီအသွင်ပြောင်းခြင်းကို အလေးထားပြောဆို
တရုတ်ကွန်မြူနစ်ပါတီ (CPC) ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းကော်မတီဝင်၊ တရုတ်ပြည်သူ့နိုင်ငံရေးအတိုင်ပင်ခံကွန်ဖရင့် (CPPCC) ပြည်လုံးဆိုင်ရာကော်မတီ ဥက္ကဋ္ဌ ဝမ်ဟုနင်က CPC မဟုတ်သော နိုင်ငံရေးပါတီများ၏ ဗဟိုကော်မတီများ၊ တရုတ်ပြည်လုံးဆိုင်ရာ ကုန်သွယ်ရေးနှင့် စက်မှုလုပ်ငန်းအသင်းချုပ်တို့၏ သုတေသနပြု လေ့လာတွေ့ရှိချက်များကို အဓိကထားလျက် တရုတ်နိုင်ငံ မြို့တော်ပေကျင်း၌ ကျင်းပသည့် စက်မှုလုပ်ငန်းစနစ် ခေတ်မီအသွင်ပြောင်းခြင်းဆိုင်ရာ အကြံပြုဆွေးနွေးပွဲတွင် အမှာစကားပြောကြားနေပုံကို ၂၀၂၆ ခုနှစ် ဇူလိုင် ၁၀ ရက်က တ
Read Full Story

အယ်လ်ဗာရက်ဇ်နှင့် မာတီနက်ဇ်တို့က အနိုင်ဂိုးများသွင်းယူကာ အာဂျင်တီးနားအသင်းကို ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ ပို့ဆောင်ပေး
Read Full Story

ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် စမတ်ကျပြီး လမ်းကြောင်းပြောင်းလဲနိုင်သော ယာဉ်ကြောစနစ်ကို စတင်မိတ်ဆက်
ထိုက်ယွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)ယာဉ်ကြောပိတ်ဆို့မှု အများဆုံးအချိန်ကို ကျော်ဖြတ်ရန်အတွက် ပိုမိုစမတ်ကျသော ဖြေရှင်းမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၎င်း၏ ပထမဆုံး စမတ်ကျပြီး လမ်းကြောင်းပြောင်းလဲနိုင်သော ယာဉ်ကြောစနစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ခလုတ်တစ်ချက်နှိပ်ရုံနှင့် ၄၅ မီတာရှည်သည့် ရွေ့လျားနိုင်သော အတားအဆီးတံတိုင်းသည် ၃၃ စက္ကန့်အတွင်း၌ပင် နေရာတကျရွှေ့ပြောင်းသွားပြီး ဘယ်၊ညာ ကွေ့မည့်ကားများနှင့် ဂငယ်ကွေ့ ပြန်ကွေ့မည့်ကားများအတွက် ပိုမ
Read Full Story

တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ဝူးဆန်းခရိုင်တွင် နည်းပညာအသုံးပြုသော ထောက်ပံ့ပို့ဆောင်ရေးက ဆီးသီးများပို့ဆောင်မှုကို အဆင့်မြှင့်တင်ပေး
ဝူးဆန်း၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)တရုတ်နိုင်ငံ အနောက်တောင်ပိုင်း ချုံချင့်မြို့ ဝူးဆန်းခရိုင်တွင် ဒရုန်းများနှင့် မောင်းသူမဲ့ဗင်ကားများ အသုံးပြုကာ တောင်ပေါ်သစ်သီးခြံများမှ ဆီးသီးများကို သယ်ယူပို့ဆောင်ပေးလျက်ရှိသည်။ (Xinhua)................................................................(English Version)Tech-driven logistics boosts plum delivery in SW China countyIn Wushan County, southwest China's Chongqing, drones and driverless vans are used to transport plums from mountain orchards.#LowAltitude
Read Full Story

၂၀၂၆ ခုနှစ် ဇူလိုင် ၁၂ ရက်အတွက် စိတ်ဝင်စားဖွယ်ရာ ဆင်ဟွာ နိုင်ငံတကာသတင်းကောက်နုတ်ချက်
Read Full Story

ဘယ်လင်ဟမ်၏ သွင်းဂိုးနှစ်ဂိုးနှင့်အတူ အင်္ဂလန်က နော်ဝေကို အနိုင်ယူကာ ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်သို့ တက်ရောက်
Read Full Story

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲ ထိုင်းနိုင်ငံ၌ ကျင်းပ
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)ဘန်ကောက်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲနှင့် “ဈေးကွက်ကြီးအား အတူမျှဝေ၍ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ထိုင်းနိုင်ငံ အထူးအခမ်းအနားကို ဇူလိုင် ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်
Read Full Story
‹
1
2
...
291
›
