ထိုက်ယွမ်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

ယာဉ်ကြောပိတ်ဆို့မှု အများဆုံးအချိန်ကို ကျော်ဖြတ်ရန်အတွက် ပိုမိုစမတ်ကျသော ဖြေရှင်းမှုနည်းလမ်းတစ်ခုပင်ဖြစ်သည်။

တရုတ်နိုင်ငံ မြောက်ပိုင်း ဆန်းရှီးပြည်နယ် ထိုက်ယွမ်မြို့တွင် ၎င်း၏ ပထမဆုံး စမတ်ကျပြီး လမ်းကြောင်းပြောင်းလဲနိုင်သော ယာဉ်ကြောစနစ်တစ်ခုကို စတင်မိတ်ဆက်လိုက်ပြီဖြစ်သည်။ ခလုတ်တစ်ချက်နှိပ်ရုံနှင့် ၄၅ မီတာရှည်သည့် ရွေ့လျားနိုင်သော အတားအဆီးတံတိုင်းသည် ၃၃ စက္ကန့်အတွင်း၌ပင် နေရာတကျရွှေ့ပြောင်းသွားပြီး ဘယ်၊ညာ ကွေ့မည့်ကားများနှင့် ဂငယ်ကွေ့ ပြန်ကွေ့မည့်ကားများအတွက် ပိုမိုကျယ်ဝန်းသောလမ်းကြောင်းတစ်ခုကို ဖန်တီးပေးသည်။

နေရောင်ခြည်စွမ်းအင်သုံးစနစ်ဖြစ်ပြီး ဘေးကင်းလုံခြုံရေးအာရုံခံစနစ်များ တပ်ဆင်ထားသည့် အဆိုပါစနစ်သည် ယာဉ်အသွားအလာကို ပိုမိုလွယ်ကူအဆင်ပြေစွာနှင့် ဘေးကင်းလုံခြုံစွာ ဖြတ်သန်းသွားလာနိုင်အောင် အကူအညီပေးသည်။ (Xinhua)

……………………………………..

(English Version)

Smart reversible lane opens in Taiyuan, Shanxi Province

A smarter way through rush hour.

Taiyuan in north China's Shanxi Province has launched its first smart reversible lane. With one button, a 45-meter movable barrier shifts into place in just 33 seconds, adding an extra lane for turns and U-turns.

Solar-powered and equipped with safety sensors, the system helps traffic move more smoothly and safely.