စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် သပိတ်မှောက်လှုပ်ရှားမှု၌ ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
စပိန်နိုင်ငံ ဘာစီလိုနာမြို့တွင် သပိတ်မှောက်လှုပ်ရှားမှု၌ ပါဝင်နေသူများကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

မက်ဒရစ်၊ နိုဝင်ဘာ ၁၂ ရက် (ဆင်ဟွာ)

စပိန်နိုင်ငံတွင် နိုဝင်ဘာ ၁၁ ရက်က တစ်နိုင်ငံလုံးအသွင် သပိတ်မှောက်မှုနှင့် ဆန္ဒပြလှုပ်ရှားမှုဖြစ်ပွားခဲ့ရာ ဒေသအများအပြား၌ သပိတ်မှောက်သူနှင့် ရဲတပ်ဖွဲ့ဝင်များ ပဋိပက္ခများဖြစ်ပွားခဲ့ပြီး လူဦးရေ ၅၀ ကျော် ဖမ်းဆီးခံခဲ့ရသည်။ သပိတ်မှောက်မှုကြောင့် ဒေသအများအပြားတွင်လည်း လမ်းပန်းဆက်သွယ်ရေး အခက်အခဲများ ဖြစ်ပွားခဲ့ရာ အချို့သောအမြန်လမ်းနှင့် မြို့ပြ ပင်မလမ်းများတွင် လမ်းပိတ်ဆို့ခဲ့ပြီး ရထားလမ်းပို့ဆောင်ရေးအပေါ်လည်း သက်ရောက်မှုဖြစ်ခဲ့သည်။

မက်ဒရစ်၊ ဗယ်လာဒိုးလစ်၊ မာလာဂါ စသည့် ဒေသများတွင် နိုဝင်ဘာ ၁၁ ရက်က သပိတ်မှောက်သူနှင့် ရဲတပ်ဝင်များ ပဋိပက္ခများဖြစ်ပွားခဲ့ကြောင်း၊ ထိုနေ့ ညနေအထိ စပိန်နိုင်ငံတစ်ဝန်းတွင် ပြည်သူများအကြား မငြိမ်မသက်ဖြစ်စေမှု၊ တရားဥပဒေစိုးမိုးရေးကို ဖီဆန်မှု၊ ရဲတပ်ဖွဲ့ဝင်အား ကိုယ်ထိလက်ရောက်တိုက်ခိုက်မှု စသည့် ဥပဒေချိုးဖောက်သည့်လုပ်ရပ်များကြောင့် လူ အယောက် ၅၀ ကျော် ဖမ်းဆီးခံခဲ့ရကြောင်း စပိန်နိုင်ငံ RTVE ရုပ်သံလွှင့်ဌာန၏ ထိုနေ့သတင်းဖော်ပြချက်အရ သိရသည်။

သပိတ်မှောက်မှုသည် စပိန်နိုင်ငံ ဒေသအများအပြား၏ လမ်းပန်းဆက်သွယ်ရေးအပေါ်လည်း သက်ရောက်မှုဖြစ်ခဲ့သည်။ သပိတ်မှောက်သူများသည် မက်ဒရစ်၊ Catalonia ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စသည့် ဒေသများတွင် အမြန်လမ်းနှင့် မြို့တွင်းပင်မလမ်းကြောင်းများစွာကို ပိတ်ဆို့ခဲ့သဖြင့် လမ်းပိုင်းအချို့ လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်မှုများ ဖြစ်ပွားခဲ့ကြောင်း စပိန်နိုင်ငံ ပို့ဆောင်ဆက်သွယ်ရေးဌာနချုပ်က ထိုနေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။

စပိန်နိုင်ငံ အမျိုးသားရထားလမ်းကုမ္ပဏီ (Renfe) ၏ ကနဦးအချက်အလက်များအရ ထိုနေ့နံနက်ပိုင်းအထိ မြန်နှုန်းမြင့်ရထားနှင့် ခရီးဝေးရထားခရီးစဉ် ၂၄ ရာခိုင်နှုန်းခန့် ပယ်ဖျက်ခဲ့ရပြီး ရုံးတက်၊ရုံးဆင်းချိန်ပြေးဆွဲပေးသည့် ခရီးသည်တင်မီးရထားနှင့် အခြားသော အများပြည်သူရထားလမ်း ဝန်ဆောင်မှုခရီးစဉ် ၁၀.၂ ရာခိုင်နှုန်းခန့်ကို ပယ်ဖျက်ခဲ့ရကြောင်း သိရသည်။

