အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အီရန်နိုင်ငံ မြို့တော်တီဟီရန်တွင် ပုံမှန်သတင်းစာရှင်းလင်းပွဲ တက်ရောက်နေသော အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၂ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်သည် “နျူကလီးယားလက်နက် မပြန့်ပွားရေးဆိုင်ရာ သဘောတူစာချုပ်” ၏ အကြီးမားဆုံး ခြိမ်းခြောက်မှုဖြစ်ကြောင်း အီရန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် ဘဂါအီက နိုဝင်ဘာ ၂ ရက်တွင် ဆိုခဲ့သည်။ အမေရိကန်အနေဖြင့် အီရန် နျူကလီးယား အဆောက်အဦအား တိုက်ခိုက်မည်ဟု ကြုံးဝါးခြင်းသည် နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှု ခြိမ်းခြောက်နေကြောင်းလည်း ၎င်းက သတိပေးပြောကြားခဲ့သည်။

အမေရိကန်က အီရန်အား ခြိမ်းခြောက်သော ပြောဆိုချက်များသည် “ပြင်းပြင်းထန်ထန် ဖိအားပေး ပြောဆိုနေခြင်း” ဖြစ်ကြောင်း၊ အီရန်အနေဖြင့် အမေရိကန်က နိုင်ငံတကာဥပဒေနှင့် “ကုလသမဂ္ဂ ပဋိညာဉ်စာတမ်း” အား ချိုးဖောက်သည့် လုပ်ရပ်များကို အစဉ်အမြဲ မှတ်တမ်းတင်နေပြီး သက်ဆိုင်ရာ နိုင်ငံတကာအဖွဲ့အစည်းထံသို့ သတင်းပေးပို့လျက်ရှိကြောင်း၊ “သို့သော်လည်း ကုလသမဂ္ဂ၊ လုံခြုံရေးကောင်စီနဲ့ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင် အေဂျင်စီ (IAEA) ဘုတ်အဖွဲ့က ယင်းအပေါ် နှုတ်ဆိတ်နေကြပါတယ်” ဟု ဘဂါအီက ဆိုခဲ့သည်။

အမေရိကန်က အီရန်နျူကလီးယားအဆောက်အဦအား တိုက်ခိုက်မည်ဟု ခြိမ်းခြောက်ပြီး အထူးသတ်မှတ်ထားသော လက်နက်အသုံးပြုနိုင်ခြေရှိသည်ဟု အရိပ်အမြွက် ပြောဆိုခြင်းသည် အန္တရာယ်များသော နိုင်ငံတကာ၌ ပထမဆုံးအကြိမ် လုပ်ဆောင်မှု ဖြစ်လာနိုင်ကာ နိုင်ငံတကာ ငြိမ်းချမ်းမှုနှင့် လုံခြုံမှုကို အန္တရာယ်ဖြစ်စေမည်ဖြစ်ကြောင်းလည်း ဘဂါအီက ပြောကြားခဲ့သည်။

အမေရိကန် သမ္မတ ထရမ့်က အမေရိကန်အနေဖြင့် “အချိန်အခိုက်အတန့် တစ်ခုခုရောက်ရင် ကျွန်တော်တို့က သူတို့အပေါ် မဖြစ်မနေ ‘ပြင်းပြင်းထန်ထန် လုပ်ဆောင်’ ရပါလိမ့်မယ်” ဟု နိုဝင်ဘာ ၁ ရက်တွင် ပြောကြားခဲ့သည်။ အဆိုပါပြောကြားချက်သည် ထရမ့်က လတ်တလောကာလအတွင်း အီရန်အပေါ် အစဉ်အမြဲ ဖိအားပေးသည့် အနေအထားကို ဆက်လက်ထိန်းသိမ်းထားသည်။ ထရမ့်က အမေရိကန်အနေဖြင့် အီရန်၏ စစ်ရေးအင်အား အများစုကို ဖျက်ဆီးထားပြီးဖြစ်ကြောင်း၊ သို့သော် ပစ်မှတ် တစ်ခုနှစ်ခုကို “စီမံပစ်ခတ်ရန်” လိုအပ်သေးကြောင်း၊ ၎င်းအနက် Pickaxe Mountain မြေအောက် နျူကလီးယား အဆောက်အဦလည်း ပါဝင်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ဆိုခဲ့သည်။ (Xinhua)

---------------------

(Chinese Version)

伊朗外交部发言人:美国是核不扩散机制最大威胁

新华社德黑兰11月2日电(记者刁慧琳 沙达提)伊朗外交部发言人巴加埃2日表示,美国是《不扩散核武器条约》的最大威胁。他警告说,美扬言袭击伊朗核设施将威胁国际和平与安全。  

巴加埃说,美国威胁伊朗的言论“咄咄逼人”,伊朗一直在记录美国违反国际法和《联合国宪章》的行为,并向有关国际机构通报,“但联合国、安理会和国际原子能机构理事会对此保持沉默”。巴加埃表示,美国威胁袭击伊朗核设施并暗示可能使用特定武器,将开创危险的国际先例,危及国际和平与安全。  

美国总统特朗普11月1日说,美国“到了某个时点,我们将不得不对他们‘施以重锤’”。此番言论延续了特朗普近期对伊朗的一贯施压姿态。特朗普10月31日称,美国已摧毁伊朗大部分军事力量,但仍需“处理”一两个目标,其中包括镐山的地下核设施。(完)

图说:10月12日,在伊朗首都德黑兰,伊朗外交部发言人巴加埃出席例行记者会。新华社记者 沙达提 摄