0fa2639b1e13177fd753c45c8de18a6513e9526d.article_cover.content.avif)
ဟန်ကျိုး၊ နိုဝင်ဘာ ၁ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ၏ နည်းပညာလုပ်ငန်းကြီးတခုဖြစ်သည့် Alibaba Group သည် ၎င်း၏ Qwen AI မော်ဒယ်ကို Apple ဉာဏ်ရည်တုစနစ်တွင် ပေါင်းစည်းအသုံးပြုနိုင်ရေးအတွက် Apple နှင့် ပူးပေါင်းဆောင်ရွက်မှုတစ်ရပ် ပြုလုပ်ကြောင်း အောက်တိုဘာ ၃၁ ရက်တွင် ကြေညာခဲ့သည်။
Alibaba ၏ ပြောကြားချက်အရ Qwen AI မော်ဒယ်ကို အခြေခံထားသည့် လုပ်ဆောင်ချက်ကို နိုဝင်ဘာ ၄ ရက်မှစ၍ နောက်ဆုံးထွက် iOS ဆော့ဖ်ဝဲရေးသားသူများအတွက် စမ်းသပ်ဗားရှင်းတွင် စမ်းသပ်အသုံးပြုနိုင်မည်ဖြစ်ပြီး ဒီဇင်ဘာလတွင် တရားဝင်ထုတ်ပြန်မည့် iOS 27.3 ဗားရှင်းနှင့်အတူ တရုတ်နိုင်ငံရှိ သုံးစွဲသူများထံ ဖြန့်ချိသွားမည်ဖြစ်ကြောင်း သိရသည်။
အဆိုပါ ပူးပေါင်းဆောင်ရွက်မှုမှတစ်ဆင့် Apple ၏ လည်ပတ်မှုစနစ်အတွင်း အသုံးပြုနိုင်သည့် လုပ်ဆောင်ချက်အမျိုးမျိုး၌ Qwen ၏ ဉာဏ်ရည်တုစွမ်းဆောင်ရည်များကို ပေါင်းစပ်အသုံးပြုနိုင်မည်ဖြစ်သည်။ အသံဖြင့် အမိန့်ပေးနိုင်သည့် Siri ဉာဏ်ရည်တုစနစ်၊ ဉာဏ်ရည်တု စာသားစိစစ်ပြင်ဆင်ရေး ကိရိယာများ နှင့် ရုပ်ပုံဆိုင်ရာ ဉာဏ်ရည်တုစနစ်တို့မှတစ်ဆင့် တရုတ်နိုင်ငံရှိ သုံးစွဲသူများသည် စာသားနှင့် ရုပ်ပုံများကို နားလည်ခွဲခြမ်းစိတ်ဖြာခြင်း၊ အကြောင်းအရာအသစ်များ ဖန်တီးခြင်းတို့အတွက် Qwen ၏ စွမ်းဆောင်ရည်များကို အသုံးချနိုင်မည်ဖြစ်သည်။
အထူးသဖြင့် သုံးစွဲသူများအနေဖြင့် Qwen နှင့် ပေါင်းစည်းအသုံးပြုမှုကို ဖွင့်ထားမည်၊ မဖွင့်ထားမည်နှင့် မည်သည့်အချက်အလက်များကို မျှဝေမည်ဆိုသည်တို့ကို ကိုယ်တိုင်ရွေးချယ်နိုင်မည်ဖြစ်သည်။ သုံးစွဲသူများ၏ တောင်းဆိုချက်များ သို့မဟုတ် ဉာဏ်ရည်တုစနစ်က ပြန်လည်ထုတ်ပေးသည့် အဖြေများကို မော်ဒယ်လေ့ကျင့်ရေးအတွက် အသုံးပြုသွားမည်မဟုတ်ကြောင်း Alibaba က ပြောကြားခဲ့သည်။
အဆိုပါ လုပ်ဆောင်ချက်ကို တရုတ်နိုင်ငံတွင် Apple Intelligence အသုံးပြုနိုင်သည့် iPhone ဝယ်ယူထားသူများ သို့မဟုတ် မိမိတို့၏ စက်ပစ္စည်းတည်နေရာနှင့် Apple Account ၏ နိုင်ငံ သို့မဟုတ် ဒေသသတ်မှတ်ချက် နှစ်ခုစလုံးကို တရုတ်နိုင်ငံအဖြစ် သတ်မှတ်ထားသူများအတွက် iOS စနစ်တွင် ရရှိအသုံးပြုနိုင်မည်ဖြစ်သည်။
Alibaba ၏ ဉာဏ်ရည်တုနည်းပညာဆိုင်ရာ ကျွမ်းကျင်မှုများကို အခြေခံထားသည့် Qwen သည် Apple ၏ နည်းပညာဂေဟစနစ်အတွင်း ပေါင်းစည်းအသုံးပြုသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံရှိ သုံးစွဲသူများအတွက် ဉာဏ်ရည်တုနည်းပညာစွမ်းအားဖြင့် ပံ့ပိုးပေးသည့် ဝန်ဆောင်မှုအတွေ့အကြုံသစ်များ ဖော်ဆောင်ပေးနိုင်ရန် Apple နှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Alibaba Group ၏ အမှုဆောင်အရာရှိချုပ် ဝူရုန်မင် (Eddie Wu) က ပြောကြားခဲ့သည်။
ကမ္ဘာ့ထိပ်တန်း လူသုံးအီလက်ထရောနစ်ပစ္စည်း ထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုအနေဖြင့် တရုတ်ဈေးကွက်တွင် တရုတ်နိုင်ငံထုတ် အကြီးစား ဉာဏ်ရည်တုမော်ဒယ်ကို စနစ်တစ်ခုလုံးကို မောင်းနှင်ပေးသည့် ပင်မ AI ကျောရိုးအဖြစ် ပထမဆုံးအကြိမ် အသုံးပြုခြင်းဖြစ်ကြောင်း၊ ယင်းသည် ပြည်တွင်းထုတ် အကြီးစား ဉာဏ်ရည်တုမော်ဒယ်များကို စီးပွားဖြစ် အသုံးချနိုင်ရေးအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်ကြောင်း ပေကျင်း စာတိုက်နှင့် ဆက်သွယ်ရေးတက္ကသိုလ်မှ ဉာဏ်ရည်တုနည်းပညာကျွမ်းကျင်သူ ဝမ်ရှောင်ကျယ်က ပြောကြားခဲ့သည်။
