အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
အမေရိကန်နိုင်ငံ နယူးယောက်မြို့ရှိ ကနေဒီအပြည်ပြည်ဆိုင်ရာလေဆိပ်အား ၂၀၂၅ ခုနှစ် နိုဝင်ဘာ ၅ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

နယူးယောက်၊ နိုဝင်ဘာ ၂ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံ ဖလော်ရီဒါပြည်နယ် ပမ်းဘိရှ်ခရိုင်ရှိ လူနေရပ်ကွက်တစ်ခုတွင် နိုဝင်ဘာ ၁ ရက်က စီးပွားရေးလုပ်ငန်းသုံး ဂျက်လေယာဉ်တစ်စင်း ပျက်ကျခဲ့ရာ လေယာဉ်ပေါ်ပါ လူ ၉ ဦး အားလုံး သေဆုံးခဲ့ပြီး မြေပြင်ရှိ လူ ၆၀၀ ခန့်ကို ရွှေ့ပြောင်းပေးရန် လိုအပ်ခဲ့ကြောင်း သိရသည်။

ယင်းဖြစ်ရပ်သည် အမေရိကန် အရှေ့ပိုင်းစံတော်ချိန် နိုဝင်ဘာ ၁ ရက် ၁၂ နာရီ ၅၀ မိနစ်တွင် ဖြစ်ပွားခဲ့သည်။ လေယာဉ်ပျက်ကျမှု ဗီဒီယိုတွင် လေယာဉ်သည် ဝေဟင်မှ အရှိန်အဟုန်ဖြင့် ထိုးကျလာပြီး အဓိကအဝေးပြေးလမ်းမကြီးတစ်ခုအနီးတွင် ပေါက်ကွဲကာ ဧရာမ မီးလုံးကြီး တောက်လောင်ခဲ့သည်ကို မြင်ရသည်။ မြေပြင်တွင် တွင်းအပေါက်ကြီးတစ်ခု ဖြစ်သွားခဲ့ပြီး အနီးနားတွင် ဖြတ်သန်းသွားလာနေသော ယာဉ်များကိုလည်း မြင်တွေ့နိုင်သည်။

အမေရိကန် သယ်ယူပို့ဆောင်ရေးဝန်ကြီး Sean Patrick Duffy က လေယာဉ်ပေါ်ပါ လူ ၉ ဦးအားလုံး သေဆုံးခဲ့သည်ဟု လူမှုကွန်ရက်တွင် အတည်ပြုခဲ့သည်။ လက်ရှိအချိန်တွင် မြေပြင်တွင် ဒဏ်ရာရသူ ရှိမရှိ သေချာမသိရသေးဘဲ ယင်းမတော်တဆမှုကြောင့် မြေပြင်တွင် လူ ၆၀၀ ခန့်ကို ရွှေ့ပြောင်းပေးရန် လိုအပ်ခဲ့သည်။

လေကြောင်းသွားလာမှု ထိန်းချုပ်ရေး ရေဒီယိုဆက်သွယ်မှုမှတ်တမ်းတစ်ခုအရ လေယာဉ်မပျက်ကျမီ မိနစ်အနည်းငယ်တွင် လေယာဉ်မှူးက လေယာဉ်ကိုယ်ထည် ရေခဲများဖုံးနေပြီး အသင့်အတင့်ရှိသော လေထုမငြိမ်မသက်မှုနှင့် ကြုံတွေ့နေရကြောင်း အစီရင်ခံခဲ့သည်။ မကြာမီတွင် လေယာဉ်သည် အရေးပေါ်အခြေအနေသို့ ရောက်ရှိကြောင်း ကြေညာခဲ့ပြီး တစ်မိနစ်တာအတွင်းမှာပင် ပေ ၂၇,၀၀၀ (မီတာ ၈,၂၃၀ ခန့်) နိမ့်ဆင်းခဲ့သည်။

ဒေသခံမီဒီယာများ၏ သတင်းအရ အချင်းဖြစ်ပွားသည့် ဒေသတွင် ထိုအချိန်က မိုးကြိုးမုန်တိုင်းများ အနည်းငယ်ရှိခဲ့ပြီး လေယာဉ် နိမ့်ဆင်းမှုမတိုင်မီ မိနစ်အနည်းငယ်ကပင် အားကောင်းသော မုန်တိုင်းတိမ်တိုက်များကြားမှ ဖြတ်သန်းသွားခဲ့သည်။

အမေရိကန် ဖက်ဒရယ်လေကြောင်းစီမံခန့်ခွဲရေးအဖွဲ့(FAA)က ယင်းလေယာဉ်သည် Learjet 60 အမျိုးအစားဖြစ်ပြီး တက္ကဆက်ပြည်နယ် Austin–Bergstrom အပြည်ပြည်ဆိုင်ရာလေဆိပ်မှ ထွက်ခွာခဲ့ကာ ဘဟားမားစ်သို့ ပျံသန်းနေခြင်းဖြစ်ကြောင်း  ကြေညာချက်တွင် ထုတ်ပြန်ခဲ့သည်။

အမေရိကန် FAA နှင့် အမျိုးသားသယ်ယူပို့ဆောင်ရေး လုံခြုံရေးဘုတ်အဖွဲ့တို့က ယင်းဖြစ်ရပ်ကို စုံစမ်းစစ်ဆေးမှု ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။ (Xinhua)

...............................

(Chinese Version)

美一架飞机在居民区坠毁 机上9人死亡地面约600人需疏散

新华社纽约11月1日电 一架公务机1日在美国佛罗里达州棕榈滩县一处居民区坠毁,机上9人全部遇难,地面约600人需要疏散。  

事件发生在美东时间1日12时50分。坠机视频显示,飞机从空中俯冲而下,在一条主要公路附近爆炸后,燃起巨大火球,地面被撞出一个坑洞,不远处有过往车辆。  

美国交通部长肖恩·达菲在社交媒体证实,机上9人全部遇难。目前尚不清楚地面是否有人受伤,事故导致地面约600人需要疏散。  

一段空中交通管制无线电通话录音显示,坠机前几分钟,飞行员报告飞机机身结冰并遭遇中度湍流。不久,飞机宣布进入紧急状态,在短短一分钟内下降27000英尺(约合8230米)。  

据当地媒体报道,事发地区当时有零星雷暴,飞机下降前几分钟穿过了一个较强风暴云团。  

美国联邦航空局发布声明称,这架“里尔60”型飞机从得克萨斯州奥斯汀-伯格斯特龙国际机场起飞,目的地是巴哈马。  

美国联邦航空局和国家运输安全委员会将对这起事件展开调查。(完)

图说:这是2025年11月5日在美国纽约拍摄的肯尼迪国际机场塔台。新华社记者张凤国摄