တူနီးရှားနိုင်ငံ မြို့တော် တူနီးရှားရှိ တူနီးရှားအာဖရိကသတင်းဌာန (TAP) ရုံးခန်းတွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားနေသော TAP ဥက္ကဋ္ဌ Najeh Missaoui အား ၂၀၂၅ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တူနီးရှားနိုင်ငံ မြို့တော် တူနီးရှားရှိ တူနီးရှားအာဖရိကသတင်းဌာန (TAP) ရုံးခန်းတွင် ဆင်ဟွာသတင်းထောက်၏ သီးသန့်တွေ့ဆုံမေးမြန်းမှုကို လက်ခံဖြေကြားနေသော TAP ဥက္ကဋ္ဌ Najeh Missaoui အား ၂၀၂၅ ခုနှစ် မတ် ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တူနီးရှား၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တူနီးရှား အာဖရိကသတင်းဌာန (TAP) ၏ ဥက္ကဋ္ဌ Najeh Missaoui က ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးသည် ကမ္ဘာလုံးဆိုင်ရာ မီဒီယာနှင့် Think Tank အဖွဲ့များအကြား ဆွေးနွေးမှုနှင့်အတွေ့အကြုံဖလှယ်မှု ပြုလုပ်ရန် အရေးပါသော ပလက်ဖောင်းတစ်ရပ်ကို ပံ့ပိုးပေးပြီး ဘက်အသီးသီးက အမြင်သဘောထားဖလှယ်ခြင်းအပေါ် အဓိကထားရာမှ ခိုင်မာ၍ ရေရှည်တည်တံ့သော ပူးပေါင်းဆောင်ရွက်မှုအစီအစဉ်များ စတင်ခြင်းအဆင့်သို့ ကူးပြောင်းရန် တွန်းအားပေးလျက်ရှိသည်ဟု မကြာသေးမီရက်က ဆင်ဟွာသတင်းဌာနမှ သတင်းထောက်၏ သီးသန့်မေးမြန်းမှုကို လက်ခံဖြေကြားစဉ် ပြောကြားခဲ့သည်။

Missaoui က ထိပ်သီးအစည်းအဝေးသည် မီဒီယာအဖွဲ့အစည်းများအကြား မိတ်ဖက်ဆက်ဆံရေးတည်ထောင်ရန်၊ ဘာသာစကားစုံလင်စွာဖြင့် သတင်းအကြောင်းအရာများထုတ်လွှင့်မှုကို မြှင့်တင်ရန်၊ ယုံကြည်စိတ်ချရသောသတင်းအချက်အလက်နှင့် ပညာရှင်အတွေ့အကြုံဖလှယ်မှုကို မြှင့်တင်ရန် အထောက်အကူပြုသည်ဟု ထောက်ပြခဲ့သည်။

၇ ကြိမ်မြောက် ကမ္ဘာ့မီဒီယာထိပ်သီးအစည်းအဝေးကို နိုဝင်ဘာ ၅ ရက်မှ ၉ ရက်အထိ ပေကျင်းမြို့တွင် ကျင်းပခဲ့ပြီး ခေါင်းစဉ်မှာ “ဉာဏ်ရည်ထည့်သွင်းမှုဆိုင်ရာ ပြောင်းလဲမှုများအကြား မီဒီယာ၏တာဝန်နှင့် ပူးပေါင်းဆောင်ရွက်ရေး လှုပ်ရှားမှု” ဟူ၍ ဖြစ်သည်။

