
တိုကျို၊ အောက်တိုဘာ ၃၁ ရက် (ဆင်ဟွာ)
ဂျပန်ပြည်သူ တစ်သောင်းနီးပါးသည် အောက်တိုဘာ ၃၀ ရက် ညပိုင်းတွင် တိုကျိုမြို့ရှိ လွှတ်တော်အဆောက်အအုံ၏ ပင်မဝင်ပေါက်ရှေ့၌ လူထုစုဝေးပွဲ ကျင်းပခဲ့ပြီး တာကာအိချိအစိုးရ၏ နျူကလီးယားမူဝါဒကို ပြင်ဆင်ရန် ကြိုးပမ်းမှုအပါအဝင် စစ်အင်အားတိုးချဲ့ရေးဆိုင်ရာ ဦးတည်လုပ်ဆောင်ချက်များကို ဆန္ဒပြကန့်ကွက်ခဲ့ကြသည်။
မကြာသေးမီက တာကာအိချိအစိုးရသည် နျူကလီးယားမူဝါဒနှင့်ပတ်သက်၍ လှုပ်ရှားဆောင်ရွက်မှုများ ဆက်တိုက်ပြုလုပ်လျက်ရှိသည်။ ကာကွယ်ရေးဝန်ကြီး ရှင်ဂျီရို ကိုအိဇုမိက နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တင်သွင်းအသုံးပြုရေးကိစ္စကို ဆွေးနွေးရာတွင် “မည်သည့်ရွေးချယ်မှုကိုမျှ ပယ်ချမည်မဟုတ်” ဟု အကြိမ်ကြိမ် လူသိရှင်ကြား ပြောကြားခဲ့ပြီးနောက် ဝန်ကြီးချုပ် ဆာနာအဲ တာကာအိချိကလည်း ယခုလအတွင်း လွှတ်တော်၌ ကိုယ်ပိုင်ကာကွယ်ရေးတပ်ဖွဲ့အတွက် နျူကလီးယားစွမ်းအင်သုံး ရေငုပ်သင်္ဘောများ တင်သွင်းအသုံးပြုရေးနှင့်ပတ်သက်၍ “လက်တွေ့ကျပြီး တိကျသေချာသော ဆွေးနွေးမှုများ” ပြုလုပ်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထို့ပြင် တာကာအိချိအစိုးရသည် ယခုနှစ်ကုန်ပိုင်းတွင် “လုံခြုံရေးဆိုင်ရာ အဓိကမူဝါဒစာတမ်းသုံးစောင်” ကို ပြင်ဆင်ဖြည့်စွက်ရာ၌ ယင်းစာတမ်းများတွင် ပါဝင်သော “နျူကလီးယားကင်းစင်ရေးမူဝါဒ ၃ ရပ်” နှင့်ပတ်သက်သည့် မူဝါဒဖော်ပြချက်များကို ပြင်ဆင်ပြောင်းလဲနိုင်ဖွယ်ရှိကြောင်း ဂျပန်မီဒီယာအချို့ကလည်း သတင်းဖော်ပြခဲ့သည်။
၎င်းနေ့ညပိုင်းတွင် ပြုလုပ်သည့် ဆန္ဒပြပွဲ၌ အထက်ဖော်ပြပါ လုပ်ဆောင်ချက်များကို အဓိကထား ကန့်ကွက်ခဲ့ကြသည်။ ဆန္ဒပြပွဲတွင် ဟောပြောသူအများအပြားက တာကာအိချိအစိုးရ၏ စစ်ရေးအသွင်ပြောင်းရေးအတွက် အဆက်မပြတ်တွန်းအားပေးဆောင်ရွက်နေခြင်းကြောင့် အိမ်နီးချင်းနိုင်ငံများနှင့် ဆက်ဆံရေးများ ပိုမိုတင်းမာ၊ ပြင်းထန်လာစေကာ အခြားနိုင်ငံများကို “အလွန်ပြင်းထန်သော အန္တရာယ်ဖြစ်မည်ကို စိုးရိမ်သည့် ခံစားချက်” ဖြစ်ပေါ်စေကြောင်း ထောက်ပြပြောကြားခဲ့သည်။
“ဂျပန်နိုင်ငံဟာ အခုနောက်ပိုင်း စစ်အင်အားကို အဆက်မပြတ်တိုးမြှင့်လာနေတယ်ဆိုတာ အမှန်ပါပဲ။ ဒီလိုလုပ်ဆောင်နေတာတွေဟာ လွန်လွန်းနေပါပြီ” ဟု ဆန္ဒပြသူ ယိုရှီကာဝါက သတင်းထောက်နှင့် တွေ့ဆုံမေးမြန်းခန်းတွင် ပြောကြားခဲ့သည်။
စစ်အင်အားတိုးချဲ့မှုသည် ကိုယ်ပိုင်ကာကွယ်ရေးအတွက် လိုအပ်သည့် အတိုင်းအတာကို သိသိသာသာ ကျော်လွန်လာပြီး အခြားနိုင်ငံများကိုပင် ရန်စသည့် အဆင့်အထိရောက်ရှိလာပါက ယင်းသည် “လုံးဝပုံမှန်မဟုတ်သော အခြေအနေ” ဖြစ်ကြောင်း ၎င်းက သုံးသပ်ပြောကြားခဲ့သည်။
အခြားဆန္ဒပြသူတစ်ဦးဖြစ်သူ ကုရေဘာယာရှီ မိဆုရုက သတင်းထောက်နှင့်တွေ့ဆုံမေးမြန်းခန်းတွင် လက်ရှိ ဂျပန်နိုင်ငံသည် ရေနံအကျပ်အတည်း၏သက်ရောက်မှုကို အကြီးအကျယ် ခံစားနေရပြီး ကုန်ဈေးနှုန်းများကြီးမြင့်လာမည့် ဖိအားများနှင့် ရင်ဆိုင်နေရကြောင်း ပြောကြားခဲ့သည်။
ဆောင်းရာသီ နီးကပ်လာသည်နှင့်အမျှ အပူပေးစက်များ အသုံးပြုရန် လိုအပ်ချက် မြင့်တက်လာပြီး လျှပ်စစ်ဓာတ်အားခများလည်း အဆက်မပြတ် မြင့်တက်လာနေသော်လည်း သာမန်ပြည်သူများ၏ လုပ်ခလစာများမှာ တိုးတက်လာခြင်းမရှိကြောင်း ၎င်းက ဆိုသည်။
ပြည်သူများ၏ လူနေမှုစရိတ်ဝန်ထုပ်ဝန်ပိုးသည် တစ်စထက်တစ်စ ပိုမိုကြီးမားလေးလံလာနေချိန်တွင် ဂျပန်အစိုးရက နျူကလီးယားလက်နက်များ ဂျပန်နိုင်ငံအတွင်းသို့ ဝင်ရောက်လာစေရန် ကြိုးပမ်းနေသည့်အပြင် ဂျပန်နိုင်ငံကို စစ်ပွဲဆင်နွှဲနိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် ပြန်လည်ဖြစ်လာစေရန် ဖွဲ့စည်းပုံအခြေခံဥပဒေကိုလည်း ပြင်ဆင်ရန် ကြိုးပမ်းနေကြောင်း၊ “ဒီလိုလုပ်ရပ်တွေကို လုံးဝ လက်ခံခွင့်ပြုလို့ မဖြစ်ပါဘူး” ဟု ၎င်းက ပြောကြားခဲ့သည်။ (Xinhua)


