ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်းကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဘန်ကောက်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲနှင့် “ဈေးကွက်ကြီးအား အတူမျှဝေ၍ တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ထိုင်းနိုင်ငံ အထူးအခမ်းအနားကို ဇူလိုင် ၉ ရက်တွင် ထိုင်းနိုင်ငံ ဘန်ကောက်မြို့၌ ကျင်းပခဲ့သည်။ အဆိုပါ အခမ်းအနားသို့ တရုတ်-ထိုင်း စက်မှုစီးပွားလောကမှ ကိုယ်စားလှယ်များ ၂၀၀ ကျော် တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံ ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုများ အရည်အသွေးမြင့် ဖွံ့ဖြိုးတိုးတက်မှုနှင့်စပ်လျဉ်း၍ အတူတကွဆွေးနွေးဖလှယ်ခဲ့ကြသည်။

အခမ်းအနားတွင် တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန ဒုတိယဝန်ကြီး ယန်းတုန်း က အမှာစကားပြောကြားရာ၌ တရုတ်နိုင်ငံအနေဖြင့် ထိုင်းနိုင်ငံ၏ အကြီးဆုံး ကုန်သွယ်ရေးမိတ်ဖက်အနေဖြင့် ၁၃ နှစ်ဆက်တိုက် ရပ်တည်လာပြီးဖြစ်သလို ထိုင်းနိုင်ငံသည်လည်း တရုတ်နိုင်ငံ၏ အာဆီယံတွင် အရေးကြီးကုန်သွယ်ရေးမိတ်ဖက်ဖြစ်ကြောင်း၊ ၂၀၂၆ ခုနှစ်သည် တရုတ်နိုင်ငံ “၁၅ ကြိမ်မြောက် ငါးနှစ်စီမံကိန်း” ၏ အစအဖွင့်နှစ်ဖြစ်ကြောင်း၊  CIIE ပြပွဲသည် “တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ဆက်စပ်လှုပ်ရှားမှုများနှင့် ညှိနှိုင်းတွဲဖက်လုပ်ဆောင်ပြီး ကုန်စည်တင်သွင်းမှုကို ပိုမိုကျယ်ပြန့်စွာ တိုးချဲ့၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းအသစ်များကို ကမ္ဘာ့နိုင်ငံအသီးသီးနှင့်အတူ မျှဝေသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။ ထိုင်းနိုင်ငံသည် ၂၀၂၆ ခုနှစ် “တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ပင်မနိုင်ငံများအနက် တစ်နိုင်ငံဖြစ်ရာ ထိုင်းလုပ်ငန်းကုမ္ပဏီများအနေဖြင့် ၉ ကြိမ်မြောက် CIIE ပြပွဲတွင် တက်ကြွစွာပါဝင်ပြီး တရုတ်ပူးပေါင်းဆောင်ရွက်မှုမိတ်ဖက်နှင့် ချိတ်ဆက်ကာ တရုတ်-ထိုင်း ကုန်သွယ်စီးပွားဆက်ဆံရေးအား အဆင့်သစ်ဆီသို့ တက်လှမ်းရေးအတွက် ကူညီတွန်းအားပေးရန် ကြိုဆိုကြောင်း ၎င်းက ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး ကျန်းကျန့်တုန်းက တရုတ်-ထိုင်းဆက်ဆံရေးသည် အဆင့်မြင့်တိုးတက်မှုကို ထိန်းသိမ်းထားပြီး ကုန်သွယ်စီးပွားရေး ပူးပေါင်းဆောင်ရွက်မှုရလဒ်များ ကြွယ်ဝကြောင်း၊ ယခုနှစ်တွင် တရုတ်နိုင်ငံသည် ထိုင်းနိုင်ငံကို “တရုတ်နိုင်ငံသို့ တင်ပို့ခြင်း” ပင်မနိုင်ငံအဖြစ် ထမ်းဆောင်ရန် ဖိတ်ခေါ်ထားရာ ယင်းသည် ပိုမိုများပြားသော ထိုင်းနိုင်ငံမှ အရည်အသွေးကောင်းမွန်သည့် ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့ခြင်းကို တွန်းအားပေး၍ တရုတ်နိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှု အခွင့်အလမ်းကို အတူမျှဝေရန် ရည်ရွယ်ကြောင်း၊ ထိုင်းနိုင်ငံ စက်မှုစီးပွားနယ်ပယ်အနေဖြင့် ယခုအကြိမ်အခမ်းအနားကို အခါအခွင့်အဖြစ်ထားရှိကာ တရုတ်နိုင်ငံသို့ တက်ကြွစွာသွားရောက်၍ CIIE စသည့် အရေးကြီးပြပွဲများ ပါဝင်ရန်၊ အပြန်အလှန်အကျိုးဖြစ်ထွန်းသော ပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်တိုး နက်ရှိုင်းစေခြင်း တို့ဖြင့် တရုတ်-ထိုင်း အေးအတူပူအမျှ အသိုက်အဝန်း တည်ဆောက်မှုကို တွန်းအားပေးရန်အတွက် စွမ်းအားသစ်များ ဖြည့်တင်းပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန ညွှန်ကြားရေးမှူးချုပ် Sunanta Kangvalkulkij က အမှာစကားပြောကြားရာတွင် CIIE ပြပွဲသည် ကမ္ဘာအဆင့် ပူးပေါင်းဆောင်ရွက်မှု ပလက်ဖောင်းအနေဖြင့် နှစ်စဉ်ထိုင်းလုပ်ငန်းရှင်များ၏ အာရုံစိုက်ခြင်းခံရပြီး ထိုင်းထုတ်ကုန်များ တရုတ်ဈေးကွက်သို့ ဝင်ရောက်ရန်အတွက် ကူညီမှုနှင့် ပံ့ပိုးမှုများ အဆက်မပြတ်ပေးနေကြောင်း ပြောကြားခဲ့သည်။

