
ဝါရှင်တန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
အမေရိကန် သမ္မတ ထရမ့်က နိုဝင်ဘာ ၁ ရက်တွင် အိုင်အိုဝါပြည်နယ် မဲဆွယ်စည်းရုံးပွဲတစ်ခု၌ အီရန်အပေါ် စစ်ရေးတိုက်ခိုက်မှု ပြန်လည်လုပ်ဆောင်မည်ဟု ခြိမ်းခြောက်ခဲ့ပြီး “အချိန်အခိုက်အတန့်တစ်ခု” တွင် အီရန်အပေါ် မဖြစ်မနေ “ပြင်းပြင်းထန်ထန်လုပ်ဆောင်” မည်ဖြစ်ကြောင်း ဆိုခဲ့သည်။
အမေရိကန် ကြားဖြတ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၃ ရက်တွင် ကျင်းပမည်ဖြစ်သည်။ ထရမ့်က ထိုနေ့ မဲဆွယ်စည်းရုံးပွဲတွင် ၎င်း၏ထောက်ခံသူများအား “ကျွန်တော် အီရန်ကို အဆုံးမသတ်လိုက်တဲ့ တစ်ခုတည်းသော အကြောင်းရင်းက ကျွန်တော်လူကောင်းလုပ်ချင်လို့ပါ … ဒါပေမဲ့ အချိန်အခိုက်အတန့် တစ်ခုခုရောက်ရင် ကျွန်တော်တို့က သူတို့အပေါ် မဖြစ်မနေ ‘ပြင်းပြင်းထန်ထန် လုပ်ဆောင်’ ရပါလိမ့်မယ်” ဟု ပြောကြားခဲ့သည်။
အဆိုပါပြောကြားချက်သည် ထရမ့်က လတ်တလောကာလအတွင်း အီရန်အပေါ် အစဉ်အမြဲ ဖိအားပေးသည့် အနေအထားကို ဆက်လက်ထိန်းသိမ်းထားသည်။ ထရမ့်က အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးအင်အား အများစုကို ဖျက်ဆီးထားပြီးဖြစ်ကြောင်း၊ သို့သော် ပစ်မှတ် တစ်ခုနှစ်ခု “စီမံပစ်ရန်” လိုအပ်သေးကြောင်း၊ ၎င်းအနက် Pickaxe Mountain မြေအောက် နျူကလီးယား အဆောက်အဦလည်း ပါဝင်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ဆိုခဲ့သည်။
ထို့ပြင် ကွန်ဆာဗေးတစ်မီဒီယာ Fox သတင်းချန်နယ်၏ ယခင်အစီအစဉ်တင်ဆက်သူ၊ နာမည်ကျော် အွန်လိုင်းဆယ်လီ Tucker Carlson က အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟု၏ ဖိအားပေးမှုဖြင့် ထရမ့်အစိုးရသည် ရက်အနည်းငယ်အတွင်း အီရန်အပေါ် တိုက်ခိုက်မှုလုပ်ဆောင်နိုင်ကြောင်း၊ ပစ်မှတ်သည် အီရန်နိုင်ငံ အလယ်ပိုင်း၏ Pickaxe Mountain ဖြစ်ကြောင်း နိုဝင်ဘာ ၁ ရက် ညပိုင်းတွင် လူမှုမီဒီယာ၌ ပို့စ်တင်၍ ပြောကြားခဲ့သည်။ အစ္စရေး ထောက်လှမ်းရေးဌာနကလည်း အီရန်သည် အဆိုပါနေရာ၌ ယူရေနီယမ်သန့်စင်ရေး အစီအစဉ်များကို ပြန်လည်စတင်နေပြီဟု ဆိုထားသည်။
အမေရိကန်ဘက်၏ ခြိမ်းခြောက်မှုနှင့်စပ်လျဉ်း၍ အီရန်စစ်တပ် ပြောခွင့်ရပုဂ္ဂိုလ်က အမေရိကန်အနေဖြင့် ရန်လိုသည့်လှုပ်ရှားမှု ပြန်လည်ဖော်ဆောင်ပါက “ယခင်အကြိမ်ထက် ပိုမိုကြာရှည်တဲ့ စစ်ပွဲ” တစ်ပွဲဖြစ်ပွားနိုင်ကြောင်း သတိပေးပြောကြားခဲ့သည်။ (Xinhua)
---------------------
(Chinese Version)
特朗普威胁“某个时点”对伊朗“施以重锤”
新华社华盛顿11月1日电 美国总统特朗普11月1日在艾奥瓦州一场竞选集会上再次威胁对伊朗恢复军事打击,称在“某个时点”将不得不对伊“施以重锤”。
美国中期选举将于11月3日举行。特朗普当天在集会上对其支持者说:“我没有了结伊朗的唯一原因是我想要做个好人……但到了某个时点,我们将不得不对他们‘施以重锤’。”
此番言论延续了特朗普近期对伊朗的一贯施压姿态。特朗普10月31日表示,美国已摧毁伊朗大部分军事力量,但仍需“处理”一两个目标,其中包括镐山的地下核设施。
另据保守派媒体福克斯新闻频道前主持人、知名网红塔克·卡尔森11月1日晚在社交媒体的帖文,在以色列总理内塔尼亚胡的压力下,特朗普政府或在几天内对伊朗发动打击,目标将是伊朗中部的镐山。以色列情报部门声称伊朗已在那里重启铀浓缩计划。
针对美方威胁,伊朗军方发言人同日警告,美国若恢复敌对行动,可能引发一场“比上一次更长的战争”。(完)
图说:9月22日,在位于纽约的联合国总部,美国总统特朗普在第81届联合国大会一般性辩论上发言。新华社记者 张凤国 摄








