
ပဲရစ်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)
နိုဝင်ဘာ ၁ ရက်က ယှဉ်ပြိုင်ခဲ့သည့် ၂၀၂၆ WTT Champions Montpellier စားပွဲတင်တင်းနစ်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းဗိုလ်လုပွဲတွင် တရုတ်နိုင်ငံမှ စွန်းရင်ဆားက တစ်နယ်တည်းသားချင်း ခွိုင်မန့်ကို ၄-၁ ပွဲဖြင့် အနိုင်ရရှိခဲ့သလို အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင်လည်း တောင်ကိုရီးယားနိုင်ငံမှ ဂျန်ဝူဂျင်းက ဂျာမနီနိုင်ငံမှ ဝါရင့်ကစားသမား ပက်ထရစ် ဖရန်ဇစ်စကာကို ၇ ပွဲအထိ စိတ်လှုပ်ရှားဖွယ် အကြိတ်အနယ်ကစားကာ အနိုင်ရရှိခဲ့သဖြင့် ချန်ပီယံဆုများကို အသီးသီးဆွတ်ခူးနိုင်ခဲ့ကြသည်။
ဆီဒင်-၂ ကစားသမားဖြစ်သည့် စွန်းမှာ ပထမပွဲတွင် ၈-၁၁ မှတ်ဖြင့် ရှုံးနိမ့်ခဲ့သော်လည်း နောက်လေးပွဲစလုံးတွင် ၁၁-၇၊ ၁၁-၃၊ ၁၁-၉၊ ၁၁-၆ ဖြင့် ဆက်တိုက်အနိုင်ရရှိခဲ့သည်။
"ကျွန်မတို့က တစ်ယောက်အကြောင်းတစ်ယောက် ကောင်းကောင်းသိသလို လက်ရည်ချင်းလည်း အတူတူလောက်ပါပဲ။ အခုနောက်ပိုင်း ခွိုင်ရဲ့လက်စွမ်းက သိသိသာသာတိုးတက်လာပြီး ကစားပုံလည်း တော်တော်လေး အဆင့်မြင့်လာတယ်။ ဒါကြောင့် ကျွန်မ ကိုယ့်ကိုယ်ကိုယ် အလွန်အကျွံဖိအားမပေးဘဲ လွတ်လွတ်လပ်လပ်ကစားပြီး တစ်ပွဲလုံး သူ့ကိုရင်ဆိုင်သွားဖို့ပဲ အဓိကအာရုံစိုက်ခဲ့တယ်" ဟု ပွဲအပြီးတွင် စွန်းက ပြောကြားခဲ့သည်။
"ပြင်သစ်နိုင်ငံဟာ လာမယ့်နှစ်မှာလည်း ITTF တစ်ဦးချင်း ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပသွားမှာဖြစ်လို့ ဒီမှာယှဉ်ပြိုင်ကစားခွင့်ရတဲ့ ကျွန်မရဲ့အချိန်တွေက အင်မတန်ကောင်းမွန်တဲ့ အစပြုမှုလို့ပဲ ရှုမြင်မိပါတယ်" ဟု ၎င်းက ဆက်လက်ပြောသည်။
အမျိုးသားတစ်ဦးချင်း ဗိုလ်လုပွဲတွင် အသက် ၃၁ နှစ်အရွယ် ဂျန်က အသက် ၃၄ နှစ်အရွယ် ဖရန်ဇစ်စကာ၏ ၃-၁ ပွဲဖြင့် ဦးဆောင်ထားခြင်း ခံခဲ့ရသော်လည်း ၃-၁၁၊ ၁၁-၇၊ ၇-၁၁၊ ၉-၁၁၊ ၁၁-၉၊ ၁၁-၈၊ ၁၁-၈ ဖြင့် ပြန်လည်အနိုင်ရရှိအောင် စွမ်းဆောင်နိုင်ခဲ့သည်။ (Xinhua)



…………………………
(English Version)
China's Sun, South Korea's Jang triumph at WTT Champions Montpellier
PARIS, Nov. 1 (Xinhua) -- China's Sun Yingsha defeated compatriot Kuai Man 4-1 in the women's singles final, while South Korea's Jang Woo-jin rallied past German veteran Patrick Franziska in a seven-game thriller to claim the men's singles title at the 2026 WTT Champions Montpellier on Sunday.
After dropping the opening game 8-11, second seed Sun found her rhythm and won the next four games 11-7, 11-3, 11-9, 11-6.
"We know each other very well and are quite evenly matched. Kuai has shown significant progress and a very high level of play recently. So I wanted to play freely, without putting too much pressure on myself, and focus on challenging her throughout the match," Sun said after the match.
"France will also host the ITTF Singles World Cup next year, so I see this as a very good start to my time competing here," she added.
In the men's singles final, Jang, 31, came from 3-1 down to beat the 34-year-old Franziska 3-11, 11-7, 7-11, 9-11, 11-9, 11-8, 11-8.
Photo caption 1: Sun Yingsha (L) of China and Kuai Man of China are seen during the awarding ceremony after the women's singles final match at the WTT Champions Montpellier 2026 in Montpellier, France, on Nov. 1, 2026. (Xinhua/Wu Huiwo)
Photo caption 2: Kuai Man of China serves during the women's singles final match between Sun Yingsha of China and Kuai Man of China at the WTT Champions Montpellier 2026 in Montpellier, France, on Nov. 1, 2026. (Xinhua/Wu Huiwo)








