9032ebfc2a82204dbeb2f1a00e55258d986cbd31.article_cover.content.avif)
ဆန်နား/ရီယတ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
ယီမင်နိုင်ငံ အနောက်ပိုင်း Hodeidah ပြည်နယ်ရှိ ပင်လယ်နီကမ်းရိုးတန်းပေါ်မှ အရေးပါသော ရေနံတင်ပို့ရေးဆိပ်ကမ်းဖြစ်သည့် Ras Isa ဆိပ်ကမ်းကို နိုဝင်ဘာ ၁ ရက် ညနေပိုင်းတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ရာ ဆိပ်ကမ်းဆိုက်ကပ်နေရာတစ်ခုနှင့် အဆိုပါဆိပ်ကမ်း၌ ဆိုက်ကပ်ထားသည့် ကုန်သွယ်ရေးသင်္ဘောတစ်စင်းလည်း ထိမှန်ခဲ့ကြောင်း ယီမင်နိုင်ငံ ဟူသီလက်နက်ကိုင်အဖွဲ့က ပြောကြားခဲ့သည်။
ဟူသီလက်နက်ကိုင်အဖွဲ့က ထိန်းချုပ်ထားသည့် al-Masirah ရုပ်မြင်သံကြားဌာနက Ras Isa ဆိပ်ကမ်းအပေါ် တိုက်ခိုက်မှုများသည် ၎င်းတို့က “ဆော်ဒီ၏ကျူးကျော်တိုက်ခိုက်မှု” ဟု ဖော်ပြသည့် တိုက်ခိုက်မှုများဖြစ်ကြောင်း ထုတ်လွှင့်ခဲ့သည်။ အဆိုပါရုပ်သံဌာနက လူထိခိုက်သေဆုံးမှု သို့မဟုတ် ဆိပ်ကမ်းနှင့် သင်္ဘောတို့၏ ပျက်စီးဆုံးရှုံးမှုအတိုင်းအတာနှင့်ပတ်သက်၍ ချက်ချင်းသတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
ဟူသီတို့၏ မြောက်ပိုင်းစခန်းဖြစ်သော Saada ပြည်နယ်၏ မြို့တော် Saada မြို့၏ အရှေ့တောင်ဘက်ရှိ ဆက်သွယ်ရေးစခန်းတစ်ခုအား ထပ်မံ၍ လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း အဆိုပါ ရုပ်သံဌာနက နောက်ပိုင်းတွင် ဖော်ပြခဲ့ပြီး ယင်းတိုက်ခိုက်မှုမှာ ဆော်ဒီ စစ်လေယာဉ်များ၏ လက်ချက်ဖြစ်ကြောင်း စွပ်စွဲပြောဆိုခဲ့သည်။ အဆိုပါ တိုက်ခိုက်မှုကြောင့် ထိခိုက်သေဆုံးမှုများ ရှိ၊ မရှိကိုမူ ချက်ချင်း သတင်းထုတ်ပြန်ခြင်း မရှိသေးပေ။
သီးခြားဖြစ်စဉ်တစ်ခုအနေဖြင့် ဟူသီလက်နက်ကိုင်အဖွဲ့၏ စစ်ဘက်ပြောရေးဆိုခွင့်ရှိသူ Yahya Sarea က လွန်ခဲ့သည့် ၂၄ နာရီအတွင်း Saada ၊ Taiz ၊ Amran၊ Ibb ၊ Dhamar ၊ Lahj ၊ Hodeidah နှင့် Al-Jawf ပြည်နယ်များ၌ လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု ၇၅ ကြိမ် ဖြစ်ပွားခဲ့ကြောင်း နိုဝင်ဘာ ၁ ရက်တွင် လူမှုကွန်ရက်ပလက်ဖောင်း X ၌ ထုတ်ပြန်သည့် ကြေညာချက်တွင် ပြောကြားခဲ့သည်။
အဆိုပါတိုက်ခိုက်မှုများကြောင့် အရပ်သားများ ထိခိုက်သေဆုံးမှုရှိခဲ့ကြောင်း၊ နောက်ဆုံးအကြိမ် စစ်ရေးတင်းမာမှုများ စတင်ဖြစ်ပွားခဲ့သည့်အချိန်မှစ၍ လေကြောင်းနှင့် ဒုံးကျည်တိုက်ခိုက်မှု စုစုပေါင်း ၃,၈၃၀ ကြိမ်အထိ ရှိလာပြီဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။ အဆိုပါ ကိန်းဂဏန်းများနှင့်ပတ်သက်၍ သီးခြားအတည်ပြုနိုင်ခြင်း မရှိသေးပေ။
ထို့ပြင် နိုဝင်ဘာ ၁ ရက်တွင်ပင် ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ဟူသီလက်နက်ကိုင်အဖွဲ့ ပစ်လွှတ်လိုက်သည့် မောင်းသူမဲ့လေယာဉ်တစ်စင်းနှင့် ပဲ့ထိန်းဒုံးကျည်တစ်စင်းကို ဆော်ဒီနိုင်ငံ တောင်ပိုင်းဒေသဘက်သို့ ဦးတည်လာစဉ် ကြားဖြတ်ဟန့်တားပြီး ဖျက်ဆီးနိုင်ခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။
မကြာသေးမီ ရက်သတ္တပတ်များအတွင်း ဟူသီလက်နက်ကိုင်အဖွဲ့နှင့် ဆော်ဒီအာရေဗျနိုင်ငံတို့အကြား နယ်စပ်ဖြတ်ကျော် တိုက်ခိုက်မှုများ ပိုမိုပြင်းထန်လာခဲ့ပြီး ဆော်ဒီ၏ တိုက်ခိုက်မှုများသည် ယီမင်နိုင်ငံရှိ ဟူသီလက်နက်ကိုင်အဖွဲ့ ထိန်းချုပ်ထားသော နယ်မြေများကို ထိမှန်ခဲ့သကဲ့သို့ ဟူသီလက်နက်ကိုင်အဖွဲ့ကလည်း ဆော်ဒီအာရေဗျနိုင်ငံဘက်သို့ ဒုံးကျည်များနှင့် မောင်းသူမဲ့လေယာဉ်များ ပစ်လွှတ်တိုက်ခိုက်ခဲ့ကြသည်။