Apple Intelligence သည် Apple က ၂၀၂၄ ခုနှစ်တွင် ကျင်းပခဲ့သည့် ကမ္ဘာလုံးဆိုင်ရာ ဆော့ဖ်ဝဲရေးသားသူများညီလာခံ၌ ပထမဆုံးအကြိမ် မိတ်ဆက်ပြသခဲ့သည့် ဉာဏ်ရည်တုစနစ်ဖြစ်သည်။
အရေးပါသော စည်းမျဉ်းစည်းကမ်းဆိုင်ရာ ဆောင်ရွက်မှုတစ်ရပ်အဖြစ် တရုတ်နိုင်ငံ၏ ဆိုက်ဘာကွန်ရက် ကွပ်ကဲရေးအာဏာပိုင်အဖွဲ့သည် Apple ဉာဏ်ရည်တု အပါအဝင် စမတ်ဖုန်းများအတွက် စက်ပစ္စည်းပေါ်တွင် တိုက်ရိုက်အသုံးပြုနိုင်သည့် မျိုးဆက်သစ် ဉာဏ်ရည်တုဝန်ဆောင်မှု ၇ မျိုးကို ဇူလိုင်လအတွင်း မှတ်ပုံတင်စာရင်းသွင်းခြင်း လုပ်ငန်းစဉ် အပြီးသတ်ဆောင်ရွက်ခဲ့သည်။ (Xinhua)
------------------------------------------
(English Version)
Alibaba's Qwen AI model to integrate into Apple Intelligence in landmark partnership
HANGZHOU, Oct. 31 (Xinhua) -- Chinese tech giant Alibaba Group announced a partnership with Apple on Saturday to integrate its Qwen AI model into Apple Intelligence.
The Qwen-powered feature will be available for testing in the latest iOS developer beta starting Nov. 4 and roll out to Chinese users with the official iOS 27.3 release in December, according to Alibaba.
The partnership brings Qwen's AI capabilities to multiple use cases within Apple's operating system. Through Siri, Writing Tools, and Visual Intelligence, Chinese users will be able to tap Qwen's capabilities for text and image understanding and content generation.
Notably, users can choose whether to enable the Qwen integration and what information to share. Alibaba said it will not use user requests or generated responses for model training.
The feature will be available on iOS to users who purchase an Apple Intelligence-capable iPhone in China, or whose device location and Apple Account country or region are both set to China.
Eddie Wu, CEO of Alibaba Group, said Qwen drawing on Alibaba's AI expertise will integrate into Apple's ecosystem and work with Apple to deliver new AI-powered service experiences to Chinese users.
Wang Xiaojie, an AI expert at Beijing University of Posts and Telecommunications, said this is the first time a top global consumer hardware maker has used a Chinese large model as the primary system-level AI backbone in the Chinese market, a significant step in the commercial application of domestic large models.
Apple Intelligence is the AI system Apple first unveiled at its Worldwide Developers Conference in 2024. In a key regulatory move, China's cyberspace authority completed the filing of seven on-device generative AI services for smartphones in July, including Apple Intelligence.
Photo Caption :This photo taken on Nov. 6, 2025 shows the launch of Alibaba's open-source foundational large language model Qwen in Wuzhen, east China's Zhejiang Province. (Xinhua/Huang Zongzhi)








