
အစ္စတန်ဘူလ်၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ဒုတိယသမ္မတ ဟန်ကျိန့်သည် အစ္စတန်ဘူလ်မြို့၌ နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် တရုတ်-တူကီယဲ အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှု စီးပွားရေးဖိုရမ်သို့ တူကီယဲနိုင်ငံ ဒုတိယသမ္မတ ဂျေဒက် ယီလ်မက်ဇ်နှင့်အတူ တက်ရောက်ခဲ့ပြီး နှစ်နိုင်ငံအနေဖြင့် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုနှင့် ကုန်သွယ်ရေးကဏ္ဍတို့တွင် ပိုမိုနက်ရှိုင်းစွာပူးပေါင်းဆောင်ရွက်ရေးအတွက် တိုက်တွန်းပြောကြားခဲ့သည်။
အခမ်းအနား၌ မိန့်ခွန်းပြောကြားရာတွင် ဟန်က တရုတ်-တူကီယဲ ဆက်ဆံရေးသည် နှစ်နိုင်ငံ ခေါင်းဆောင်နှစ်ဦး၏ မဟာဗျူဟာမြောက် လမ်းညွှန်မှုအောက်တွင် တည်ငြိမ်ကောင်းမွန်စွာ တိုးတက်လျက်ရှိကြောင်း၊ တူကီယဲနိုင်ငံသည် အနောက်အာရှဒေသ၌ တရုတ်နိုင်ငံ၏ အရေးပါသော စီးပွားရေးနှင့် ကုန်သွယ်ရေး မိတ်ဖက်နိုင်ငံဖြစ်သည့်အပြင် ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးပေါင်းဆောင်ရွက်မှု၏ အရေးပါသော မိတ်ဖက်နိုင်ငံလည်းဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။
တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံခေါင်းဆောင်များအကြား ရရှိထားသော အရေးကြီးဘုံသဘောတူညီချက်များကို အပြည့်အဝ အကောင်အထည်ဖော်ရန်၊ ကဏ္ဍပေါင်းစုံ၌ လက်တွေ့ပူးပေါင်းဆောင်ရွက်မှုများ စဉ်ဆက်မပြတ် နက်ရှိုင်းစေရန်၊ တရုတ်-တူကီယဲ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်သည့် ဆက်ဆံရေးကို ပိုမိုမြင့်မားသောအဆင့်သို့ တိုးမြှင့်ရန် တူကီယဲနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း ဟန်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံ ဒုတိယသမ္မတက နှစ်နိုင်ငံအကြား အစိမ်းရောင် စီးပွားရေးနှင့် ကုန်သွယ်ရေး ပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းရေးအတွက် အဆိုပြုချက် ၃ ရပ် ထုတ်ပြန်ကြေညာခဲ့သည်။
ပထမအချက်တွင်အဆိုပြုထားသည်မှာ တရုတ်နိုင်ငံနှင့် တူကီယဲ နိုင်ငံတို့သည် အစိမ်းရောင် ဖွံ့ဖြိုးတိုးတက်မှု မဟာဗျူဟာများကို ပိုမိုဟန်ချက်ညီစွာ ချိတ်ဆက်ဆောင်ရွက်သင့်ကြောင်း ဖြစ်သည်။ တရုတ်နိုင်ငံအနေဖြင့် မိမိတို့၏ လူမှုစီးပွား ဖွံ့ဖြိုးတိုးတက်မှုကို ဘက်ပေါင်းစုံမှ အစိမ်းရောင်အသွင်ကူးပြောင်းရာတွင်လည်းကောင်း၊ လူသားမျိုးနွယ်တို့နှင့် သဘာဝတရားအကြား သဟဇာတဖြစ်သော ခေတ်မီအသွင်ပြောင်းမှု ဖော်ဆောင်ရာတွင်လည်းကောင်း မမှိတ်မသုန် ဆောင်ရွက်လျက်ရှိသည်။ တရုတ်နိုင်ငံသည် တူကီယဲနိုင်ငံ၏ ၂၀၅၃ ခုနှစ် ကာဗွန်အသားတင်ထုတ်လွှတ်မှု သုညအဆင့်ရောက်ရှိရေး မျှော်မှန်းချက်ကို ချီးကျူးဂုဏ်ပြုကာ တူကီယဲနိုင်ငံနှင့်အတူ စိတ်ကူးစိတ်သန်းနှင့် အတွေ့အကြုံဖလှယ်မှုများ တိုးမြှင့်လုပ်ဆောင်လျက် သယံဇာတအရင်းအမြစ် ထိန်းသိမ်းရေး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် စိမ်းလန်း၍ ကာဗွန်ထုတ်လွှတ်မှုနည်းသော ဖွံ့ဖြိုးတိုးတက်မှု လမ်းကြောင်းဆီသို့ အတူတကွ လျှောက်လှမ်းသွားလိုသည်။
