တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းနှင့် ကျန်းမာရေးထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များ ပြပွဲဧရိယာရှိ Johnson & Johnson ကုမ္ပဏီ ပြခန်း၌ split-type အမျိုးအစား ဝမ်းတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသသည့် စက်ရုပ်စနစ်အကြောင်း လေ့လာနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ အရှေ့ပိုင်း ရှန်ဟိုင်းမြို့တွင် ၉ ကြိမ်မြောက် တရုတ်နိုင်ငံတကာသွင်းကုန်ပြပွဲ (CIIE) ၏ ဆေးဘက်ဆိုင်ရာ အသုံးအဆောင်ပစ္စည်းနှင့် ကျန်းမာရေးထိန်းသိမ်းမှုဆိုင်ရာ ထုတ်ကုန်များ ပြပွဲဧရိယာရှိ Johnson & Johnson ကုမ္ပဏီ ပြခန်း၌ split-type အမျိုးအစား ဝမ်းတွင်းကြည့်မှန်ပြောင်းဖြင့် ခွဲစိတ်ကုသသည့် စက်ရုပ်စနစ်အကြောင်း လေ့လာနေသူတစ်ဦးကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၉ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ရှန်ဟိုင်း၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံ၏ အလွန်ကြီးမားသော ဈေးကွက်နှင့် တိုးတက်လာသော ဆန်းသစ်တီထွင်နိုင်စွမ်းတို့ကြောင့် အမေရိကန် ကုမ္ပဏီများသည် တရုတ်နိုင်ငံတကာ သွင်းကုန်ပြပွဲ (CIIE) တွင် ပိုမိုကျယ်ကျယ်ပြန့်ပြန့် ပါဝင်လာကြောင်း ရှန်ဟိုင်းမြို့ရှိ အမေရိကန် ကုန်သည်ကြီးများအသင်း (AmCham Shanghai) ဥက္ကဋ္ဌ အဲရစ် ကျိန့်က ပြောကြားခဲ့သည်။

အမေရိကန် ကုမ္ပဏီများသည် အဆိုပါပြပွဲတွင် ပြပွဲဧရိယာ ခင်းကျင်းပြသမှုအများဆုံးအဖြစ် ၈ ကြိမ်ဆက်တိုက် ဦးဆောင်နိုင်ခဲ့ကြောင်း၊ ယခုနှစ်တွင် AmCham Shanghai နှင့် အမေရိကန် စိုက်ပျိုးရေးဝန်ကြီးဌာနတို့ ပူးပေါင်းစီစဉ်သည့် အမေရိကန် အစားအသောက်နှင့် စိုက်ပျိုးရေးပြခန်း၏ စတုရန်းမီတာ ၄၀၀ အထိ စံချိန်တင် ကျယ်ဝန်းသော ပြပွဲဧရိယာ၌ ကုမ္ပဏီနှင့် အဖွဲ့အစည်းပေါင်း ၄၀ ကျော် ပါဝင်ပြသလျက်ရှိကြောင်း ကျိန့်က ပြောကြားခဲ့သည်။

ပြပွဲပထမနေ့၌ပင် အဆိုပါပြခန်း၌ အမေရိကန်ဒေါ်လာ သန်း ၆၅၀ ကျော်တန်ဖိုးရှိ စာချုပ် ၆ ခုကို သဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့ကြောင်း AmCham Shanghai ၏ ထုတ်ပြန်ချက်အရ သိရသည်။

"တရုတ်ဈေးကွက်ဟာ အလွန့်အလွန် ကြီးမားတဲ့အတွက် ကျွန်တော်တို့အနေနဲ့ အထူးအလေးထားပါတယ်" ဟု ကျိန့်က ပြောကြားခဲ့ပြီး အသင်းအနေဖြင့် အမေရိကန် စိုက်ပျိုးရေးအသင်းအဖွဲ့များနှင့် ပူးပေါင်းကာ အသေးစားလုပ်ငန်းများနှင့် တောင်သူများကို တရုတ်နိုင်ငံမှ ဝယ်လက်များနှင့် ချိတ်ဆက်နိုင်အောင် ကူညီဆောင်ရွက်ပေးလျက်ရှိကြောင်း ထည့်သွင်းပြောဆိုခဲ့သည်။

