
ဝါရှင်တန်၊ နိုဝင်ဘာ ၃ ရက် (ဆင်ဟွာ)
ရုရှား-ယူကရိန်း ပဋိပက္ခ အဆုံးသတ်ရေးကို တွန်းအားပေးရန်အတွက် အမေရိကန်ဘက်အနေဖြင့် နိုဝင်ဘာ ၁၀ ရက်နှင့် ၁၁ ရက်တို့တွင် အာရပ်စော်ဘွားများ ပြည်ထောင်စု (UAE) မြို့တော် အဘူဒါဘီ၌ ယူကရိန်းနှင့် ရုရှားအကြား လုပ်ငန်းအဆင့်စေ့စပ်ညှိနှိုင်းမှုများကို ဖျန်ဖြေဆောင်ရွက်ပေးမည်ဖြစ်ကြောင်း အမေရိကန် သမ္မတ အထူးကိုယ်စားလှယ် Steve Witkoff က နိုဝင်ဘာ ၂ ရက်တွင် လူမှုကွန်ရက်ပေါ်၌ ရေးသားခဲ့သည်။
ဆွေးနွေးပွဲများတွင် စစ်ပြီးကာလ လုံခြုံရေးအစီအစဉ်များ၊ အခြေအနေ အရှိန်ပြေလျော့ရေး၊ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ လုပ်ဆောင်မှုများနှင့် ငြိမ်းချမ်းရေးအကောင်အထည်ဖော်ရန် နောက်ဆက်တွဲ လုပ်ငန်းစဉ်များကို အဓိကထား ဆွေးနွေးမည်ဖြစ်ကြောင်း၊ ထို့ပြင် အမေရိကန် စေ့စပ်ညှိနှိုင်းမှုကိုယ်စားလှယ်သည် ယခုသီတင်းပတ်အတွင်း ဘယ်လ်ဂျီယမ်နိုင်ငံ ဘရပ်ဆဲလ်မြို့တွင် ပြင်သစ်၊ ဂျာမနီ၊ ဗြိတိန်၊ ဥရောပသမဂ္ဂနှင့် နေတိုး (NATO) တို့၏ ကိုယ်စားလှယ်များနှင့်လည်း တွေ့ဆုံကာ ယူကရိန်းအတွက် လုံခြုံရေးအာမခံချက်၊ ဥရောပ စစ်ပြီးကာလ လုံခြုံရေးဖွဲ့စည်းပုံနှင့် ယူကရိန်း၏ စစ်ပြီးကာလ ပြန်လည်တည်ဆောက်ရေးအား မည်သို့အထောက်အပံ့ပေးမည်ကို ဆွေးနွေးမည်ဖြစ်ကြောင်း Witkoff က ပြောကြားခဲ့သည်။
ရုရှားသမ္မတ ပူတင်က အောက်တိုဘာ ၂၁ ရက်တွင် စိန့်ပီတာစဘတ်စ်မြို့သို့ လာရောက်လည်ပတ်သည့် Witkoff နှင့် အချိန် ၃ နာရီခန့် တွေ့ဆုံဆွေးနွေးခဲ့သည်။
တွေ့ဆုံစဉ် ပူတင်က ရုရှားဘက်အနေဖြင့် နိုဝင်ဘာလလယ်တွင် ရုရှား-အမေရိကန်-ယူကရိန်း သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြန်လည်စတင်ရန် အသင့်ရှိကြောင်း၊ ဆွေးနွေးမှု အကြောင်းအရာများမှာ ပဋိပက္ခ အဆုံးသတ်ပြီးနောက် ရုရှား-ယူကရိန်း လုံခြုံရေးစနစ် တည်ဆောက်ရေးနှင့် သက်ဆိုင်ကြောင်း ပြောကြားခဲ့သည်။
အမေရိကန်သမ္မတ ထရမ့်က ထိုနေ့တွင် ဤသည်မှာ ရုရှား-ယူကရိန်း ပဋိပက္ခ “အဆုံးသတ်ရန် အနီးစပ်ဆုံး” အချိန်ဖြစ်နိုင်သည်ဟု ပြောကြားခဲ့သည်။ ရုရှားသမ္မတ လက်ထောက် Ushakov က ရုရှားဘက်အနေဖြင့် အမေရိကန်၏ ကြားဝင်ဖျန်ဖြေမှုအောက်တွင် ယူကရိန်းဘက်နှင့်အတူ အဘူဒါဘီမြို့၌ သုံးပွင့်ဆိုင် ဆွေးနွေးပွဲ ပြုလုပ်ရန် အစီအစဉ်ရှိပြီး ဆွေးနွေးပွဲသည် ယူကရိန်းအရေး ဖြေရှင်းရာတွင် “အဆုံးအဖြတ်ပေးသည့် အနက်အဓိပ္ပာယ်” ရှိကြောင်း အောက်တိုဘာ ၃၀ ရက်က ပြောကြားခဲ့သည်။ (Xinhua)

.................................
(Chinese Version)
威特科夫:美方10日至11日在阿联酋斡旋乌俄谈判
新华社华盛顿11月2日电(记者黄强 高山)美国总统特使威特科夫2日在社交媒体发文说,美方将于10日至11日在阿联酋首都阿布扎比斡旋乌克兰与俄罗斯之间的工作层级谈判,以推动结束俄乌冲突。
威特科夫说,会谈将重点讨论战后安全安排、局势降级、人道主义行动,以及实现和平的后续步骤。此外,美国谈判代表本周还将在比利时布鲁塞尔与法国、德国、英国、欧盟及北约的代表会晤,讨论对乌克兰的安全保障、欧洲战后安全架构,以及如何支持乌克兰战后重建。
俄罗斯总统普京10月21日在圣彼得堡与到访的威特科夫进行约3小时的会晤。普京在会晤时表示,俄方准备于11月中旬重启俄美乌三方会谈,主题涉及冲突结束后俄乌安全体系建设。美国总统特朗普当天表示,这或许是俄乌冲突“最接近结束”的时刻。10月30日,俄总统助理乌沙科夫表示,俄方计划在美国斡旋下同乌克兰方面在阿布扎比举行三方会谈,会谈对解决乌克兰问题具有“决定性意义”。(完)
图说1:这是2月17日在瑞士日内瓦拍摄的俄美乌三方谈判现场。新华社发(瑞士联邦外交部供图)
图说2:1月22日,在莫斯科克里姆林宫,俄罗斯总统普京(左)与美国总统特朗普的特使威特科夫握手。新华社发(克里姆林宫网站供图)