ဒုတိယချက်အနေဖြင့် နှစ်ဖက်သည် အစိမ်းရောင်နည်းပညာနှင့် စက်မှုကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖော်ဆောင်သင့်ပေသည်။ တရုတ်နိုင်ငံသည် ကမ္ဘာပေါ်တွင် ကောင်းမွန်ပြည့်စုံမှုအရှိဆုံး စွမ်းအင်သစ်သုံး စက်မှုလုပ်ငန်းကွင်းဆက်ကို ပိုင်ဆိုင်ထားပြီး နေရောင်ခြည်စွမ်းအင်ဖြင့် လျှပ်စစ်ထုတ်လုပ်ခြင်း၊ လေစွမ်းအင်နှင့် စွမ်းအင်သိုလှောင်မှု စသည့် နယ်ပယ်များတွင် ခိုင်မာသေချာသော နည်းပညာများနှင့် ဘက်စုံထောင့်စုံမှ ပံ့ပိုးပေးနိုင်သည့် စက်မှုလုပ်ငန်းများရှိသည်။ ယင်းစက်မှုလုပ်ငန်းများသည် တူကီယဲနိုင်ငံ၏ စွမ်းအင်အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေး လိုအပ်ချက်များကို များစွာ ဖြည့်စွက်ပံ့ပိုးပေးနိုင်စွမ်းရှိသည်။
အရည်အသွေးမြင့်မားသော အစိမ်းရောင်စီမံကိန်းများ ပိုမိုအကောင်အထည်ဖော်နိုင်ရေး၊ တူကီယဲနိုင်ငံ၏ စွမ်းအင်သစ်သုံး စက်မှုကဏ္ဍ ယှဉ်ပြိုင်နိုင်စွမ်း မြှင့်တင်ပေးရေး၊ အပြန်အလှန်အကျိုးဖြစ်ထွန်း၍ နှစ်ဦးနှစ်ဖက် အကျိုးရလဒ်များ ပိုမိုအဆင့်မြင့်မားစွာ ရရှိရေးအတွက် တရုတ်နိုင်ငံအနေဖြင့် နှစ်နိုင်ငံ စီးပွားရေးလုပ်ငန်းများအကြား စက်မှုနှင့် နည်းပညာကဏ္ဍ ပူးပေါင်းဆောင်ရွက်မှု ပိုမိုနက်ရှိုင်းစေရန်နှင့် ဒေသတွင်းလိုအပ်ချက်နှင့်အညီ ကုန်ထုတ်လုပ်မှုများ လုပ်ဆောင်သွားရန် အားပေးထောက်ခံကြောင်း ဟန်က ပြောကြားခဲ့သည်။
တတိယအချက်အနေဖြင့် နှစ်ဖက်သည် နိုင်ငံစုံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုနက်ရှိုင်းအောင် လုပ်ဆောင်သင့်သည်။ တရုတ်နိုင်ငံနှင့် တူကီယဲနိုင်ငံတို့သည် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတု စီမံခန့်ခွဲမှု အခန်းကဏ္ဍတွင် သဘောထားရပ်တည်ချက်ချင်း တူညီကြသည်။ ၃၁ ကြိမ်မြောက် ကုလသမဂ္ဂ ရာသီဥတုပြောင်းလဲမှုဆိုင်ရာ ညီလာခံ၏ သဘာပတိအဖြစ် တာဝန်ယူလျက် ကမ္ဘာလုံးဆိုင်ရာ ရာသီဥတုစီမံခန့်ခွဲမှုကို တိုးမြှင့်ဆောင်ရွက်ရာတွင် အရေးပါသော ပံ့ပိုးကူညီမှုများအတွက် တူကီယဲနိုင်ငံအား တရုတ်နိုင်ငံက ချီးကျူးဂုဏ်ပြုကာ အဆိုပါညီလာခံမှ ရလဒ်ကောင်းများ ထွက်ပေါ်လာရေးအတွက် တူကီယဲနိုင်ငံနှင့် လက်တွဲဆောင်ရွက်သွားလိုကြောင်း စသည်ဖြင့် ဖော်ပြပါရှိပါသည်။ (Xinhua)
သတင်းအပြည့်အစုံကို ဖော်ပြပါလင့်ခ်မှတစ်ဆင့် ဝင်ရောက်ဖတ်ရှုနိုင်ပါသည်။
https://english.news.cn/20261110/be9dc653c9e147fab01a305ed22c1516/c.html

..................................
(English Version)
China, Türkiye pledge to deepen green development cooperation
ISTANBUL, Nov. 9 (Xinhua) -- Chinese Vice President Han Zheng on Monday attended the China-Türkiye Green Development Business Forum in Istanbul together with Turkish Vice President Cevdet Yilmaz, calling for deeper cooperation between the two countries in green development and trade.
In his speech, Han said that China-Türkiye relations have maintained sound and steady development under the strategic guidance of the two countries' heads of state, noting that Türkiye is an important economic and trade partner of China in West Asia and an important partner in Belt and Road cooperation.
