ကွေ့ကျိုး၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
“တရုတ်နိုင်ငံအား ခံစားသိရှိခြင်း - အချိန်နှင့် နေရာကို ဖြတ်ကျော်သော တံတား” အစီအစဉ်ကို မကြာသေးမီက ဟွားကျန်းလျှိုမြောင်အထူးတံတားကြီးတွင် ကျင်းပခဲ့သည်။ တရုတ်နိုင်ငံ ကွေ့ကျိုးတက္ကသိုလ်မှ နိုင်ငံတကာ ကျောင်းသား၊ကျောင်းသူ ၉၀ ခန့်သည် ကမ္ဘာ့အမြင့်ဆုံး တံတားပေါ်သို့ တက်ရောက်ကာ လမ်းလျှောက်စင်္ကြံပေါ်တွင် အပန်းဖြေ လမ်းလျှောက်ရင်း လျှိုမြောင်အလှရှုခင်းများကို အပေါ်စီးမှ ကြည့်ရှုခဲ့ကြသည်။ တရုတ်နိုင်ငံ တံတားတည်ဆောက်ရေး နည်းပညာ စွမ်းပကားကို တိုက်ရိုက် ခံစားသိရှိခဲ့ရပြီး တရုတ်နိုင်ငံ၏ အခြေခံအဆောက်အအုံ တည်ဆောက်ရေး ဖွံ့ဖြိုးတိုးတက်မှု အောင်မြင်မှုများကို အနီးကပ် ခံစားသိရှိခဲ့ကြသည်။ လမ်းပန်းဆက်သွယ်ရေး ခက်ခဲကြမ်းတမ်းမှုကို သွားလာရန်လွယ်ကူသော လမ်းမကြီးအဖြစ်သို့ ပြောင်းလဲပေးသည့် စူပါ အင်ဂျင်နီယာ စီမံကိန်းကြီးအတွင်း တရုတ်ပုံစံ ခေတ်မီအသွင်ပြောင်းမှုကို သိရှိနားလည်ခဲ့ကြသည်။ (Xinhua)
...............................
(Chinese Version)
感知中国 多国留学生登上世界第一高桥
“感知中国——跨越时空的桥梁”活动近日在花江峡谷大桥举办。贵州大学近90名外籍留学生登上世界第一高桥,漫步观景廊道俯瞰峡谷风光,直观感受中国桥梁建设的科技实力,近距离感知中国基础设施建设的发展成就,在天堑变通途的超级工程中读懂中国式现代化。








