ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များ ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် အနုပညာရှင်များ ဖျော်ဖြေတင်ဆက်နေသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

ဒါကာ၊ နိုဝင်ဘာ ၁၀ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံသည် နိုဝင်ဘာ ၉ ရက်က ကျင်းပသည့် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ (YOG) တွင် ပထမဆုံးအကြိမ် အမျိုးသမီး အလှပြကျွမ်းဘား အဖွဲ့လိုက် ရွှေတံဆိပ်ကို ဆွတ်ခူးခဲ့ကြောင်း သိရသည်။ ချန်ကျီယန်း၊ ရှဲ့ကူရင်းနှင့် ကျုံးချီတို့က စုစုပေါင်း ရမှတ် ၁၀၇.၇၉၈ မှတ် ရရှိခဲ့ပြီး ဂျပန်အသင်းကို ၀.၂၃၄ မှတ် အသာဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။

ပြင်သစ်အသင်းက ၁၀၅.၂၃၁ မှတ်ဖြင့် ကြေးတံဆိပ်ရရှိခဲ့ပြီး အီတလီအသင်းက စတုတ္ထနေရာတွင် ရပ်တည်ခဲ့သည်။

ဒါကာ ၂၀၂၆ ပြိုင်ပွဲတွင် လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ အစီအစဉ်၌ အနုပညာကျွမ်းဘား အဖွဲ့လိုက် ဗိုလ်လုပွဲကို ပထမဆုံးအကြိမ် ထည့်သွင်းကျင်းပခဲ့ခြင်းဖြစ်သည်။ ဗိုလ်လုပွဲသို့ တက်ရောက်လာသည့် အသင်းရှစ်သင်းသည် vault ပြိုင်ပွဲ၊ uneven bars ပြိုင်ပွဲ၊ balance beam ပြိုင်ပွဲနှင့် floor exercise ပြိုင်ပွဲ စသည့် အားကစားနည်းလေးမျိုးတွင် အလှည့်ကျ ယှဉ်ပြိုင်ခဲ့ကြသည်။ အသင်းတစ်သင်းစီတွင် အရန်ကစားသမားမပါဘဲ ကျွမ်းဘားအားကစားသမား သုံးဦးစီ ရွေးချယ်ယှဉ်ပြိုင်ခဲ့ကြသည်။

“၃-၂-၂” ပြိုင်ပွဲစည်းမျဉ်းအရ ဗိုလ်လုပွဲတွင် အားကစားနည်းတစ်မျိုးစီအတွက် အားကစားသမား နှစ်ဦးသာ ဝင်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး ၎င်းတို့နှစ်ဦးစလုံး၏ ရမှတ်များကို အသင်း၏ စုစုပေါင်းရမှတ်တွင် ထည့်သွင်းတွက်ချက်သည်။ ယင်းစည်းမျဉ်းကြောင့် အသင်းအတွက် အားကစားသမား ရွေးချယ်မှုနှင့် တည်ငြိမ်စွာ ယှဉ်ပြိုင်နိုင်မှုတို့မှာ အလွန်အရေးပါလာပြီး လေ့ကျင့်ခန်းတစ်ကြိမ်တွင် အမှားတစ်ခု ပြုလုပ်မိရုံဖြင့်ပင် အနိုင်ရရှိရေးအတွက် အခက်အခဲဖြစ်စေနိုင်သည်။

vault ခုန်ခြင်းအပြီးတွင် ဂျပန်အသင်းက ၁.၅၃၃ မှတ်ဖြင့် ဦးဆောင်နေခဲ့သည်။ တရုတ်အသင်းသည် uneven bars ပြိုင်ပွဲတွင် ရမှတ်ကွာဟချက်ကို လျှော့ချနိုင်ခဲ့ပြီး balance beam ပြိုင်ပွဲတွင် ဦးဆောင်နိုင်ခဲ့သည်။ ယင်းပြိုင်ပွဲတွင် ချန်ကျီယန်း၏ ၁၄.၂၆၆ မှတ်သည် အဆိုပါအားကစားနည်း၌ အမြင့်ဆုံးရမှတ်ဖြစ်ခဲ့သည်။ ရှဲ့ကူရင်း ကလည်း uneven bars ပြိုင်ပွဲတွင် ၁၄.၂၃၃ မှတ် ရရှိခဲ့သည်။

“ကျွန်မတို့အသင်းလိုက် အစွမ်းကုန် ကြိုးစားယှဉ်ပြိုင်ခဲ့ကြတာပါ။ ဒါကြောင့် အတူတကွ ကြိုးစားအားထုတ်ခဲ့ကြတာက အရေးအကြီးဆုံးပါပဲ” ဟု ရှဲ့ကူရင်း က ပြောကြားခဲ့သည်။