ကမ္ဘာလုံးဆိုင်ရာ အတိုင်းအတာအနေဖြင့် ဉာဏ်ရည်တု၏ အရှိန်အဟုန်ဖြင့် ဖွံ့ဖြိုးတိုးတက်လာမှုသည် မီဒီယာလုပ်ငန်းကို အရှိန်အဟုန်ဖြင့် အပြောင်းအလဲများ ဖြစ်ပေါ်စေရန် တွန်းအားပေးလျက်ရှိသည်ဟု Missaoui က ယူဆသည်။ ဉာဏ်ရည်တုနည်းပညာသည် သတင်းအချက်အလက် စုဆောင်းခြင်း၊ ဒေတာများ စီမံဆောင်ရွက်ခြင်းမှသည် အကြောင်းအရာထုတ်လုပ်ခြင်း၊ ဘာသာပြန်ခြင်း၊ တည်းဖြတ်ခြင်း၊ ထိုမှတစ်ဆင့် ဘာသာစကားနှင့် ယဉ်ကျေးမှု နောက်ခံ အမျိုးမျိုးရှိသော ပရိသတ်များထံ အကြောင်းအရာ ထုတ်ပြန်ခြင်းနှင့် ဖြန့်ဝေခြင်းစသည့် သတင်းလုပ်ငန်း၏ ကဏ္ဍအသီးသီး အတွက် စွမ်းဆောင်ရည် မြှင့်တင်ရန် အရေးပါသော အခွင့်အလမ်းများကို ဖန်တီးပေးလျက်ရှိသည်။

သို့သော် ၎င်းက တစ်ချိန်တည်းမှာပင် ဤအခွင့်အလမ်းများနှင့်အတူ ဉာဏ်ရည်တုမော်ဒယ်များမှ သယ်ဆောင်လာသော အန္တရာယ်များ၊ ဥပမာ- နက်နဲသည့်အတုအယောင်ဖန်တီးမှုများ၊ အယ်လ်ဂိုရီသမ် ဘက်လိုက်မှု၊ ဉာဏပစ္စည်းမူပိုင်ခွင့်ကာကွယ်မှု စသည်တို့ ဒွန်တွဲပါလာသည်ဟု ဆိုသည်။ “ဉာဏ်ရည်တုကို သတင်းလုပ်ငန်းအတွက် ဝန်ဆောင်မှုပေးသည့် ကိရိယာတစ်ခုအဖြစ်သာ အသုံးပြုသင့်ပြီး သတင်းသမားများနှင့် ၎င်းတို့၏လုပ်ငန်းတာဝန်များကို အစားထိုးရန်မဟုတ်” ဟု Missaoui က ပြောကြားခဲ့သည်။ (Xinhua)

သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။

https://www.xinhuanet.com/20261107/38a625646bee431e93cdb4c5964ed268/c.html

……………………………..

(Chinese Version)

专访|世界媒体峰会为全球媒体对话提供重要平台——访突尼斯非洲通讯社社长米萨维

新华社突尼斯11月7日电 专访|世界媒体峰会为全球媒体对话提供重要平台——访突尼斯非洲通讯社社长米萨维  

新华社记者周昊瑾  

突尼斯非洲通讯社(突通社)社长纳杰赫·米萨维近日在接受新华社记者专访时表示,世界媒体峰会为全球媒体与智库开展对话和经验交流提供了重要平台,推动各方从聚焦观点分享转向启动具体、可持续的合作倡议。  

米萨维指出,峰会有助于推动媒体机构建立伙伴关系,促进多语言内容生产,并促进可靠信息与专业经验交流。  

第七届世界媒体峰会于11月5日至9日在北京举行,主题为“智能变革中的媒体使命与合作行动”。  

米萨维认为,在全球范围内,人工智能的飞速发展正推动媒体行业发生深刻变革。人工智能技术为新闻工作的各个环节——从信息搜集、数据处理,到内容生产、翻译、编辑,乃至面向不同语言和文化背景受众的内容发布与传播——创造了提升效能的重大机遇。

但他同时表示,这些机遇也伴随着人工智能模型带来的风险,如深度伪造、算法偏见、知识产权保护等。“人工智能必须始终作为服务于新闻业务的工具,而不能取代新闻工作者及其应承担的专业责任。”米萨维说。

https://www.xinhuanet.com/20261107/38a625646bee431e93cdb4c5964ed268/c.html

图说:2025年3月1日,突尼斯非洲通讯社社长米萨维在位于突尼斯首都突尼斯市的办公室接受新华社记者专访。 新华社记者 黄灵 摄