တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော တိုဂိုနိုင်ငံ လုန်းမ်ဆိပ်ကမ်းသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)
တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော တိုဂိုနိုင်ငံ လုန်းမ်ဆိပ်ကမ်းသို့ ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က ရောက်ရှိလာစဉ် (ဆင်ဟွာ)

လုန်းမ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

Mission Harmony-2026 မစ်ရှင်အား ထမ်းဆောင်လျက်ရှိသော တရုတ်နိုင်ငံရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘောသည် ဒေသစံတော်ချိန် နိုဝင်ဘာ ၁ ရက်တွင် တိုဂိုနိုင်ငံ မြို့တော်လုန်းမ်သို့ ရောက်ရှိခဲ့ပြီး ချစ်ကြည်ရေးခရီးစဉ် စတင်ကာ ဆေးကုသရေးဆိုင်ရာ ဝန်ဆောင်မှုများ ပံ့ပိုးပေးသွားမည်ဖြစ်သည်။ ယင်းသည် တရုတ်ရေတပ် ဆေးရုံသင်္ဘော ပထမဆုံးအကြိမ်အဖြစ် တိုဂိုနိုင်ငံသို့ ရောက်ရှိခြင်းဖြစ်သည်။

ခရီးစဉ်သွားရောက်သည့် ကာလအတွင်း မစ်ရှင်တပ်ဖွဲ့ ကွပ်ကဲရေးမှူးသည် တိုဂိုနိုင်ငံ စစ်တပ်နှင့်အစိုးရခေါင်းဆောင်ပိုင်းမှ ပုဂ္ဂိုလ်များအား သွားရောက်တွေ့ဆုံမည်ဖြစ်သည်။ ဆေးရုံသင်္ဘောသည် ပင်မပလက်ဖောင်းကို အသုံးပြုကာ ဆေးကုသရေးဝန်ဆောင်မှုများ လုပ်ဆောင်သွားမည်ဖြစ်ပြီး ပညာရပ်ဆိုင်ရာဖလှယ်မှုများလုပ်ဆောင်ရန် ဒေသတွင်းစစ်ဘက်ဆေးရုံတစ်ရုံ ဆေးကုသရေးဆိုင်ရာအဖွဲ့ခွဲတစ်ဖွဲ့ကို စေလွှတ်မည်ဖြစ်သည်။ ထို့ပြင် မစ်ရှင်တပ်ဖွဲ့က ဖလှယ်မှုကို မြှင့်တင်ရန်၊ ချစ်ကြည်ရေးကို တိုးမြှင့်တင်ရန်အတွက် ကုန်းပတ်ဧည့်ခံပွဲကျင်းပခြင်း၊ တိုဂိုနိုင်ငံ အရာရှိစစ်သည်များနှင့် ဘတ်စကက်ဘော ချစ်ကြည်ရေးပြိုင်ပွဲကစားခြင်းတို့လည်း လုပ်ဆောင်သွားမည်ဖြစ်ကြောင်း သိရသည်။

တရုတ်နိုင်ငံနှင့် တိုဂိုနိုင်ငံသည် ၁၉၇၂ ခုနှစ်တွင် သံတမန်ဆက်ဆံရေး တည်ထောင်ပြီးနောက် နှစ်ဖက်ဆက်ဆံရေးသည် အစဉ်တစိုက် ကောင်းမွန်မှု၊ တိုးတက်မှု အရှိန်အဟုန်ကို ထိန်းသိမ်းထားသည်။ ၂၀၂၄ ခုနှစ် စက်တင်ဘာလတွင် နှစ်နိုင်ငံဆက်ဆံရေးကို ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအဖြစ် အဆင့်မြှင့်တင်ခဲ့သည်။ ၂၀၂၆ ခုနှစ် အောက်တိုဘာလတွင် နှစ်နိုင်ငံအကြီးအကဲများက နှစ်ဖက်ဆက်ဆံရေးကို ခေတ်သစ် တရုတ်-တိုဂို အေးအတူပူအမျှ အသိုက်အဝန်းအဖြစ် အဆင့်မြှင့်တင်လိုက်ကြောင်း ကြေညာခဲ့သည်။ (Xinhua)

တိုဂိုနိုင်ငံ လုန်းမ်ဆိပ်ကမ်းတွင် တိုဂိုစစ်တီးဝိုင်းအဖွဲ့က သံစဉ်တီးမှုတ်၍ တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော ရောက်ရှိလာမှုအား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
တိုဂိုနိုင်ငံ လုန်းမ်ဆိပ်ကမ်းတွင် တိုဂိုစစ်တီးဝိုင်းအဖွဲ့က သံစဉ်တီးမှုတ်၍ တရုတ်ရေတပ်၏ “Auspicious Ark” ဆေးရုံသင်္ဘော ရောက်ရှိလာမှုအား ကြိုဆိုနေသည်ကို ၂၀၂၆ ခုနှစ် နိုဝင်ဘာ ၁ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

---------------------

(Chinese Version)

中国海军“吉祥方舟”号医院船抵达多哥

新华社洛美11月2日电(记者黄伟)当地时间11月1日,执行“和谐使命-2026”任务的海军“吉祥方舟”号医院船抵达多哥首都洛美,开始友好访问并提供医疗服务。这是中国海军舰艇首次访问多哥。  

访问期间,任务部队指挥员将拜会多哥军政要员,医院船利用主平台开展医疗服务并派出医疗分队赴多哥军队医院进行学术交流。此外,任务部队将组织甲板招待会,与多方官兵举行篮球友谊赛,进一步加强交流、增进友谊。  

中国与多哥自1972年建交以来,双边关系始终保持良好发展势头。2024年9月,两国关系提升为全面战略伙伴关系。今年10月,两国领导人宣布将双边关系定位提升为新时代中多命运共同体。(完)

图说1:11月1日,中国海军“吉祥方舟”号医院船抵达多哥洛美港。新华社记者 黄伟 摄

图说2:11月1日,在多哥洛美港,多哥军乐队演奏乐曲,欢迎中国海军“吉祥方舟”号医院船的到来。新华社记者 黄伟 摄