
ကန်းဆက်စ်စီးတီး၊ အမေရိကန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ ကန်းဆက်စ်စီးတီးတွင် ယှဉ်ပြိုင်ကစားခဲ့သည့် ကမ္ဘာ့ဖလား ကွာတားဖိုင်နယ်ပွဲစဉ်၌ ဟူလီယန် အယ်လ်ဗာရက်ဇ်နှင့် လော်တာရို မာတီနက်ဇ်တို့၏ အချိန်ပိုသွင်းဂိုးများနှင့်အတူ အာဂျင်တီးနားအသင်းက တစ်ယောက်လျော့ ဆွစ်ဇာလန်အသင်းကို ၃-၁ ဂိုးဖြင့် အနိုင်ရရှိခဲ့ပြီး ဆီမီးဖိုင်နယ်သို့ တက်ရောက်နိုင်ခဲ့ပြီဖြစ်သည်။
အလက်ဆစ် မက်ခ်အယ်လစ္စတာက လက်ရှိချန်ပီယံ အာဂျင်တီးနားအတွက် ဦးဆောင်ဂိုးသွင်းယူခဲ့ပြီး ဒန် အင်ဒိုယီက ပြန်လည်ချေပခဲ့ကာ ပုံမှန်ပွဲကစားချိန်ပြီးဆုံးရန် ၁၈ မိနစ်အလိုတွင် ဆွစ်ဇာလန်အသင်းမှ ဘရီးလ် အမ်ဘိုလို ထုတ်ပယ်ခံခဲ့ရသည်။
အချိန်ပိုဒုတိယပိုင်းတွင် အယ်လ်ဗာရက်ဇ်နှင့် မာတီနက်ဇ်တို့က အနိုင်ဂိုးများ သွင်းယူနိုင်ခဲ့သည့်အတွက် အာဂျင်တီးနားအနေဖြင့် အတ္တလန်တာမြို့တွင် ဇူလိုင် ၁၅ ရက်၌ အင်္ဂလန်အသင်းနှင့် ဆီမီးဖိုင်နယ်ပွဲစဉ် ယှဉ်ပြိုင်ရမည်ဖြစ်သည်။ဆွစ်ဇာလန်က ပွဲအစပိုင်းတွင် အာဂျင်တီးနားကို သူတင်ကိုယ်တင် ယှဉ်ကစားခဲ့ပြီး ဂရန်းနစ် ရှာကာနှင့် ရီမို ဖရူလာတို့က အသင်း၏ ကစားအားကို လိုသလိုအတင်အချလုပ်ပေးခဲ့ကာ အာဂျင်တီးနားအသင်း တိုက်စစ်မဆင်နိုင်အောင် ဖိအားပေးနိုင်ခဲ့သည်။
သို့သော် လီယွန်နယ် မက်ဆီ၏ ထောင့်ကန်ဘောကို မက်ခ်အယ်လစ္စတာက အဝေးထောင့်သို့ ခေါင်းတိုက်ကာ အာဂျင်တီးနားအတွက် အဖွင့်ဂိုးရယူပေးခဲ့သည်။ ပွဲမှာ ကြံ့ခိုင်မှုအသားပေးသည့်အသွင် ပိုဆောင်လာခဲ့ပြီး အပိုင်ဂိုးသွင်းခွင့်နည်းပါးခဲ့သည်။
အာဂျင်တီးနားအသင်းအနေဖြင့် တောင်ပံနှစ်ဖက်မှ ထိထိရောက်ရောက် ထိုးဖောက်နိုင်ခြင်းမရှိသည့်အတွက် အလယ်ကြောမှသာ အကြိမ်ကြိမ် ထိုးဖောက်တိုက်စစ်ဆင်ခဲ့ရာ ဆွစ်ဇာလန်၏ ကျစ်လျစ်မာကျောသည့် ခံစစ်က အကောင်းဆုံးထိန်းချုပ်နိုင်ခဲ့သည်။
ဒုတိယပိုင်းပြန်စချိန်တွင် ဆွစ်ဇာလန်က ဂိုးရရှိရန် ပိုမိုကြိုးပမ်းလာခဲ့ရာ အမ်ဘိုလို၏ ဖြတ်တင်ပေးမှုကို နော်တင်ဟမ်ဖောရက်စ် ကစားသမား အင်ဒိုယီ အပိုင်ပိတ်သွင်းနိုင်တော့မည့်ဆဲဆဲတွင် လီဆန်ဒရို မာတီနက်ဇ်က နောက်ဆုံးခံစစ်မှူး အနေအထားမှ အကောင်းဆုံး ဖျက်ထုတ်သွားနိုင်ခဲ့သည်။
