တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ ကျန်းဆူးပြည်နယ် လျန်ယွင်ကန် ကွန်တိန်နာဆိပ်ကမ်းတွင် နိုင်ငံခြားကုန်သွယ်ရေး ကုန်တင်ကုန်ချလုပ်ဆောင်ရာဧရိယာကို ၂၀၂၆ ခုနှစ် မတ်လ ၁၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ပေကျင်း၊ ဇူလိုင် ၁၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ ထုတ်လုပ်မှုစွမ်းရည်သည် အနောက်နိုင်ငံများကို “ရိုက်ခတ်” ခဲ့ရုံသာမက ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ စက်မှုဖွံ့ဖြိုးတိုးတက်ရေးအလားအလာများကိုပါ “တိုးဝှေ့နေရာယူသည်” ဟု စွပ်စွဲထားသည့် နိုင်ငံတကာမီဒီယာအချို့ လတ်တလော ဖော်ပြခဲ့သော “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည့် အယူအဆနှင့် စပ်လျဉ်း၍ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က “တရုတ်နိုင်ငံ၏ ဖိအားပေးမှု” ဆိုသည်မှာ မှန်ကန်မှုမရှိကြောင်း သိသာပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများကလည်း ဤကဲ့သို့သော ပြောဆိုချက်ကို သဘောတူမည်မဟုတ်ကြောင်း ဇူလိုင် ၁၀ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။

ကမ္ဘာ့တောင်ဘက်ခြမ်း မိသားစုကြီး၏ အဖွဲ့ဝင်တစ်ဦးအနေဖြင့် တရုတ်နိုင်ငံသည် အတွေ့အကြုံများကို ချန်လှပ်ထားခြင်းမရှိဘဲ အစဉ်အမြဲ အပြည့်အဝ မျှဝေပေးပြီး ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများ၏ ဖွံ့ဖြိုးတိုးတက်ရေးကို ပံ့ပိုးကူညီခဲ့ကြောင်း မော်နင်က ပြောကြားခဲ့သည်။

အကျိုးဖြစ်ထွန်းမှု မြင့်မားသော အခြေခံအဆောက်အအုံ၊ ရင်းနှီးမြှုပ်နှံမှုနှင့် နည်းပညာပူးပေါင်းဆောင်ရွက်မှုများမှတစ်ဆင့် တောင်ဘက်ခြမ်းနိုင်ငံများက ကိုယ်ပိုင်ရပ်တည်မှုရှိသော ဖွံ့ဖြိုးတိုးတက်ရေး စွမ်းရည်ကို မြှင့်တင်ရာတွင် ကူညီပေးခဲ့ကြောင်း၊ ဈေးကွက်များ တံခါးဖွင့်လှစ်ခြင်းမှတစ်ဆင့် တောင်ဘက်ခြမ်းနိုင်ငံများ၏ အရည်အသွေးမြင့် ထုတ်ကုန်များ တရုတ်နိုင်ငံသို့ တင်ပို့မှုကို တိုးချဲ့ရန်၊ ကုန်သွယ်မှုအကျိုးအမြတ်ဖြင့် စက်မှုဖွံ့ဖြိုးတိုးတက်မှုကို ပံ့ပိုးရန် ကူညီအားဖြည့်ပေးကြောင်း၊ အများအနေဖြင့် သက်သာ၍ လက်လှမ်းမီသော အစိမ်းရောင် ထုတ်ကုန်များမှတစ်ဆင့် တောင်ဘက်ခြမ်းနိုင်ငံများအား အရင်းအမြစ်ခွဲဝေမှုကို ပိုမိုကောင်းမွန်စေရန်၊ စက်မှုလုပ်ငန်းအသွင်ပြောင်းခြင်းနှင့် အဆင့်မြှင့်တင်ခြင်းကို အရှိန်မြှင့်တင်ရန် ကူညီပေးကြောင်း၊ ခေတ်မီအသွင်ပြောင်းရေး လက်တွဲဖော်ဆောင်နေသော လမ်းကြောင်းပေါ်တွင် တရုတ်နိုင်ငံနှင့် ကမ္ဘာ့တောင်ဘက်ခြမ်းနိုင်ငံများသည် အစဉ်အမြဲလိုပင် တစ်ခရီးတည်းသွားမိတ်ဖက်များဖြစ်ကြကြောင်း ၎င်းက ပြောကြားခဲ့သည်။

“နိုင်ငံကြီးတစ်ခု၏ ကြီးမြတ်မှုဆိုတာဟာ ကမ္ဘာကြီးကို အကျိုးပြုနိုင်ခြင်းပေါ်မှာ မူတည်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့ ပင်ကိုဖွံ့ဖြိုးတိုးတက်မှုနဲ့ ကမ္ဘာကြီးအတွက် ဆက်လက်ပြီး အခွင့်အလမ်းတွေ ပံ့ပိုးပေးကာ ဘုံကြွယ်ဝချမ်းသာမှုကို ဖော်ဆောင်သွားမှာ ဖြစ်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)

.....................................

(Chinese Version)

外交部:所谓“中国挤压”概念显然不符合事实

新华社北京7月10日电(记者董雪)针对近期一些国际媒体提出所谓“中国挤压”概念,称中国的制造业能力不仅“冲击”西方国家,还“挤占”了全球南方国家的工业化发展空间。外交部发言人毛宁10日在例行记者会上答问时表示,所谓“中国挤压”显然不符合事实,全球南方国家也不会认同这种说法。

毛宁表示,作为全球南方大家庭的一员,中国始终毫无保留地分享经验,帮助全球南方国家发展。通过富有成效的基础设施、投资和技术合作,帮助南方国家提升自主发展能力;通过开放市场,助力南方国家扩大优质产品对华出口,以贸易收益反哺产业发展;通过普惠可及的绿色产品,帮助南方国家优化资源配置,加快产业转型升级。在携手实现现代化的道路上,中国和全球南方国家始终是同行者。

“大国之大,在于利天下。中国将继续以自身发展为世界提供机遇,实现共同繁荣。”毛宁说。(完)

图说:3月10日拍摄的江苏省连云港港集装箱码头外贸装卸作业区(无人机照片)。新华社发(王健民摄)