
အော်စလို၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
နော်ဝေနိုင်ငံတွင် အောက်တိုဘာလအတွင်း မှတ်ပုံတင်ခဲ့သည့် ခရီးသည်တင်ကားအသစ်များအနက် တရုတ်ကားအမှတ်တံဆိပ်များ၏ဝေစုမှာ ၂၂.၅ ရာခိုင်နှုန်းအထိ စံချိန်တင်မြင့်တက်ခဲ့ကာ ယမန်နှစ် အလားတူကာလက ၁၆.၉ ရာခိုင်နှုန်းသာ ရှိခဲ့ရာမှ မြင့်တက်လာခဲ့ခြင်းဖြစ်ကြောင်း နော်ဝေလမ်းများဆိုင်ရာ ဖက်ဒရေးရှင်း (OFV) က နိုဝင်ဘာ ၂ ရက်တွင် ထုတ်ပြန်ခဲ့သည်။
တရုတ်ကားအမှတ်တံဆိပ်များ၏ မှတ်ပုံတင်အရေအတွက်မှာ ၃,၅၃၄ စီးရှိခဲ့ပြီး ယမန်နှစ် အောက်တိုဘာလအတွင်းကမူ ၁,၈၇၉ စီးသာ ရှိခဲ့သည်။ အဆိုပါဝေစုပမာဏသည် ဇူလိုင်လက ရရှိခဲ့သည့် လအလိုက်စံချိန် ၂၂.၁ ရာခိုင်နှုန်းထက် ကျော်လွန်ခဲ့ခြင်းဖြစ်ကြောင်း OFV ၏ အချက်အလက်များအရ သိရသည်။
XPeng အမှတ်တံဆိပ်က ကားအစီးရေ ၉၃၂ စီး မှတ်ပုံတင်နိုင်ခဲ့ကာ အမှတ်တံဆိပ်အားလုံးအနက် ပဉ္စမနေရာမှ ရပ်တည်နိုင်ခဲ့သလို ယမန်နှစ် အလားတူကာလက ၃၇၆ စီးသာ မှတ်ပုံတင်နိုင်ခဲ့ရာမှ တိုးတက်လာခြင်းဖြစ်သည်။ BYD အမှတ်တံဆိပ်ကလည်း ကားအစီးရေ ၈၁၆ စီးအထိ စံချိန်တင် မှတ်ပုံတင်နိုင်ခဲ့ပြီး Changan အမှတ်တံဆိပ်ကမူ ၁၅ စီးမှ ၃၃၉ စီးအထိ တိုးမြှင့်မှတ်ပုံတင်နိုင်ခဲ့သည်။
"အခုလက်ရှိကားအသစ် ၅ စီးမှတ်ပုံတင်တဲ့အခါ ၁ စီးကျော်က တရုတ်အမှတ်တံဆိပ်တွေဖြစ်လာသလို ဒီအရေအတွက်က တစ်နှစ်အတွင်းမှာပဲ နှစ်ဆနီးပါး တိုးမြင့်လာခဲ့တာဖြစ်ပါတယ်။ တိုတောင်းတဲ့ အချိန်လေးအတွင်းမှာပဲ တရုတ်ကားအမှတ်တံဆိပ်တွေက ပြိုင်ဘက်အဆင့်ကနေ နော်ဝေကားဈေးကွက်ရဲ့အမြဲတမ်းအစိတ်အပိုင်းတစ်ခုအဖြစ်ကို ပြောင်းလဲလာခဲ့တာဖြစ်ပါတယ်" ဟု OFV ၏ အမှုဆောင်အရာရှိချုပ် Geir Inge Stokke က ပြောကြားခဲ့သည်။
နော်ဝေနိုင်ငံတွင် အောက်တိုဘာလအတွင်း၌ ခရီးသည်တင်ကားအသစ် စုစုပေါင်း ၁၅,၇၂၅ စီးမှတ်ပုံတင်ခဲ့ရာ ယမန်နှစ် အလားတူကာလနှင့်နှိုင်းယှဉ်ပါက ၄၁.၂ ရာခိုင်နှုန်း တိုးတက်လာခဲ့ခြင်း ဖြစ်သလို နှစ်ပေါင်း ၃၀ကျော်အတွင်း အောက်တိုဘာလအတွက် အမြင့်ဆုံးမှတ်ပုံတင်မှုပမာဏလည်း ဖြစ်ခဲ့သည်။
အဆိုပါလအတွင်း မှတ်ပုံတင်ခဲ့သည့်ကားများအနက် ၉၈.၈ ရာခိုင်နှုန်းမှာ ဘက်ထရီလျှပ်စစ်ကားများဖြစ်ကြသည်။ Tesla အမှတ်တံဆိပ်က ကားအစီးရေ ၁,၅၄၈ စီးဖြင့် မှတ်ပုံတင်မှုအများဆုံးဖြစ်ခဲ့ပြီး ၎င်း၏အနောက်တွင် Toyota က ၁,၄၉၃ စီး၊ Volkswagen က ၁,၃၀၈ စီးဖြင့် အစဥ်လိုက် အသီးသီးရပ်တည်ခဲ့ကြကြောင်း သိရသည်။ (Xinhua)
.............................
(English version)
Chinese brands take record share of Norway's new car registrations in October
OSLO, Nov. 2 (Xinhua)
Chinese brands accounted for a record 22.5 percent of new passenger car registrations in Norway in October, up from 16.9 percent a year earlier, the Norwegian Road Federation (OFV) said Monday.
Registrations of Chinese-brand cars reached 3,534, compared with 1,879 in October last year. Their share surpassed the previous monthly record of 22.1 percent set in July, according to OFV.
XPeng ranked fifth among all brands with 932 registrations, up from 376 a year earlier. BYD recorded 816 registrations, while Changan's total rose from 15 to 339.
"More than one in five new cars is now from a Chinese brand, and the number has almost doubled in one year. In a short time, the Chinese brands have gone from being challengers to becoming a permanent part of the Norwegian car market," said OFV Chief Executive Geir Inge Stokke.
Norway registered 15,725 new passenger cars overall in October, an increase of 41.2 percent year on year and the highest October total in more than 30 years.
Battery-electric vehicles accounted for 98.8 percent of the month's registrations. Tesla was the most-registered brand with 1,548 cars, followed by Toyota with 1,493 and Volkswagen with 1,308. ■
Photo caption: A man looks at a BYD electric vehicle in Budapest, Hungary, Oct. 17, 2023. (Photo by Attila Volgyi/Xinhua)








