
ဝါရှင်တန်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)
အမေရိကန်သမ္မတ ထရမ့်နှင့် အစ္စရေးနိုင်ငံ အိမ်စောင့်အစိုးရ ဝန်ကြီးချုပ် နေတန်ယာဟု တို့သည် ယမန်သီတင်းပတ်အကုန်တွင် ဖုန်းဖြင့်ဆက်သွယ်ရာ၌ အီရန်အပေါ်စစ်ရေးလှုပ်ရှားမှု ပြန်လည်လုပ်ဆောင်မည်လောနှင့် စပ်လျဉ်း၍ “ငရဲမီးပမာ အခြေအတင်ငြင်းခုံမှု” ဖြစ်ပွားခဲ့သည်ဟု အမေရိကန် Fox သတင်းချန်နယ်က နိုဝင်ဘာ ၁၁ ရက်တွင် အစ္စရေးမီဒီယာ၏သတင်းကို ကိုးကားဖော်ပြခဲ့သည်။
ဖုန်းဖြင့်ဆက်သွယ်ရာ၌ နေတန်ယာဟုက ထရမ့်အား စစ်ရေးလှုပ်ရှားမှုပြန်လည်စတင်ရန် တိုက်တွန်းခဲ့သော်လည်း ထရမ့်ကမူ အီရန်နှင့် သံခင်းတမန်ခင်းဖြင့် ဆွေးနွေးညှိနှိုင်းရန်သာ အကြံပြုခဲ့ကြောင်း အစ္စရေး Yedioth Ahronoth ဝက်ဘ်ဆိုက်၏ သတင်းကို ကိုးကား၍ ဖော်ပြထားသည်။ သတင်းရင်းမြစ်နှစ်ခုလုံး၌ ယခုအကြိမ် ဖုန်းဖြင့်ဆက်သွယ်မှုသည် “ခက်ခဲကြမ်းတမ်း” ရာမှ “ငရဲမီးပမာ အချေအတင်ငြင်းခုံမှု” ဖြစ်သွားသည်ဟု ဖော်ပြခဲ့ကြသည်။
အစ္စရေးဝန်ကြီးချုပ်ရုံးက အထက်ပါသတင်းဖော်ပြချက်သည် “သတင်းအတုများ” သာဖြစ်ပြီး “လုံးဝအဓိပ္ပာယ်မရှိ” ဟု တုံ့ပြန်ပြောကြားခဲ့ပြီး ဖုန်းဖြင့်ဆက်သွယ်ပြောဆိုရာ၌ အချေအတင်ဖြစ်ခဲ့သည်ဆိုခြင်းကို ငြင်းဆိုခဲ့သည်။ အစ္စရေး အဆင့်မြင့်အရာရှိတစ်ဦးက ဖုန်းဆက်သွယ်မှု ရှိခဲ့သည်ဟု Yedioth Ahronoth ထံ အတည်ပြုခဲ့ပြီး “ဒါက ခက်ခဲကြမ်းတမ်းတဲ့ ဆွေးနွေးမှုတစ်ခု လုံးဝမဟုတ်ပါဘူး” ဟု အလေးထား ပြောကြားခဲ့သည်။
ထို့ပြင် နေတန်ယာဟုသည် လတ်တလောတွင် ထရမ့်အား ဖုန်းဖြင့်“နေ့စဉ်” ဆက်သွယ်လျက်ရှိပြီး ၎င်းက အီရန်အပေါ် စစ်ရေးလှုပ်ရှားမှု ပြန်လည်စတင်ရန် တိုက်တွန်းနေကြောင်း ဗြိတိန် The Financial Times သတင်းစာတွင် ဖော်ပြထားသည်။
ယင်းသည် ထရမ့်နှင့် နေတန်ယာဟု တို့၏ ပထမဆုံးအကြိမ် ငြင်းခုံမှုမဟုတ်ပေ။ ယခုနှစ် ဇွန်လတွင် ထရမ့်သည် နေတန်ယာဟုအား ဖုန်းဖြင့်ဆက်သွယ်စဉ် လက်ဘနွန်တွင် အစ္စရေး၏စစ်ရေးလှုပ်ရှားမှုများ ပိုမိုပြင်းထန်လာခြင်းအပေါ် အလွန်မကျေနပ်ကြောင်း ထုတ်ဖော် ပြောကြားခဲ့ပြီး နေတန်ယာဟုသည် “ရူးသွပ်နေခြင်းသာဖြစ်သည်” ဟု ဒေါသကြီးစွာ ရှုတ်ချပြောဆိုခဲ့သည်ဟု မီဒီယာများက သတင်းဖော်ပြခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
特朗普与内塔尼亚胡被曝就伊朗问题“激烈争吵”
新华社华盛顿11月11日电 美国福克斯新闻频道11日转引以色列媒体消息报道称,美国总统特朗普与以色列看守政府总理内塔尼亚胡上周末通电话时,围绕是否重启对伊朗的军事行动爆发“地狱般的激烈争吵”。
报道转引以色列《新消息报》网站的消息称,内塔尼亚胡在通话中敦促特朗普重启军事行动,而特朗普则主张继续以外交途径推进与伊朗的谈判。两名消息人士透露,此次通话“艰难”,演变成一场“地狱般的激烈争吵”。
以色列总理办公室回应称上述报道为“假新闻”,“完全是无稽之谈”,否认通话具有对抗性。一名以色列高级官员向《新消息报》证实有过通话,但强调“这绝不是一场艰难的对话”。
另据英国《金融时报》报道,内塔尼亚胡最近“每天”给特朗普打电话,敦促他恢复对伊朗的军事行动。
这不是特朗普与内塔尼亚胡第一次发生争吵。今年6月,媒体爆料特朗普在与内塔尼亚胡通话过程中,因强烈不满以方升级在黎巴嫩的军事行动,怒斥内塔尼亚胡“简直疯了”。(完)
图说:2025年9月29日,在美国首都华盛顿白宫,美国总统特朗普(左)迎接到访的以色列总理内塔尼亚胡。新华社记者 胡友松 摄


fd6a02a45866cc26e5bc66aac8af7752cbed4a97.article_card.avif)





1509146bd4f107153d773bb69064897b4864f01b.article_card.avif)