ယီမင်နိုင်ငံတွင် ဟူသီလက်နက်ကိုင်အဖွဲ့က မြို့တော်ဆန်နားနှင့် နိုင်ငံမြောက်ပိုင်းဒေသအများစုကို သိမ်းပိုက်ခဲ့သည့် ၂၀၁၄ ခုနှစ် နှောင်းပိုင်းမှစ၍ ပဋိပက္ခများ ဖြစ်ပွားလျက်ရှိသည်။ ယင်းနောက် ယီမင်အစိုးရကို ထောက်ခံသည့်အနေဖြင့် ဆော်ဒီအာရေဗျဦးဆောင်သော ညွန့်ပေါင်းတပ်ဖွဲ့က ၂၀၁၅ ခုနှစ်တွင် ဝင်ရောက်စွက်ဖက်ခဲ့ခြင်းဖြစ်သည်။ (Xinhua)
-------------------------
(English Version)
Houthis report airstrikes on Red Sea oil port, telecom facility in Yemen
SANAA/RIYADH, Nov. 1 (Xinhua) -- Yemen's Houthi group said Sunday evening that a series of airstrikes hit Ras Isa port, a key oil terminal on the Red Sea coast in the western province of Hodeidah, including a port berth and a commercial vessel docked there.
Houthi-run al-Masirah TV attributed the strikes on Ras Isa port to what the group described as "Saudi aggression." The channel gave no immediate information on casualties or the extent of damage to the port or vessel.
The channel later reported another airstrike on a telecommunications facility southeast of Saada city, the capital of the Houthis' northern stronghold of Saada province, and attributed the attack to Saudi warplanes. No casualties were immediately reported.
Separately, Houthi military spokesman Yahya Sarea said in a statement posted on social media platform X on Sunday that 75 air and missile strikes had hit the provinces of Saada, Taiz, Amran, Ibb, Dhamar, Lahj, Hodeidah and Al-Jawf over the past 24 hours.
He claimed the attacks caused civilian casualties and brought the total number of air and missile strikes since the latest escalation began to 3,830. The figures could not be independently verified.
Also on Sunday, the Saudi-led coalition announced that it had intercepted and destroyed a drone and a ballistic missile launched by the Houthis towards the kingdom's southern region.
Recent weeks have seen escalating cross-border hostilities between the Houthis and Saudi Arabia, with Saudi strikes hitting Houthi-held areas in Yemen and the Houthis launching missiles and drones toward Saudi Arabia.
Yemen has been mired in conflict since late 2014, when the Houthis seized the capital Sanaa and much of northern Yemen, prompting the Saudi-led coalition to intervene in 2015 in support of the Yemeni government.
Photo Caption :Houthi military spokesman Yahya Sarea speaks during a rally in Sanaa, Yemen, on May 3, 2024. (Photo by Mohammed Mohammed/Xinhua)



6af0c413b4f39d423744f28e3d714bd59ab3b76e.article_card.avif)




0fa2639b1e13177fd753c45c8de18a6513e9526d.article_card.avif)