ယခုအကြိမ် သပိတ်မှောက်မှုကို စပိန်နိုင်ငံ အလုပ်သမားကော်မရှင် (CCOO) နှင့် အလုပ်သမား အမျိုးသားအဖွဲ့ချုပ် (UGT) တို့မှ စတင်ခဲ့ခြင်းဖြစ်ကာ အိမ်စရိတ်များ မြင့်တက်မှု၊ လုပ်ခနှင့်ဝယ်ယူသုံးစွဲနိုင်စွမ်းလျော့နည်းလာမှု စသည့်ပြဿနာများအား ဖြေရှင်းရန်၊ အများပြည်သူဝန်ဆောင်မှုများ တိုးတက်ကောင်းမွန်လာအောင် ဆောင်ရွက်ရန် တိုက်တွန်းထားသည်။

ယခုနှစ်ပိုင်းတွင် လူနေအိမ်ငှားခများ မြင့်တက်လာခြင်း၊ တန်ဖိုးသင့်အိမ်ယာ မလုံလောက်ခြင်း စသည့် ပြဿနာများကြောင့် စပိန်နိုင်ငံ လူမှုအသိုက်အဝန်းတွင် မကျေနပ်မှုများ ဆက်တိုက်ဖြစ်စေခဲ့သည်။ ယခုနှစ်အစောပိုင်းတွင် အသက် ၈၇ နှစ်အရွယ် အိမ်ငှားသူတစ်ဦး နှင်ထုတ်ခံရပြီးနောက် သေဆုံးသွားရသည့် ဖြစ်စဉ်ကြောင့် သီတင်းပတ်အနည်းငယ်အကြာ ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ရာ ယင်းသည်လည်း ယခုအကြိမ် သပိတ်မှောက်မှု ဖြစ်ပွားရခြင်း၏ အရေးကြီး နောက်ခံအကြောင်းအရာများအနက် တစ်ခုဖြစ်ပေသည်။

လက်ရှိကာလသည် စပိန်နိုင်ငံက လွှတ်တော်ရွေးကောက်ပွဲ ကျင်းပတော့မည့် ကာလနှင့် ကြုံကြိုက်လျက်ရှိရာ လူနေအိမ်ဥပဒေအမိန့်နှစ်ရပ် လွှတ်တော်တွင် အတည်ပြုခြင်း မခံရသည့်အတွက် စပိန်နိုင်ငံ ဝန်ကြီးချုပ် Pedro Sanchez က နိုဝင်ဘာ ၂၉ ရက်တွင် လွှတ်တော်ရွေးကောက်ပွဲကို အချိန်စော၍ ကျင်းပမည်ဖြစ်သည်ဟု အောက်တိုဘာ ၁၀ ရက်တွင် ထုတ်ပြန်ကြေညာခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

西班牙发生全国性罢工 超50人被捕多地交通受阻

新华社马德里11月11日电(记者陈雨峥)西班牙11日发生全国性大罢工和示威活动,多地爆发罢工者与警方冲突,超50人被捕。罢工还导致多地交通受阻,部分高速公路和城市主要道路被封堵,铁路运输受到影响。  

据西班牙国家广播电视台11日报道,马德里、巴利亚多利德、马拉加等地当天发生罢工者与警方冲突。截至当天下午,西班牙全国已有超50人因涉嫌扰乱公共秩序、抗拒执法、袭击警员等违法行为被捕。  

罢工还对西班牙多地交通产生影响。据西班牙交通总局当天通报,罢工者在马德里、加泰罗尼亚自治区等地封堵多条高速公路和城市主要道路,造成部分路段交通中断。西班牙国家铁路公司公布的初步数据显示,截至当天上午,约24%的高铁及长途列车班次被取消,约10.2%的通勤班车及其他公共铁路服务班次被取消。  

此次大罢工由西班牙工人委员会和劳工总联盟组织发起,呼吁解决住房成本上涨、工资购买力下降等问题,并要求改善公共服务。近年来,住房租金上涨、可负担住房供应不足等问题持续引发西班牙社会不满。今年,一位87岁租户遭驱逐后去世一事曾引发持续数周的抗议,也是此次罢工的重要背景之一。  

当前正值西班牙即将举行议会选举之际。由于两项住房法令在议会受挫,西班牙首相桑切斯10月5日宣布,将于11月29日提前举行议会选举。(完)

图说1:11月11日,人们在西班牙巴塞罗那参加罢工。新华社发(胡安·戈萨摄)

图说2:11月11日,参与罢工的人们在西班牙首都马德里与警察对峙。新华社发(古斯塔沃·巴连特摄)