အခမ်းအနားကျင်းပသည့် ကာလအတွင်း တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဗျူရိုသည် ၉ ကြိမ်မြောက် CIIE ပြပွဲကို မိတ်ဆက်ပြောကြားခဲ့ပြီး တရုတ်နိုင်ငံ စားသောက်ကုန်၊ ဒေသထွက်ကုန်နှင့် တိရစ္ဆာန်ထွက်ကုန် ပို့ကုန်သွင်းကုန်အဖွဲ့ချုပ် (CFNA) က စိုက်ပျိုးရေး စားသောက်ကုန်များ တိုးချဲ့တင်သွင်းမှု အလားအလာအခြေအနေကို မိတ်ဆက်ပြောကြားခဲ့သည်။ တရုတ်-ထိုင်း လုပ်ငန်းကုမ္ပဏီများက အခမ်းအနားတွင် စီးပွားရေးချိတ်ဆက်ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ပြီး ရာဘာ၊ သစ်သီး၊ အလှကုန် စသည့် အဓိကကဏ္ဍများ၌ ပူးပေါင်းဆောင်ရွက်မှု အခွင့်အလမ်းများ တိုးချဲ့လုပ်ဆောင်ခဲ့ကြသည်။

ယခုအကြိမ်အခမ်းအနားကို တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် ထိုင်းနိုင်ငံဆိုင်ရာ တရုတ်သံရုံးတို့မှ ကြီးမှူးကျင်းပခြင်းဖြစ်ပြီး တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ဗျူရို၊ တရုတ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံခြားကုန်သွယ်ရေး ဖော်ဆောင်မှု ဗျူရိုနှင့် ထိုင်းနိုင်ငံ တရုတ်ကုန်သည်များအသင်းချုပ်တို့က တာဝန်ခံကျင်းပခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)

ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန ညွှန်ကြားရေးမှူးချုပ် Sunanta Kangvalkulkij ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် ကျင်းပသော ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) မိတ်ဆက်ပွဲတွင် အမှာစကားပြောကြားနေသည့် ထိုင်းနိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန နိုင်ငံတကာကုန်သွယ်ရေးမြှင့်တင်မှုဌာန ညွှန်ကြားရေးမှူးချုပ် Sunanta Kangvalkulkij ကို ၂၀၂၆ ခုနှစ် ဇူလိုင် ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

(Chinese Version)

第九届进博会推介会在泰国举行

新华社曼谷7月10日电(记者刘杨)第九届中国国际进口博览会(进博会)推介会暨“共享大市场·出口中国”泰国专场活动9日在曼谷举行。中泰工商界代表200余人参加,共同探讨两国经贸合作高质量发展。  

中国商务部副部长鄢东在致辞中表示,中国已连续13年稳居泰国最大贸易伙伴,泰国也是中国在东盟的重要贸易伙伴。2026年是中国“十五五”开局之年,进博会将与“出口中国”系列活动协同联动,以更大力度扩大进口,与世界各国共享中国发展新机遇。泰国是2026年“出口中国”主题国之一,欢迎泰国企业积极参与第九届进博会,对接中方合作伙伴,助推中泰经贸关系迈上新台阶。  

中国驻泰国大使张建卫表示,中泰关系保持高水平发展,经贸合作成果丰硕。今年,中方邀请泰国担任“出口中国”年度主题国,旨在推动更多泰优质产品对华出口,共享中国发展新机遇。希望泰工商界以本次活动为契机,积极赴华参加进博会等重点展会,进一步深化互利合作,为推进中泰命运共同体建设注入新动力。  

泰国商业部国际贸易促进厅厅长素南达表示,进博会作为世界级合作平台,每年都备受泰国企业家关注,持续为泰国产品进入中国市场提供帮助和支持。  

活动期间,中国国际进口博览局现场推介第九届进博会,中国食品土畜进出口商会介绍扩大农食产品进口潜力情况。中泰企业现场开展商务洽谈,围绕橡胶、水果、化妆品等重点领域拓展合作机遇。  

本次活动由中国商务部、泰国商业部和中国驻泰国大使馆主办,中国国际进口博览局、商务部外贸发展局和泰国中华总商会承办。(完)

图说1:7月9日,在泰国曼谷,中国商务部副部长鄢东在推介会上致辞。新华社记者 孙玮彤 摄

图说2:7月9日,在泰国曼谷,泰国商业部国际贸易促进厅厅长素南达在推介会上致辞。新华社记者 孙玮彤 摄