အိုမန်နိုင်ငံ မြောက်ပိုင်း မြို့ငယ်လေးဖြစ်သော Khasab တွင် ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း၏ လက်ရှိအခြေအနေကို ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အိုမန်နိုင်ငံ မြောက်ပိုင်း မြို့ငယ်လေးဖြစ်သော Khasab တွင် ဟော်မုဇ်ရေလက်ကြား တောင်ဘက်ခြမ်း၏ လက်ရှိအခြေအနေကို ၂၀၂၆ ခုနှစ် ဇွန် ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

လန်ဒန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)

အပြည်ပြည်ဆိုင်ရာ ပင်လယ်ရေကြောင်းအဖွဲ့ (IMO) အနေဖြင့် ဟော်မုဇ်ရေလက်ကြား လမ်းကြောင်းခွဲ ဖြတ်သန်းသွားလာရန် သတ်မှတ်ထားသော ပင်လယ်ရေပြင်တွင် ရေမြှုပ်မိုင်းများအား ရှင်းလင်းပြီး-မပြီးအခြေအနေကို အတည်ပြုနိုင်ခြင်း မရှိသေးသဖြင့် သင်္ဘောများဖြတ်သန်းသွားလာရေး ဘေးကင်းလုံခြုံမှုအတွက် အာမခံချက်မရှိကြောင်း၊ သို့ဖြစ်ရာ အဆိုပါရေလက်ကြား၌ သင်္ဘောများ ဖြတ်သန်းသွားလာရန် အကြံမပြုသေးကြောင်း IMO အတွင်းရေးမှူးချုပ် Arsenio Dominguez က နိုဝင်ဘာ ၂ ရက်တွင် ဗြိတိန်နိုင်ငံ လန်ဒန်မြို့၌ ပြောကြားခဲ့သည်။

လတ်တလောကာလတွင် သင်္ဘောများသည် “ခွင့်ပြုထားခြင်းမရှိသော” ရေလမ်းကြောင်းသို့ ဝင်ရောက်မောင်းနှင်နေကြခြင်းကြောင့် မိုင်းထိမိမှုများရှိသည်ဟု အီရန်ဘက်က အကြိမ်များစွာ ဆိုခဲ့သည်။ အမေရိကန်ဗဟိုကွပ်ကဲရေးဌာနချုပ် (CENTCOM) ကမှု မိုင်းထိမိသည်ဟူသော သက်ဆိုင်ရာပြောဆိုချက်ကို တရားဝင် ငြင်းဆိုခဲ့ပြီး ဟော်မုဇ်ရေလက်ကြား နိုင်ငံတကာရေလမ်းကြောင်းရှိ ရေမြှုပ်မိုင်းများအား ဖယ်ရှားထားပြီးဖြစ်သည်ဟု ဆိုခဲ့သည်။

Arsenio Dominguez က နိုဝင်ဘာ ၂ ရက်တွင် IMO ရုံးချုပ်၌ ကျင်းပသည့် သတင်းစာရှင်းလင်းပွဲတွင် ဆင်ဟွာသတင်းထောက်၏ ရေမြှုပ်မိုင်း ခြိမ်းခြောက်မှုနှင့်စပ်လျဉ်းသော မေးမြန်းမှုကို ဖြေကြားရာ၌ “ဖြတ်သန်းသွားလာဖို့ခွဲခြားသတ်မှတ်ပေးထားတဲ့ ရေလမ်းကြောင်းခွဲအတွင်းမှာ ရေမြှုပ်မိုင်းတွေ ရှင်းလင်းပြီးပြီလို့ အတည်ပြုထားတဲ့ဘယ်အချက်အလက်ကိုမျှ ကျွန်တော် လက်ခံရရှိထားတာ မရှိပါဘူး … ဒါကလည်း ဘယ်သူမဆို ဟော်မုဇ်ရေလက်ကြားကနေ စမ်းပြီး ဖြတ်သန်းသွားလာခြင်းကို ကျွန်တော်တို့ အကြံမပြုရတဲ့အကြောင်းရင်းပါ။ သင်္ဘောတွေ အဲဒီနေရာကို ရှောင်ကြဉ်ကြဖို့လည်း ကျွန်တော်အစဉ်အမြဲ တိုက်တွန်းနေပါတယ်” ဟု ပြောကြားခဲ့သည်။

