
ဝန်းလျင် (ကျဲ့ကျန်း)၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)
ဘာဗီ (Bavi) တိုင်ဖွန်းမုန်တိုင်းသည် ဇူလိုင် ၁၁ ရက် နံနက်အစောပိုင်းတွင် တိုင်ဖွန်းမုန်တိုင်းအဆင့်မှ ပြင်းထန်သော တိုင်ဖွန်းမုန်တိုင်းအဆင့်သို့ ပိုမိုအားကောင်းလာခဲ့ပြီး ဇူလိုင် ၁၂ ရက် နံနက်အစောပိုင်း၌ တရုတ်နိုင်ငံ ကျဲ့ကျန်းပြည်နယ်၊ ထိုင်ကျိုးမှ ဖူကျန့်ပြည်နယ်၊ ဖူတင် ကမ်းရိုးတန်းတစ်လျှောက် ကုန်းတွင်းပိုင်းသို့ ဝင်ရောက်တိုက်ခတ်မည်ဟု တရုတ်နိုင်ငံ ဗဟိုမိုးလေဝသစောင့်ကြည့်ရေးဌာနက ခန့်မှန်းထားသည်။
ကျဲ့ကျန်းပြည်နယ် ပြည်သူ့အစိုးရ ရေကြီးရေလျှံမှု ထိန်းချုပ်ရေး၊ တိုင်ဖွန်မုန်တိုင်း ကာကွယ်ရေးနှင့် မိုးခေါင်ရေရှားမှု ကယ်ဆယ်ရေးဌာနချုပ်က ဇူလိုင် ၁၁ ရက် နံနက် ၁၁:၀၀ နာရီတွင် တိုင်ဖွန်းမုန်တိုင်းကာကွယ်ရေး အရေးပေါ်တုံ့ပြန်မှုကို အဆင့် ၁ သို့ မြှင့်တင်ခဲ့သည်။ လက်ရှိတွင် ကျဲ့ကျန်းပြည်နယ် ထိုင်ကျိုးမြို့ ဝန်းလျင်ခရိုင်အဆင့်မြို့ သက်ဆိုင်ရာ ဌာနအသီးသီးမှ တာဝန်ရှိသူများသည် အလှည့်ကျစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို တိုးမြှင့်လုပ်ဆောင်လျက် ငါးဖမ်းလှေများ ဆိပ်ကမ်းသို့ ပြန်လည်ဝင်ရောက်စေခြင်း၊ ကမ်းရိုးတန်းဒေသရှိ ပြည်သူများအား ဘေးလွတ်ရာသို့ ရွှေ့ပြောင်းပေးခြင်းနှင့် လူနေရပ်ကွက်များရှိ တံခါးနှင့် ပြတင်းပေါက်များကို ခိုင်ခံ့အောင် လုပ်ဆောင်ပေးခြင်း စသည့် ဘေးအန္တရာယ်ရှောင်ရှားရေး အစီအမံများကို တွန်းအားပေး ဆောင်ရွက်လျက်ရှိသည်။ ပြင်းထန်သော ရာသီဥတုအခြေအနေနှင့်အညီ ရေကြောင်းခရီးစဉ်များ၊ ထုတ်လုပ်မှုများနှင့် သယ်ယူပို့ဆောင်ရေးလုပ်ငန်းများကို ရပ်နားခြင်း စသည့် သက်ဆိုင်ရာ ထိန်းချုပ်ကန့်သတ်မှုများအပြင် တစ်ချိန်တည်းမှာပင် အရေးပေါ် ကယ်ဆယ်ရေးအဖွဲ့များ၊ ကပ်ဘေးရှောင် ပြန်လည်နေရာချထားရေးစခန်းများနှင့် ကပ်ဘေးရှောင် ကယ်ဆယ်ရေး အထောက်အပံ့ပစ္စည်းများ စသည်တို့ကို စီစဉ်ပြင်ဆင်ထားရှိပြီး တိုင်ဖွန်းမုန်တိုင်း ကာကွယ်ရေးနှင့် အရေးပေါ်ကယ်ဆယ်ရေးလုပ်ငန်းများအတွက် ပြင်ဆင်မှုများကို ကောင်းမွန်စွာဆောင်ရွက်ထားကြောင်း သိရသည်။ (Xinhua)
.......................................
(Chinese Version)
台风“巴威”影响浙江沿海地区
新华社照片,温岭(浙江),2026年7月11日
中央气象台预报,台风“巴威”11日凌晨已由台风级加强为强台风级,预计12日凌晨在浙江台州至福建福鼎一带沿海登陆。
浙江省防指于7月11日11时将防台风应急响应提升至Ⅰ级。目前浙江台州温岭市各级有关部门加强值班值守,推进渔船归港、临海地区人员疏散、居民区加固门窗等安全避险措施,结合极端天气停航、停产、停运等相关管控,同时安排应急抢险队伍以及避灾安置场所、避灾物资等,做好防台风和应急抢险准备。
图说1:7月11日,在浙江台州温岭石塘镇东海村箬山中心渔港,700多艘渔船停泊避风(无人机照片)。 新华社记者 徐昱 摄
图说2:7月11日,浙江台州温岭石塘镇的党员干部在海滩边设立警戒线和隔离栅栏,防止人员进入危险区域。新华社记者 徐昱 摄







