ဆန်းကျန့်၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)

အာရှ-ပစိဖိတ် စီးပွားရေး ပူးပေါင်းဆောင်ရွက်မှု (APEC) ခေါင်းဆောင်များ အလွတ်သဘောအစည်းအဝေးကို နိုဝင်ဘာ ၁၈ ရက်မှ ၁၉ ရက်အထိ ဆန်းကျန့်မြို့တွင် “ဘုံသာယာဝပြောရေးအတွက် အာရှ-ပစိဖိတ် အသိုက်အဝန်းတစ်ရပ် ထူထောင်ကြပါစို့” ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်သည်။

ယခုအခါ ဆန်းကျန့်မြို့တစ်မြို့လုံးတွင် ပန်းပေါင်းစုံ ဖူးပွင့်ဝေဆာနေပြီး မြို့တွင်းပင်မလမ်းများထက်တွင် ရောင်စုံအလံများ တလူလူလွှင့်ထူထားသည်။ မြေအောက်ရထား အချက်အချာ၊ ဘတ်စ်ကားမှတ်တိုင်၊ နယ်စပ်ဂိတ် စသည်တို့တွင်လည်း အခမ်းအနား အမှတ်သင်္ကေတများဖြင့် အလှဆင်ထားသည်။ သက်ဝင်လှုပ်ရှားနေသော ဆန်းကျန့်မြို့သည် “ခမ်းနားသောအပြင်အဆင်” ဖြင့် အရပ်လေးမျက်နှာမှ ဧည့်သည်တော်များ APEC ချိန်းဆိုမှုကို လာရောက်ရန် ကြိုဆိုလျက်ရှိသည်။ (Xinhua)

---------------------

(Chinese Version)

繁花似锦 深圳“盛装”迎接APEC

【解说】亚太经合组织(APEC)第三十三次领导人非正式会议将于11月18日至19日在深圳举行,会议主题为“建设亚太共同体,促进共同繁荣”。

此时满城繁花盛放,深圳主次干道上彩旗迎风舒展,地铁枢纽、公交站台、口岸窗口等都装点盛会标识。生机盎然的深圳,正以“盛装”迎接四方来客,共赴亚太之约。

新华社记者王瑞平 深圳报道。(完)