စစ်ကိုင်း၊ နိုဝင်ဘာ ၁၆ ရက် (ဆင်ဟွာ)

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း မူးမြစ်ဝန်းကျင်ခရိုင် ၇ ခုမှ မြို့နယ်များအတွင်း ရေကြီးနစ်မြုပ်၍ ပျက်စီးဆုံးရှုံးခဲ့သည့် စပါးနှင့် အခြားသီးနှံစိုက်ခင်းများကို ပြန်လည်စိုက်ပျိုးထားပြီးဖြစ်ကြောင်း စစ်ကိုင်းတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန ဒုတိုင်းဦးစီးမှူး ဒေါ်စန်းစန်းမြင့်ထံမှ သိရသည်။

"စစ်ကိုင်းတိုင်းဒေသကြီး ကောလင်းခရိုင်၊ ကလေးခရိုင်၊ ကန့်ဘလူခရိုင်၊ ရေဦးခရိုင်၊ ရွှေဘိုခရိုင်၊ မုံရွာခရိုင်နဲ့ စစ်ကိုင်းခရိုင်တွေက ၁၃ မြို့နယ်မှာ သြဂုတ်လက မိုးများပြီး မူးမြစ် ရေကြီးရေလျှံခဲ့တာကြောင့် စပါးနဲ့အခြားသီးနှံစိုက်ခင်းတွေ ရေနစ်မြုပ်ပျက်စီးခဲ့ပါတယ်။ ပျက်စီးနစ်မြုပ်တဲ့ စပါးနဲ့ အခြားသီးနှံစိုက်ခင်းတွေ ပြန်စိုက်ပျိုးထားပြီးဖြစ်ပါတယ်" ဟု ဒေါ်စန်းစန်းမြင့်က ပြောသည်။

ရေကြီးမှုကြောင့် မိုးစပါး၊ မြေပဲ၊ အစေ့ထုတ်ပြောင်း၊ ဖူးစားပြောင်း၊ ပဲတီစိမ်း၊ ပဲစဥ်းငုံ၊ ဟင်းသီးဟင်းရွက်၊ ငှက်ပျော၊ ငရုတ်၊ သင်္ဘော၊ ဝါ၊ နှံစားပြောင်း၊ ပဲပုပ်သီးနှံ စုစုပေါင်း ဧက ၇၂,၀၀၀ နီးပါးနစ်မြုပ်ခဲ့ရာ ဧက ၁၆,၀၀၀ ကျော် ပျက်စီးခဲ့ကြောင်း သိရသည်။ (Xinhua)