ပေကျင်း၊ နိုဝင်ဘာ ၁၇ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်သည် ရုရှားနိုင်ငံ သမ္မတ ပူတင်၊ အမေရိကန်နိုင်ငံ သမ္မတ ထရမ့် တို့နှင့်အတူ ဆန်းကျန့်မြို့တွင် တရုတ်-ရုရှား-အမေရိကန် ခေါင်းဆောင်များ တွေ့ဆုံဆွေးနွေးပွဲကို နိုဝင်ဘာလ ၁၉ ရက်တွင် ကျင်းပမည် ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က နိုဝင်ဘာ ၁၆ ရက် ပုံမှန် သတင်းစာရှင်းလင်းပွဲ၌ မေးမြန်းချက်ကို ဖြေကြားရာတွင် ဤသည်မှာ တရုတ်၊ ရုရှား၊ အမေရိကန် သုံးနိုင်ငံ ခေါင်းဆောင်များ၏ သမိုင်းတွင် ပထမဆုံး မျက်နှာချင်းဆိုင် တွေ့ဆုံဆွေးနွေးပွဲ ဖြစ်ပြီး ကမ္ဘာ့ ငြိမ်းချမ်းရေး ထိန်းသိမ်းရေး၊ အင်အားကြီးနိုင်ငံများအကြား ဆက်ဆံရေး မဟာဗျူဟာမြောက် တည်ငြိမ်မှု မြှင့်တင်ရေးတို့ကို ဗဟိုပြု၍ နက်ရှိုင်းစွာ သဘောထားချင်း ဖလှယ်ကြမည် ဖြစ်ကာ စာမျက်နှာသစ်ဖွင့်လှစ်သည့် အနက်အဓိပ္ပာယ်ရှိသည်ဟု ပြောကြားခဲ့သည်။
တရုတ်၊ ရုရှား၊ အမေရိကန်တို့သည် ကုလသမဂ္ဂ စတင်တည်ထောင်သည့် အဖွဲ့ဝင်နိုင်ငံများနှင့် လုံခြုံရေးကောင်စီ အမြဲတမ်းအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည်ဟု မော်နင်က ပြောကြားခဲ့သည်။ သမိုင်းတွင် သုံးနိုင်ငံသည် ကမ္ဘာ့ဖက်ဆစ်ဆန့်ကျင်ရေး စစ်ပွဲကို ပခုံးချင်းယှဉ်၍ တိုက်ပွဲဝင်ကာ အနိုင်ရရှိခဲ့ကြောင်း၊ လက်ရှိ အခြေအနေတွင် သုံးနိုင်ငံသည် ကမ္ဘာလုံးဆိုင်ရာ စိန်ခေါ်မှုများကို ပူးပေါင်းဆောင်ရွက်၍ ရင်ဆိုင်ရန်၊ ကမ္ဘာ့ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်ရေးကို မြှင့်တင်ရန်အတွက် အရေးကြီးသော တာဝန်ကို ထမ်းဆောင်ထားကြကြောင်း၊ တရုတ်၊ ရုရှား၊ အမေရိကန်တို့အနေဖြင့် ဆက်သွယ်မှု အားကောင်းစေခြင်း၊ သဘောထား ကွဲလွဲမှုများကို စီမံထိန်းချုပ်ခြင်းနှင့် ဆက်ဆံရေး တည်ငြိမ်စေခြင်းသည် သုံးနိုင်ငံ၏ အကျိုးစီးပွားနှင့် ကိုက်ညီသလို နိုင်ငံတကာ အသိုင်းအဝိုင်း၏ မျှော်လင့်ချက်လည်း ဖြစ်ကာ ကမ္ဘာ့ အခြေအနေ တည်ငြိမ်စေရန်၊ ဆွေးနွေးပူးပေါင်းဆောင်ရွက်မှုကို တွန်းအားပေးရန် အထောက်အကူ ပြုကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)
.............................
(Chinese Version)
外交部:中俄美元首会晤具有开创性意义
新华社北京11月16日电(记者曹嘉玥、万倩仪)11月19日,国家主席习近平将同俄罗斯总统普京、美国总统特朗普在深圳举行中俄美元首会晤。外交部发言人毛宁16日在例行记者会上答问时说,这是中俄美三国元首历史上首次面对面会晤,将围绕维护世界和平、促进大国关系战略稳定深入交换意见,具有开创性意义。
毛宁表示,中俄美都是联合国创始会员国和安理会常任理事国。历史上,三国曾并肩赢得世界反法西斯战争的胜利。当前形势下,三国肩负着合作应对全球性挑战、促进世界和平稳定的重要责任。中俄美加强沟通、管控分歧、稳定关系,符合三国利益,也是国际社会的期待,有利于稳定世界局势、推动对话合作。(完)








