ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့၌ ၂၉ ကြိမ်မြောက် စိန့်ပီတာစဘတ် နိုင်ငံတကာ စီးပွားရေးဖိုရမ်သို့ တက်ရောက်လာကြသည့် ကမ္ဘာ့အဓိက သတင်းဌာနကြီးများ၏ အကြီးအကဲ ၁၃ ဦးနှင့် တွေ့ဆုံခဲ့ပြီး ရုရှား-ယူကရိန်း အခြေအနေ၊ အရှေ့အလယ်ပိုင်း အခြေအနေ၊ ရုရှား-ဥရောပ ဆက်ဆံရေးနှင့် ရုရှားစီးပွားရေး စသည့် နိုင်ငံတကာ၊ ရုရှားနှင့် သက်ဆိုင်သော အဓိကအရေးကြီးကိစ္စရပ်များနှင့်စပ်လျဉ်း၍ မေးခွန်းများကို ရုရှားသမ္မတ ပူတင်က ၂၀၂၆ ခုနှစ် ဇွန် ၄ ရက်က ဖြေကြားနေစဉ် (ဆင်ဟွာ)

မော်စကို၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

ရုရှားသမ္မတ လက်ထောက် Yuri Ushakov က ရုရှားရုပ်မြင်သံကြား အစီအစဉ်တင်ဆက်သူ Zarubin ၏ မေးမြန်းမှုကို ဖြေကြားရာတွင် ရုရှားသမ္မတ ပူတင်သည် ယူကရိန်းသမ္မတ ဇယ်လန်းစကီးနှင့် ဆွေးနွေးရန် မည်သည့်အခါကမျှ မငြင်းဆန်ခဲ့ဖူးဟု ပြောကြားခဲ့ကြောင်း ရုရှားမီဒီယာများ၏ နိုဝင်ဘာ ၁ ရက် သတင်းအရ သိရသည်။

Zarubin ၏ “တကယ်လို့ ဇယ်လန်းစကီးက ရုရှားသမ္မတထံ ဖုန်းဆက်သွယ်ခဲ့မယ်ဆိုရင် သူ လက်ခံဖြေကြားမလား” ဆိုသည့် မေးခွန်းကို ဖြေကြားရာတွင် Ushakov က “သူ သေချာပေါက် လက်ခံဖြေကြားလိမ့်မယ်လို့ ကျွန်တော် ထင်ပါတယ်၊ ပူတင်က ဆွေးနွေးဖို့ ဘယ်တုန်းကမှ မငြင်းဆန်ခဲ့ဖူးဘူး” ဟု ပြောကြားခဲ့ကြောင်း ရုရှားသတင်းဌာန RIA Novosti ၏ သတင်းအရ သိရသည်။

ထို့ပြင် TASS သတင်းဌာန၏ သတင်းအရ ယူကရိန်းအရေး ဖြေရှင်းသည့် ဆွေးနွေးပွဲများကို ရုရှား၊ အမေရိကန်၊ ယူကရိန်း သုံးပွင့်ဆိုင်ဆွေးနွေးပွဲပုံစံဖြင့် ဦးစွာ ကျင်းပသင့်ကြောင်း၊ ဥရောပကိုယ်စားလှယ်များလည်း နောက်ပိုင်းတွင် ဆွေးနွေးပွဲများတွင် ပါဝင်လာနိုင်ကြောင်း Ushakov က Zarubin ၏ မေးမြန်းမှုဖြေကြားရာတွင် ပြောကြားခဲ့သည်။

ဇယ်လန်းစကီးအနေဖြင့် ပူတင်နှင့် တွေ့ဆုံလိုပါက မော်စကိုသို့ လာရောက်နိုင်သည်ဟု Ushakov က ထပ်လောင်းပြောကြားခဲ့သည်။ (Xinhua)

…………………

(Chinese Version)

俄总统助理:普京从未拒绝与泽连斯基对话

新华社莫斯科11月1日电 据俄罗斯媒体11月1日报道,俄总统助理乌沙科夫在接受俄电视节目主持人扎鲁宾采访时表示,俄总统普京从未拒绝与乌克兰总统泽连斯基对话。

俄新社报道,在回答扎鲁宾关于“如果泽连斯基给俄罗斯总统打电话,他是否会接听”的问题时,乌沙科夫说:“我认为他当然会接听。普京从未拒绝过对话。”

另据塔斯社报道,乌沙科夫在接受扎鲁宾采访时说,解决乌克兰问题的会谈应先以俄罗斯、美国、乌克兰三方会谈形式举行。欧洲代表后续也可能参与会谈。

乌沙科夫还表示,泽连斯基如果愿与普京会晤,可赴莫斯科。(完)

图说:6月4日,俄罗斯总统普京在圣彼得堡会见出席第29届圣彼得堡国际经济论坛的13位世界主要通讯社负责人,并就俄乌局势、中东局势、俄欧关系和俄罗斯经济等国际及涉俄热点回答提问。 新华社记者 郝建伟 摄