ထို့ပြင် ကုမ္ပဏီအများအပြားသည် နိုင်ငံတကာ၌ ပထမဆုံးအကြိမ် မိတ်ဆက်ပြသမှုများ အပါအဝင် ထုတ်ကုန်သစ်များကို မိတ်ဆက်ရန် CIIE ပြပွဲကို ပိုမိုအသုံးပြုလာကြသည်ဟု ကျိန့်က မှတ်ချက်ပြုခဲ့သည်။  ထိပ်တန်း နိုင်ငံတကာကုမ္ပဏီကြီးများ၏ အမှုဆောင်ချုပ်များကိုယ်တိုင် တက်ရောက်မှု ပိုမိုများပြားလာခြင်းကလည်း အဆိုပါပြပွဲ၏ အရေးပါမှုကို ပေါ်လွင်စေကြောင်း၊ ဥပမာအားဖြင့် Medtronic ကုမ္ပဏီ အမှုဆောင်ချုပ် ဂျက်ဖ် မာသာက ကုမ္ပဏီ၏ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲရေးအဖွဲ့တစ်ဖွဲ့လုံးကို တရုတ်နိုင်ငံသို့ ခေါ်ဆောင်လာခဲ့ကြောင်း ၎င်းက ထောက်ပြပြောဆိုခဲ့သည်။

၎င်းက ဇီဝဆေးဝါးကဏ္ဍကို ပူးပေါင်းဆောင်ရွက်နိုင်သည့် အလားအလာရှိသော နယ်ပယ်တစ်ခုအဖြစ် ညွှန်းဆိုခဲ့ပြီး ကနဦးအဆင့် ဆေးဝါးများ ထုတ်လုပ်နေသည့် တရုတ်ကုမ္ပဏီများသည် Johnson & Johnson နှင့် Pfizer ကဲ့သို့သော အမေရိကန်ကုမ္ပဏီများနှင့် မိတ်ဖက်အဖြစ်ပူးပေါင်းကာ လက်တွေ့ဆေးဝါးစမ်းသပ်မှုများ တိုးမြှင့်ဆောင်ရွက်နိုင်ပြီး ဆေးဝါးသစ်များကို ကမ္ဘာ့ဈေးကွက်သို့ တင်ပို့နိုင်မည်ဖြစ်သဖြင့် နှစ်ဖက်စလုံးအတွက် အကျိုးဖြစ်ထွန်းစေနိုင်သည်ဟု ဆိုသည်။

"တရုတ်နိုင်ငံမှာ ဆန်းသစ်တီထွင်မှုတွေ အများကြီးပိုမိုတိုးတက်လာတာကို ကျွန်တော်တို့ မြင်တွေ့ရပါတယ်" ဟု ကျိန့်က ပြောကြားခဲ့ပြီး ကမ္ဘာတစ်ဝန်း မူပိုင်ခွင့်လျှောက်ထားမှုများတွင် တရုတ်နိုင်ငံက ထိပ်တန်းနေရာ၌ ရပ်တည်နေမှုကိုလည်း ထောက်ပြပြောဆိုခဲ့သည်။ (Xinhua)

…………………………

(English Version)

U.S. firms deepen CIIE engagement with eye on opportunities in China: AmCham Shanghai president

SHANGHAI, Nov. 10 (Xinhua) -- U.S. companies are deepening their engagement with the China International Import Expo (CIIE), attracted by China's vast market and growing innovation capabilities, said Eric Zheng, president of the American Chamber of Commerce in Shanghai (AmCham Shanghai).

U.S. firms have led in exhibition space for eight consecutive editions, Zheng said, noting that this year, the American Food and Agriculture Pavilion, jointly organized by AmCham Shanghai and the U.S. Department of Agriculture, spans a record 400 square meters, with more than 40 companies and organizations participating.

Six deals worth over 650 million U.S. dollars were signed at the pavilion on the first day, according to AmCham Shanghai.

"We attach great importance to the Chinese market because the market is very, very big," Zheng said, adding that the chamber works with U.S. agricultural associations to help smaller businesses and farmers reach Chinese buyers.

Zheng noted that more companies are using the CIIE to launch new products, including global debuts. The growing presence of top multinational executives also reflects the importance attached to the expo. Medtronic CEO Geoff Martha, for example, brought the company's entire global management team to China.

He cited biopharmaceuticals as a potential area for cooperation, where Chinese firms developing early-stage drugs could partner with U.S. companies such as Johnson & Johnson and Pfizer to advance clinical trials and bring new medicines to global markets, benefiting both sides.

"We see a lot more innovation happening in this country," Zheng said, pointing to China's leading position worldwide in patent applications.

Photo caption: A visitor learns about a split-type laparoscopic surgical robot system at the booth of Johnson & Johnson at the exhibition area of Medical Equipment and Health Care Products during the ninth China International Import Expo (CIIE) in east China's Shanghai, Nov. 9, 2026. (Xinhua/Cao Mengyao)