လတ်တလောကာလတွင် သင်္ဘောတိုက်ခိုက်ခံရသည့် ဖြစ်စဉ်များစွာ ဖြစ်ပွားခဲ့ကြောင်း၊ သို့သော် ပဋိပက္ခဖြစ်သည့်ကာလအတွင်း စုံစမ်းစစ်ဆေးမှုလုပ်ဆောင်ရန် ခက်ခဲကြောင်း၊ ၎င်းအနက် ဖြစ်စဉ်အချို့သည် ရေမြှုပ်မိုင်း၊ ဒရုန်း သို့မဟုတ် ပဲ့ထိန်းဒုံးကျည် မည်သည်ကြောင့် ဖြစ်ပွားခြင်းကို အတည်မပြုနိုင်သေးကြောင်းလည်း Arsenio Dominguez က ဆိုခဲ့သည်။ ဟော်မုဇ်ရေလက်ကြား၌ ရေကြောင်းဖြတ်သန်းသွားလာမှုသည် “လုံခြုံမှုမရှိကြောင်း” လည်း ၎င်းက သတိပေးခဲ့သည်။

Arsenio Dominguez က IMO အနေဖြင့် အောက်တိုဘာလတွင် ဟော်မုဇ်ရေလက်ကြားနှင့် အနီးတစ်ဝိုက် ပင်လယ်ပြင်၌ သင်္ဘောတိုက်ခိုက်ခံရမှုဖြစ်စဉ် ၃၀ ခန့်ကို မှတ်တမ်းတင်ရရှိခဲ့ကြောင်း၊ အဆိုပါလသည် ယင်းအဖွဲ့အစည်းက မှတ်တမ်းရရှိထားမှုများအနက် သင်္ဘောတိုက်ခိုက်မှုဖြစ်စဉ် ဖြစ်ပွားမှု အများဆုံး လများအနက် တစ်လဖြစ်ကြောင်း၊ အချို့သောဖြစ်စဉ်များကြောင့် ပင်လယ်ပြင်၌ ဆီယိုစိမ့်ခြင်း သို့မဟုတ် အခြားသောညစ်ညမ်းမှုများ ဖြစ်စေခဲ့ကြောင်း ဆိုခဲ့သည်။

လက်ရှိတွင် ပင်လယ်ကွေ့ဒေသ၌ သင်္ဘောအစင်းရေ ၄၀၀ နီးပါးမှ စုစုပေါင်း သင်္ဘောသား ၆,၀၀၀ ခန့် သောင်တင်နေကြောင်း၊ IMO အနေဖြင့်  သင်္ဘောသားများအတွက် လိုအပ်သည့်ပစ္စည်းများနှင့် ကျန်းမာရေးစောင့်ရှောက်မှုများ ရရှိနိုင်ရေးနှင့် မိသားစုဝင်များနှင့် ဆက်သွယ်နိုင်ရေးများအတွက် ဒေသတွင်းနိုင်ငံများ၊ အပြည်ပြည်ဆိုင်ရာ သယ်ယူပို့‌ဆောင်ရေး အလုပ်သမားများအဖွဲ့ချုပ် (ITF) စသည်တို့နှင့် ညှိနှိုင်းဆောင်ရွက်ပေးလျက်ရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

国际海事组织:仍不建议船舶在霍尔木兹海峡航行

新华社伦敦11月2日电(记者高文成)国际海事组织秘书长多明格斯2日在伦敦表示,该组织无法确认霍尔木兹海峡分道通航制水域内水雷是否已被清除,船舶通行安全没有保障,仍不建议船舶在该海峡航行。  

近期,伊朗方面多次宣称,有船舶因驶入“未经授权”的航线而触雷。美军中央司令部则公开否认有关触雷说法,并称已清除霍尔木兹海峡国际航道内的水雷。  

多明格斯2日在国际海事组织总部举行的记者会上回答新华社记者有关水雷威胁的提问时说:“我没有收到任何关于分道通航制水域内水雷已被清除的确认信息……这也是我们不建议任何人尝试通行霍尔木兹海峡的原因。我一直呼吁船舶避开那里。”  

多明格斯还说,近期发生多起船舶被击中事件,但因冲突期间难以开展调查,其中部分事件尚无法确定究竟由水雷、无人机还是导弹造成。他提醒,在霍尔木兹海峡航行“并不安全”。  

多明格斯说,国际海事组织10月在霍尔木兹海峡及周边海域记录约30起袭船事件,当月是该组织记录的袭船事件最多的月份之一,部分事件还造成溢油或其他污染。目前近400艘船舶、共计约6000名海员滞留海湾地区。国际海事组织正与地区国家、国际运输工人联合会等协调,为海员提供物资、医疗及联络家属等方面支持。(完)

图说:这是6月20日在阿曼北部小镇海塞卜拍摄的霍尔木兹海峡南侧现状。新华社记者温新年摄