
ပြုံယမ်း၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
မြောက်ကိုရီးယားက “ထောက်ပံ့ကူညီထားသည်” ဟူသော ဟက်ကာအဖွဲ့သည် ခရစ်တိုငွေကြေး အရောင်းအဝယ်ပြုလုပ်သည့် ပလက်ဖောင်း “ဘိုင်နန့်စ်” (Binance) မှ ခရစ်တိုငွေကြေး ကန်ဒေါ်လာဘီလီယံပေါင်းများစွာ ခိုးယူမှုဖြစ်ရပ်တွင် ပါဝင်ခဲ့သည်ဟု အမေရိကန် ဖက်ဒရယ် စုံစမ်းစစ်ဆေးရေးဗျူရို (FBI) က စွပ်စွဲခြင်းသည် မြောက်ကိုရီးယားအား “ဆိုက်ဘာ ပြစ်မှုကျူးလွန်သည့်နိုင်ငံ” အဖြစ် သိက္ခာချရန် ကြိုးပမ်းခြင်းဖြစ်သည်ဟု မြောက်ကိုရီးယားနိုင်ငံ အလုပ်သမားပါတီ ဗဟိုကော်မတီ၏ ဌာနညွှန်ကြားရေးမှူး ကင်ယိုဂျွန်က နိုဝင်ဘာ ၂ ရက်တွင် ပြောကြားချက် ထုတ်ပြန်ခဲ့ကြောင်း မြောက်ကိုရီးယား ဗဟိုသတင်းဌာန (KCNA) ၏ နိုဝင်ဘာ ၃ ရက် သတင်းအရ သိရသည်။
ကင်ယိုဂျွန်က နိုင်ငံတကာတွင် “ဆိုက်ဘာ ပြစ်မှုကျူးလွန်မှု” ဖြစ်ရပ်အမျိုးမျိုး ဖြစ်ပွားတိုင်း အမေရိကန်သည် ၎င်းကို မြောက်ကိုရီးယားနှင့် ချိတ်ဆက်သည်ဟု မျက်စိစုံမှိတ်ကာ ဆက်စပ်ပြောဆိုလေ့ရှိပြီး နိုင်ငံတကာအသိုင်းအဝိုင်းအကြား မြောက်ကိုရီးယားနှင့် ပတ်သက်၍ မှားယွင်းသော အမြင်တစ်ရပ် ဖြန့်ဝေရန် ကြိုးပမ်းလျက်ရှိကြောင်း၊ အမေရိကန်က နိုင်ငံတကာ လူထုအမြင်ကို လမ်းကြောင်းလွဲခြင်းသည် မြောက်ကိုရီးယားအပေါ် ပြင်းထန်သော နိုင်ငံရေးအရ စိန်ခေါ်ရန်စမှုဖြစ်ပြီး မြောက်ကိုရီးယား၏ နိုင်ငံတကာပုံရိပ်ကို ပျက်ပြားစေသည့် မြောက်ကိုရီးယားဆန့်ကျင်ရေး ကျူးလွန်မှုဖြစ်ကြောင်း ပြောကြားခဲ့သည်။
မြောက်ကိုရီးယားသည် အမေရိကန်၏ စိန်ခေါ်လှုံ့ဆော်မှု အပြုအမူအမျိုးမျိုးကို အနီးကပ် စောင့်ကြည့်လျက်ရှိပြီး အမေရိကန်၏ ရန်လိုသော သဘောထားကို ထည့်သွင်းစဉ်းစား၍ အချို့သော ကိစ္စရပ်များကို ပြန်လည်စဉ်းစားမည်ဖြစ်ကြောင်း ကင်ယိုဂျွန်က ပြောကြားခဲ့သည်။ (Xinhua)
………………………
(Chinese Version)
朝鲜驳斥美方加密货币盗窃指控
新华社平壤11月3日电(记者王天僚)据朝中社3日报道,朝鲜劳动党中央委员会部长金与正2日发表谈话说,美国联邦调查局声称所谓朝鲜“支援”的黑客组织参与加密货币交易平台“币安”数十亿美元加密货币盗窃事件,企图诋毁朝鲜为“网络犯罪国家”。
金与正说,每当国际上发生种种“网络犯罪”事件时,美国就盲目地把它与朝鲜挂钩,企图向国际社会散布错误的对朝认识。美国误导国际舆论,是对朝鲜严重的政治挑衅,是抹黑朝鲜国际形象的反朝侵权行为。
金与正表示,朝鲜密切关注美国的各种挑衅行为,且鉴于美国的敌对态度,将对一些问题重新考虑。(完)








