တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)
တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာနက ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၈ ရက်တွင် ပြုလုပ်သော ပုံမှန်သတင်းစာရှင်းလင်းပွဲ၌ ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက ရှင်းလင်းပြောကြားနေစဉ် (ဓာတ်ပုံ - Ministry of Foreign Affairs of the People’s Republic of China)

ပေကျင်း၊ အောက်တိုဘာ ၂၉ ရက် (ဆင်ဟွာ)

အရှေ့အလယ်ပိုင်းဒေသတွင် ဒေသတွင်းတင်းမာမှုများ ဆက်လက်ဖြစ်ပွားနေခြင်းနှင့်ပတ်သက်၍ တရုတ်နိုင်ငံအနေဖြင့် အလွန်အမင်း စိုးရိမ်ပူပန်ကြောင်းနှင့် အရပ်ဘက်လေဆိပ်များကဲ့သို့သော အရပ်သားပစ်မှတ်များအပေါ် တိုက်ခိုက်မှုများကို ကန့်ကွက်ကြောင်း တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကောကျားခွန်းက  အောက်တိုဘာ ၂၈ ရက်​၌ ပြောကြားခဲ့သည်။

အရှေ့အလယ်ပိုင်းဒေသ၌ ငြိမ်းချမ်းရေးနှင့် တည်ငြိမ်အေးချမ်းရေးအား စောစီးစွာ  ပြန်လည်ထိန်းသိမ်းနိုင်ရန် ဘက်အသီးသီးအနေဖြင့် အငြင်းပွားမှုများကို ဆွေးနွေးညှိနှိုင်းမှုများမှတစ်ဆင့် ဖြေရှင်းကြရန် တရုတ်နိုင်ငံက တိုက်တွန်းကြောင်း ၎င်းက ပြောကြားခဲ့သည်။

ယီမင်နိုင်ငံရှိ ဟူသီအဖွဲ့က ဆော်ဒီအာရေဗျနိုင်ငံအပေါ် ပြုလုပ်ခဲ့သည့် တိုက်ခိုက်မှုအသစ်များနှင့်ပတ်သက်၍ မှတ်ချက်ပြုပေးရန်  မေးမြန်းမှုအပေါ် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် ကောက အထက်ပါအတိုင်း ပြောကြားခဲ့ခြင်း ဖြစ်သည်။ ဆော်ဒီအာရေဗျနိုင်ငံ ကာကွယ်ရေးဝန်ကြီးဌာနနှင့် နိုင်ငံ၏ အနောက်တောင်ပိုင်းရှိ Abha အပြည်ပြည်ဆိုင်ရာလေဆိပ် အပါအဝင် နေရာအများအပြားကို ပဲ့ထိန်းဒုံးလက်နက်များနှင့် ဒရုန်းများ အသုံးပြု၍ တိုက်ခိုက်ခဲ့သည်ဟု ဟူသီအဖွဲ့က အောက်တိုဘာ ၂၇ ရက်၌ ထုတ်ဖော်ပြောဆိုခဲ့ကြောင်း သိရသည်။ (Xinhua)

............................................

(English Version)

China deeply concerned over continuing tensions in Middle East: spokesperson

BEIJING, Oct. 28 (Xinhua) -- China is deeply concerned about the sustained regional tensions in the Middle East, and opposes attacks on civilian targets such as civil aviation airports, Chinese foreign ministry spokesperson Guo Jiakun said on Wednesday.

China calls on relevant parties to resolve disputes through dialogue and negotiation to help restore peace and tranquility in the Middle East at an early date, he added.

Guo made the remarks at a regular press briefing when asked to comment on new attacks on Saudi Arabia by Yemen's Houthi group. The Houthis claimed on Tuesday that it had launched attacks on multiple targets in Saudi Arabia using ballistic missiles and drones, including the Saudi Defense Ministry and Abha International Airport in southwestern Saudi Arabia. ■