
ပေကျင်း၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်နှင့် ပီရူးသမ္မတ Keiko Fujimori တို့သည် နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်မြောက် အထိမ်းအမှတ်အဖြစ် နိုဝင်ဘာ ၂ ရက်တွင် ဂုဏ်ပြုသဝဏ်လွှာအပြန်အလှန်ပေးပို့ခဲ့ကြသည်။
သဝဏ်လွှာတွင် ရှီကျင့်ဖိန်က တရုတ်နှင့် ပီရူးတို့သည် ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံများဖြစ်ကြောင်း၊ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်အတွင်း တရုတ်-ပီရူး ဆက်ဆံရေးသည် နိုင်ငံတကာ အခြေအနေအပြောင်းအလဲများကို ကျော်ဖြတ်နိုင်ခဲ့ပြီး ကောင်းမွန်သော ဖွံ့ဖြိုးတိုးတက်မှုအလားအလာကို ထိန်းသိမ်းထားနိုင်ခဲ့ကြောင်း၊ နှစ်ဖက်၏ နိုင်ငံရေးအပြန်အလှန်ယုံကြည်မှုသည် တစ်နေ့တခြား ခိုင်မာလာခဲ့ပြီး နယ်ပယ်အသီးသီးတွင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှု၏ ရလဒ်များသည် ကြွယ်ဝများပြားခဲ့ကာ နှစ်နိုင်ငံပြည်သူများ၏ ချစ်ကြည်ရင်းနှီးမှုမှာ စိတ်နှလုံးထဲအထိ ပိုမိုနက်ရှိုင်းစေခဲ့ကြောင်း ထောက်ပြခဲ့သည်။
တရုတ်နိုင်ငံသည် ပီရူးနိုင်ငံ၏ ကာလရှည်ကြာ တရုတ်တစ်နိုင်ငံတည်းမူဝါဒကို စောင့်ထိန်းခဲ့သည့်အပေါ် လေးစားချီးကျူးကြောင်း၊ နှစ်နိုင်ငံ၏ လွတ်လပ်သောကုန်သွယ်ရေးသဘောတူစာချုပ် အဆင့်မြှင့်တင်ခြင်း သဘောတူညီချက်စာတမ်းသည် နိုဝင်ဘာ ၁ ရက်တွင် တရားဝင် အသက်ဝင်ခဲ့ပြီဖြစ်ရာ တရုတ်-ပီရူး စီးပွားရေးနှင့်ကုန်သွယ်ရေးပူးပေါင်းဆောင်ရွက်မှုကို အရည်အသွေးမြှင့်၊ အဆင့်မြှင့်တင်ရန် အားကောင်းစွာ တွန်းအားပေးမည်ဖြစ်ပြီး နှစ်နိုင်ငံဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုအတွက် တွန်းအားအသစ်ကို ထည့်သွင်းပေးမည်ဟု ယုံကြည်ကြောင်း၊ မိမိအနေဖြင့် တရုတ်-ပီရူး ဆက်ဆံရေးဖွံ့ဖြိုးတိုးတက်မှုကို အလွန်အလေးထားပြီး သမ္မတ Keiko Fujimori နှင့်အတူ အတူတကွကြိုးပမ်းကာ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးထူထောင်ခြင်း ၅၅ နှစ်မြောက်ကို စမှတ်အသစ်အဖြစ် သတ်မှတ်၍ တရုတ်-ပီရူး ဆက်ဆံရေးကို အဆင့်သစ်သို့ ထပ်မံတက်လှမ်းစေကာ နှစ်နိုင်ငံပြည်သူများအတွက် ပိုမိုကောင်းမွန်စွာ အကျိုးပြုနိုင်ရန် ဆန္ဒရှိကြောင်း ရှီကျင့်ဖိန်က ဖော်ပြခဲ့သည်။
Keiko Fujimori က နှစ်နိုင်ငံသည် ချစ်ကြည်ရင်းနှီးမှု၊ အပြန်အလှန်လေးစားမှုနှင့် ပူးပေါင်းဆောင်ရွက်မှုအတွက် ခိုင်မာသောစည်းနှောင်မှုကို အတူတကွ ဖန်တီးတည်ဆောက်ခဲ့ကြကြောင်း၊ နှစ်နိုင်ငံဆက်ဆံရေးသည် နှစ်နိုင်ငံပြည်သူများ၏ အစဉ်အလာချစ်ကြည်ရင်းနှီးမှုမှ စဉ်ဆက်မပြတ် ခွန်အားများရရှိကာ ဘက်စုံမဟာဗျူဟာမြောက်ပူးပေါင်းဖက်ဆက်ဆံရေးမူဘောင်အောက်တွင် စဉ်ဆက်မပြတ် နက်ရှိုင်းကျယ်ပြန့်လာခဲ့ကြောင်း၊ ပီရူးနိုင်ငံအနေဖြင့် တရုတ်တစ်နိုင်ငံတည်းမူဝါဒကို ခိုင်မာစွာ စောင့်ထိန်းကြောင်း ထပ်လောင်းအတည်ပြုပြီး တရုတ်နိုင်ငံနှင့်အတူ နိုင်ငံရေးဆွေးနွေးညှိနှိုင်းမှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ဆက်လက်ခိုင်မာစေရန် ဆန္ဒရှိကြောင်း ဖော်ပြခဲ့သည်။ (Xinhua)

………………………………
(Chinese Version)
习近平同秘鲁总统藤森庆子就中秘建交55周年互致贺电
新华社北京11月2日电 11月2日,国家主席习近平同秘鲁总统藤森庆子互致贺电,庆祝两国建交55周年。
习近平指出,中国和秘鲁是全面战略伙伴。建交55年来,中秘关系历经国际风云变幻,保持良好发展势头。双方政治互信日益巩固,各领域务实合作成果丰硕,两国人民友好深入人心。中方赞赏秘方长期恪守一个中国原则。两国自贸协定升级议定书于11月1日正式生效,相信将有力推动中秘经贸合作提质升级,为双边关系发展注入新动力。我高度重视中秘关系发展,愿同藤森庆子总统一道努力,以两国建交55周年为新起点,引领中秘关系再上新台阶,更好造福两国人民。
藤森庆子表示,两国共同铸就了友谊、相互尊重与合作的坚实纽带。双边关系不断从两国人民的传统友谊中得到滋养,在全面战略伙伴关系的框架下不断深化拓展。秘方重申坚定恪守一个中国原则,并愿同中方继续强化政治对话和合作。(完)
图说1:9月30日晚,庆祝中华人民共和国成立77周年招待会在北京人民大会堂举行。中共中央总书记、国家主席、中央军委主席习近平出席招待会并发表重要讲话。新华社记者 谢环驰 摄
图说2:7月28日,在秘鲁首都利马,当选总统藤森庆子抵达国会。新华社发(玛丽安娜·巴索摄)