China is willing to work with Türkiye to fully implement the important consensus reached by the two heads of state, continuously deepen practical cooperation in various fields, and promote the development of the China-Türkiye strategic cooperative relationship to a higher level, Han said.
The Chinese vice president put forward three proposals for deepening green economic and trade cooperation between the two countries.
First, the two sides should strengthen alignment between their green development strategies. China is unwavering in promoting a comprehensive green transformation of its economic and social development and in pursuing modernization featuring harmony between humanity and nature. China appreciates Türkiye's 2053 net-zero emissions target and is willing to enhance exchanges of ideas and experience with Türkiye, jointly pursuing a sustainable development path characterized by resource conservation, environmental protection, and green and low-carbon growth.
Second, the two sides should advance cooperation in green technologies and industries. China has the world's most complete new energy industrial chain, with mature technologies and comprehensive supporting industries in areas such as solar photovoltaics, wind power and energy storage. These industries are highly complementary to Türkiye's needs for energy transition and development.
China encourages and supports enterprises from both countries in deepening industrial and technological cooperation and pursuing localized production, so as to facilitate the implementation of more high-quality green projects, enhance the competitiveness of Türkiye's new energy industry, and achieve mutually beneficial and win-win outcomes at a higher level, according to Han.
Third, the two sides should deepen multilateral cooperation. China and Türkiye share similar positions on global climate governance. China appreciates Türkiye's important contributions to advancing global climate governance as the country holding the presidency of the 31st United Nations Climate Change Conference and is willing to work with Türkiye to promote positive outcomes at the conference.
https://english.news.cn/20261110/be9dc653c9e147fab01a305ed22c1516/c.html
Photo caption 1: Chinese Vice President Han Zheng addresses the China-Türkiye Green Development Business Forum in Istanbul, Türkiye, Nov. 9, 2026. (Xinhua/Wang Ye)
Photo caption 2: Chinese Vice President Han Zheng shakes hands with Turkish Vice President Cevdet Yilmaz ahead of the China-Türkiye Green Development Business Forum in Istanbul, Türkiye, Nov. 9, 2026. (Xinhua/Wang Ye)