ထို့နောက် ရီကာဒို ရော့ဒရီဂက်ဇ်၏ ဖြတ်တင်ပေးမှုကို အင်ဒိုယီက ခေါင်းတိုက်၍ အဆုံးသတ်ခဲ့သော်လည်း ဂိုးသမား အမ်မီလီယာနို မာတီနက်ဇ် ပါးပါးနပ်နပ် ကာကွယ်နိုင်ခဲ့သလို ခဏအကြာတွင် ရှာကာ၏ အဝေးကန်ချက်ကိုလည်း မာတီနက်ဇ် ထပ်မံကာကွယ်နိုင်ခဲ့သည်။
သို့သော် အဆိုပါ အက်စတွန်ဗီလာဂိုးသမားအနေဖြင့် ဆွစ်ဇာလန်၏ ချေပဂိုးကို ခွင့်ပြုခဲ့ရပြီး ရော့ဒရီဂက်ဇ်နှင့် တွဲလုံးမှတစ်ဆင့် အင်ဒိုယီက ဂိုးဧရိယာအစပ်နားတွင် ထောင့်ကျဉ်းအနေအထားမှ အဝေးထောင့်ဆီသို့ ကန်သွင်းခဲ့ခြင်းဖြစ်သည်။
ဆွစ်ဇာလန်အသင်း၏ အရှိန်အဟုန်မှာ ခဏသာကြာမြင့်ခဲ့ပြီး အသင်း၏ တိုက်စစ်ကစားသမား အမ်ဘိုလို ဟန်ဆောင်လှဲချနေသည်ဟုဆိုကာ ကွင်းလယ်ဒိုင်က VAR ပြန်ကြည့်ပြီးနောက် နှစ်ဝါတစ်နီဖြင့် ထုတ်ပယ်ခဲ့သည်။ အစောပိုင်းတွင် အာဂျင်တီးနားအသင်းမှ ပါရီဒက်စ်အား ပြစ်ဒဏ်ကျူးလွန်သည်ဟုဆိုကာ အဝါကတ်ပြသခဲ့ခြင်းကိုလည်း ကွင်းလယ်ဒိုင်က ပယ်ဖျက်ပေးခဲ့သည်။
ထို့နောက် အာဂျင်တီးနားအသင်းက ပွဲကိုအသာစီးပြန်ယူနိုင်ခဲ့ပြီး လီဆန်ဒရို မာတီနက်ဇ်၏ ဖြတ်တင်ပေးမှုကို မက်ခ်အယ်လစ္စတာက ခေါင်းတိုက်ခဲ့သော်လည်း ဂိုးပေါ်မှကျော်သွားခဲ့သလို မက်ဆီ၏ ကိုက် ၂၀ အကွာမှ ကန်ချက်မှာလည်း အဝေးတိုင်ဘေးမှ ကပ်ထွက်သွားခဲ့သည်။
ထို့နောက် ဆွစ်ဇာလန်အသင်းမှ ဇက်ကီ အမ်ဒူနီ ရှင်းထုတ်လိုက်သည့် ဘောလုံးကို လီဆန်ဒရို မာတီနက်ဇ်က လေထဲတွင် ကတ်ကြေးကိုက်ကန်ချက်ဖြင့် ပိတ်သွင်းခဲ့သော်လည်း ဂိုးသမား ဂရီဂေါ် ကိုဘယ်လ် တားဆီးနိုင်ခဲ့သဖြင့် အချိန်ပိုဆက်လက်ကစားခဲ့ရသည်။
အချိန်ပိုတွင် အာဂျင်တီးနားနည်းပြ လီယွန်နယ် စကာလိုနီက အန်ဇို ဖာနန်ဒက်ဇ်၏နေရာတွင် သီယာဂို အယ်မာဒါကို ထည့်သွင်းခဲ့ရာ အယ်လ်မာဒါက ဆွစ်ဇာလန်ဂိုးသမား ကိုဘယ်လ်ကို အားပါသော အနိမ့်ကန်ချက်ဖြင့် ခြိမ်းခြောက်ခဲ့သလို ခဏအကြာတွင် ၎င်း၏ ထပ်မံကန်သွင်းမှုမှာလည်း ဂိုးတိုင်ဘေးမှ ထွက်သွားခဲ့သည်။
သို့သော် ပွဲချိန် ၁၁၂ မိနစ်တွင် အယ်လ်ဗာရက်ဇ်က အဝေးထောင့်ထဲသို့ ဝေ့ဝိုက်ကန်သွင်းခဲ့ရာ ကိုဘယ်လ် မည်သို့မျှမကာကွယ်နိုင်ခဲ့သဖြင့် အာဂျင်တီးနားအသင်း အနိုင်ဂိုးရရှိခဲ့သည်။ ၉ မိနစ်အကြာတွင် အယ်လ်မာဒါ၏ ကန်သွင်းမှုကို ကိုဘယ်လ် ရှေ့တက်ဟန့်တားရာမှ လျှံထွက်လာသည့် ဘောလုံးကို လူစားဝင်ကစားသမား မာတီနက်ဇ်က ဂိုးသမားမရှိတော့သည့် ဂိုးပေါက်ထဲသို့ အပိုင်ကန်သွင်း၍ ၃-၁ ဂိုး ဖြစ်စေခဲ့သည်။ (Xinhua)
.....................................................