------------------------------------------
(Chinese Version)
日本民众抗议高市政府谋求调整核政策
新华社东京10月30日电(记者李子越 杨智翔)近万名日本民众30日晚在东京国会议事堂正门前举行集会,抗议高市政府谋求调整核政策等扩军动向。
近期,高市政府在核政策方面动作频频。继防卫大臣小泉进次郎多次公开表示在讨论引进核潜艇问题时“不排除任何选项”后,首相高市早苗本月又在国会表示,将就自卫队引进核潜艇展开“具体且现实的讨论”。此外,还有日媒报道称,高市政府或在年底修订“安保三文件”时,调整其中有关“无核三原则”的政策表述。
当晚的抗议活动聚焦上述一系列动向。现场多名演讲者指出,高市政府不断推进军事化,加剧与周边国家的紧张关系,令其他国家“感到强烈的危机感”。
抗议者吉川在接受记者采访时说:“日本现在确实有一种不断增强军事力量的趋势。这些做法太过头了。”他认为,如果军事力量的发展已经明显超出自卫所需要的范围,甚至达到会挑衅其他国家的程度,这“极不正常”。
另一名抗议者红林美鹤对记者表示,当前日本深受石油危机影响,各种商品价格面临上涨压力。随着冬季临近,取暖需求增加,电费也不断上涨,普通民众的工资却没有增长。她说,在民众生活负担不断加重的情况下,日本政府却想让核武器进入日本,还试图修改宪法,让日本重新成为一个能够发动战争的国家,“这些事绝对不能被容许”。
图说 :10月30日,在日本东京国会议事堂正门前,日本民众手持标语举行集会。新华社记者 贾浩成 摄



b0a3ed349cba858e4e105e0a8977ea9dfb0cb9b3.article_card.avif)
d55e9c4707cc1c85fa680c01ab0661ede5234dc3.article_card.avif)



23426eb6ca6bca3ba724de68d0760ca9885a7077.article_card.avif)