တရုတ်အမျိုးသား ကျွမ်းဘားအသင်းသည်လည်း နိုဝင်ဘာ ၉ ရက်တွင် ရွှေတံဆိပ် ဆွတ်ခူးနိုင်ခဲ့သည်။ လီလဲ့ကျိန့်၊ ယန်လန်ပင်းနှင့် ကျောက်ရွေ့ယန် တို့က စုစုပေါင်း ၁၅၈.၄၆၃ မှတ် ရရှိခဲ့ပြီး ဂျပန်အသင်းကို ၂.၂၃၃ မှတ် အသာဖြင့် အနိုင်ရရှိခဲ့သည်။ ဗြိတိန်အသင်းက ကြေးတံဆိပ်ရရှိခဲ့သည်။

နိုဝင်ဘာ ၁၀ ရက်တွင် ကျင်းပမည့် တစ်ဦးချင်း စုပေါင်းပြိုင်ပွဲ ဗိုလ်လုပွဲများသို့ အာရုံစိုက်လာကြမည်ဖြစ်ပြီး တရုတ်အသင်းကိုယ်စား ယန်လန်ပင်းနှင့် လီလဲ့ကျိန့်တို့ ဝင်ရောက်ယှဉ်ပြိုင်မည်ဖြစ်သည်။ ရမှတ် ၈၀ ကျော် ရရှိထားသည့် တစ်ဦးတည်းသော အားကစားသမားဖြစ်ပြီး အရည်အချင်းစစ်ပြိုင်ပွဲတွင် အမြင့်ဆုံးရမှတ် ရရှိထားသော ဗြိတိန်နိုင်ငံသား ဥဇဲ ချောင်ဒရီသည် ၎င်းတို့အတွက် အဓိကပြိုင်ဘက် ဖြစ်လာနိုင်သည်။

အမျိုးသမီး တစ်ဦးချင်း ပြိုင်ပွဲတွင် ရှဲ့ကူရင်းနှင့် ကျုံးချီ တို့က ပထမနှင့် ဒုတိယနေရာများဖြင့် အရည်အချင်းစစ်ပြိုင်ပွဲအောင်မြင်ခဲ့ကြပြီး ရုရှားနိုင်ငံမှ ပိုလီနာ ဒီမီထရီယေဗာနှင့် ဂျပန်နိုင်ငံမှ ၂၀၂၅ ခုနှစ် လူငယ်ကမ္ဘာ့ချန်ပီယံ ယူမဲ မီနာမီနိုတို့ထက် အသာစီးရရှိခဲ့ကြောင်း သိရသည်။ (Xinhua)

ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က အားကစားကွင်းအတွင်း ချီတက်ဝင်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ဆီနီဂေါနိုင်ငံ ဒါကာမြို့၌ ကျင်းပသည့် ၂၀၂၆ လူငယ်အိုလံပစ်အားကစားပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် တရုတ်အားကစားကိုယ်စားလှယ်အဖွဲ့က အားကစားကွင်းအတွင်း ချီတက်ဝင်ရောက်လာသည်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၃၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

------------------------------------------

(English Version)

China edges Japan for inaugural women's gymnastics team gold at YOG

DAKAR, Nov. 9 (Xinhua) -- China won the first women's artistic gymnastics team gold medal at the Youth Olympic Games (YOG) on Monday, as Chen Ziyan, Xie Guying and Zhong Qi scored 107.798 points to edge Japan by 0.234 in Dakar.

France got bronze on 105.231, while Italy finished fourth.

Dakar 2026 marked the introduction of artistic gymnastics team finals to the Youth Olympic program. The eight finalists rotate through four apparatus, vault, uneven bars, balance beam and floor. Each team names three gymnasts with no reserves.

Under the "3-2-2" format, only two gymnasts perform on each apparatus in the final, and both scores count toward the team total, which puts a premium on line-up choices and consistency, with no room for a single bad routine.

Japan led by 1.533 points after vault. China cut the deficit on uneven bars and moved ahead on balance beam, where Chen's 14.266 was the highest score on the apparatus. Xie posted 14.233 on uneven bars.

"We fought as a team, so the effort we put in together is what matters most," Xie said.

China's men's gymnastics team also struck gold on Monday. Li Lezheng, Yang Lanbin and Zhao Ruiyang combined 158.463 points to beat Japan by 2.233. Britain took bronze.

Attention will turn to the individual all-around finals on Tuesday, with Yang Lanbin and Li Lezheng in the lineup for China. Britain's Uzair Chowdhury, the top qualifier and the only to score above 80, looms as their main rival.

Xie Guying and Zhong Qi qualified first and second, ahead of Russia's Polina Dmitrieva and Japan's Yume Minamino, the 2025 junior world champion.

Photo Caption 1 :Artists perform during the opening ceremony of the 2026 Youth Olympic Games in Dakar, Senegal, Oct. 31, 2026. (Xinhua/Yang Guang)

Photo Caption 2 :The delegation of China parades into the stadium during the opening ceremony. (Xinhua/Chen Wei)