(English Version)
Alvarez, Martinez send Argentina into World Cup semifinals
KANSAS CITY, United States, July 11 (Xinhua) -- Julian Alvarez and Lautaro Martinez scored in extra time as Argentina advanced to the World Cup semifinals on Saturday with a 3-1 win over 10-man Switzerland.
Alexis Mac Allister put the defending champion ahead but Dan Ndoye equalized before Breel Embolo was sent off with 18 minutes of normal time remaining.
Alvarez and Martinez struck in the second half of extra time as Argentina set up a clash with England in Atlanta on Wednesday.
Switzerland sought to assert itself early, dictating the tempo through Granit Xhaka and Remo Freuler as Argentina was pushed back into its own half.
But it was the Albiceleste that struck first when Mac Allister met Lionel Messi's corner at the near post and nodded into the far corner.
Clear chances were scarce as the match became increasingly physical.
Argentina's lack of width was evident as it repeatedly attacked through the middle, where Switzerland's compact defense held firm.
Switzerland emerged with greater urgency after the break. Embolo's cross appeared to send Ndoye through on goal, but Lisandro Martinez intervened with a superb last-ditch tackle to deny the Nottingham Forest forward.
Ndoye then met Ricardo Rodriguez's cross with a header that drew a smart save from Emiliano Martinez, who also kept out Xhaka's long-range attempt moments later.
But the Aston Villa goalkeeper was powerless to stop the equalizer as Ndoye combined again with Rodriguez on the edge of the box and fired into the far corner from a tight angle.
Switzerland's momentum was short-lived as Embolo was shown a second yellow card for simulation following a VAR review. The decision overturned the referee's earlier booking of Paredes for a foul.
The South American team regained the initiative and Mac Allister headed over after Lisandro Martinez's cross before Messi thumped a 20-yard shot just wide of the far post.
Lisandro Martinez then latched onto Zeki Amdouni's clearance with an acrobatic scissor kick that was stopped by goalkeeper Gregor Kobel as the match went to extra time.
Argentina head coach Lionel Scaloni introduced Thiago Almada for Enzo Fernandez, and the substitute tested Kobel with a low drive before firing into the side netting moments later.
But it was Alvarez who broke the deadlock in the 112th minute with a curling effort into the far corner that left Kobel with no chance.
Substitute Martinez made it 3-1 nine minutes later, bundling into an empty net after Almada's attempt was blocked by Kobel.
English Caption 1
Lisandro Martinez (top) of Argentina vies with Breel Embolo of Switzerland during the quarter final match between Argentina and Switzerland at the 2026 FIFA World Cup at the Kansas City Stadium in Kansas City, the United States, July 11, 2026. (Xinhua/Xu Chang)
English Caption 2
Nico Elvedi (L) of Switzerland vies with Julian Alvarez of Argentina during the quarter final match between Argentina and Switzerland at the 2026 FIFA World Cup at the Kansas City Stadium in Kansas City, the United States, July 11, 2026. (Xinhua/Xiao Yijiu)
English Caption 3
Lionel Messi (L) of Argentina prepares to take a corner kick during the quarter final match between Argentina and Switzerland at the 2026 FIFA World Cup at the Kansas City Stadium in Kansas City, the United States, July 11, 2026. (Xinhua/Xiao Yijiu)







