
ပေကျင်း၊ အောက်တိုဘာ ၂၃ ရက် (ဆင်ဟွာ)
တရုတ်နိုင်ငံ ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် အောက်တိုဘာ ၂၂ ရက် ည ၁၀ နာရီ ၃၃ မိနစ်ခန့်က ပြင်းအား ၇.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ပြင်းထန်သော လူထိခိုက်သေဆုံးမှုများ ဖြစ်ပွားခဲ့သည်။
ငလျင်လှုပ်ခတ်ပြီးနောက် တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ အထွေထွေအတွင်းရေးမှူးချုပ်၊ နိုင်ငံတော်သမ္မတ၊ ဗဟိုစစ်ကော်မရှင် ဥက္ကဋ္ဌ ရှီကျင့်ဖိန်သည် အထူးအလေးထားကာ အရေးကြီးလမ်းညွှန်ချက်များ ချမှတ်ခဲ့သည်။
ရှီးဇန့်ဒေသ နာ့ချွီမြို့ ပါးချင်းခရိုင်တွင် ပြင်းအား ၇.၀ အဆင့်ရှိ ငလျင် လှုပ်ခတ်ခဲ့ပြီး ပြင်းထန်သော လူထိခိုက်သေဆုံးမှုများ ဖြစ်ခဲ့ကြောင်း၊ လူပုဂ္ဂိုလ် ရှာဖွေကယ်ဆယ်မှုများကို အင်တိုက်အားတိုက် ကြိုးပမ်းလုပ်ဆောင်ပြီး ဒဏ်ရာရရှိသူများအား ကယ်ဆယ်ကုသမှုကို အစွမ်းကုန်လုပ်ဆောင်ကာ လူထိခိုက်သေဆုံးမှုကို အတတ်နိုင်ဆုံး လျှော့ချရမည်ဖြစ်ကြောင်း ၎င်းက ထောက်ပြခဲ့သည်။
ငလျင်ဒဏ်သင့်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောဒေသဖြစ်ပြီး ရာသီဥတု အေးခဲကြောင်း၊ ငလျင်ဒဏ်သင့်အခြေအနေနှင့် ရာသီဥတုပြောင်းလဲမှုကို အနီးကပ်စောင့်ကြည့်ပြီး ကယ်ဆယ်ရေးလုပ်ငန်းများ သိပ္ပံနည်းကျ လုပ်ဆောင်ကာ နောက်ဆက်တွဲ ဘေးအန္တရာယ်ဖြစ်ပွားမှုကို ကြိုတင်ကာကွယ်ရမည်ဖြစ်ကြောင်း၊ ဘေးအန္တရာယ် ကယ်ဆယ်ရေးပစ္စည်းများကို အမြန်ဆုံး ညှိနှိုင်းခွဲဝေပေးပြီး ဘေးဒဏ်သင့်ပြည်သူလူထုကို ကောင်းမွန်သင့်လျော်စွာ စီမံနေရာချထားရမည်ဖြစ်ကြောင်း၊ ထိခိုက်ပျက်စီးသွားသော အခြေခံအဆောက်အအုံများကို အမြန်ဆုံးပြင်ဆင်၍ အများပြည်သူလူထု၏ အသက်အိုးအိမ် စည်းစိမ်ဥစ္စာ ဘေးကင်းလုံခြုံမှုကို လက်တွေ့အာမခံပေးရမည်ဖြစ်ကြောင်း ရှီကျင့်ဖိန်က အလေးထားပြောကြားခဲ့သည်။
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အမြဲတမ်းအဖွဲ့ဝင်၊ နိုင်ငံတော်ကောင်စီ ဝန်ကြီးချုပ် လီချန်က ညွှန်ကြားချက်ထုတ်ပြန်ခဲ့ရာ ငလျင်ဒဏ်သင့်မှုအခြေအနေကို အမြန်ဆုံး စစ်ဆေးအတည်ပြုပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေးနှင့် ဒဏ်ရာရရှိသူများအား ကုသမှုကို အစွမ်းကုန် စီမံဆောင်ရွက်ရမည်ဖြစ်ကြောင်း၊ ဘေးဒဏ်သင့်ပြည်သူများကို လျော်ကန်စွာ ရွှေ့ပြောင်းနေရာချထားပြီး လူထိခိုက်ဒဏ်ရာရမှုကို အတတ်နိုင်ဆုံး လျှော့ချရမည်ဖြစ်ကြောင်း ထောက်ပြခဲ့သည်။
ယခုအကြိမ် ငလျင်ဒဏ်သင့်ဒေသသည် ပင်လယ်ရေမျက်နှာပြင်အထက် မြင့်မားသောဒေသ၌ တည်ရှိပြီး နောက်ဆက်တွဲငလျင်များစွာ လှုပ်ခတ်လျက်ရှိကြောင်း၊ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာန၊ တရုတ်ငလျင်စီမံခန့်ခွဲရေးဌာန (CEA) တို့သည် သက်ဆိုင်ရာနှင့်အတူ ငလျင်အခြေအနေအား စောင့်ကြည့်တိုင်းတာခြင်း၊ ကြိုတင်ခန့်မှန်းခြင်းတို့ကို တစ်ဆင့်တိုးမြှင့်တင် လုပ်ဆောင်ပြီး ဘေးဒဏ်ကြိုတင်ကာကွယ် ကိုင်တွယ်စီမံမှု လုပ်ငန်းများကို တင်းတင်းကျပ်ကျပ် လုပ်ဆောင်ရမည်ဖြစ်ကြောင်း ၎င်းက ပြောကြားခဲ့သည်။
ရှီကျင့်ဖိန်၏ အရေးကြီးလမ်းညွှန်ချက်နှင့် လီချန်၏ ညွှန်ကြားချက်များအရ အရေးပေါ် စီမံခန့်ခွဲရေးဝန်ကြီးဌာနသည် အချင်းဖြစ်ပွားရာနေရာသို့ လုပ်ငန်းအဖွဲ့စေလွှတ်ပြီး ဘေးအန္တရာယ် ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ဆောင်နေပြီဖြစ်သည်။ ရှီးဇန့်ဒေသကလည်း အင်အားများစုစည်းကာ ဘေးအန္တရာယ်ကယ်ဆယ်ရေး၊ ဘေးဒဏ်သင့်ပြည်သူများအား ကောင်းမွန်သင့်လျော်စွာ နေရာချထားရေးတို့ လုပ်ဆောင်နေပြီဖြစ်သည်။ လက်ရှိတွင် ငလျင်ဒဏ်ကယ်ဆယ်ရေး သက်ဆိုင်ရာလုပ်ငန်း အသီးသီးကို အရေးတကြီး စနစ်တကျ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။ (Xinhua)
---------------------
(Chinese Version)
习近平对西藏那曲市巴青县7.0级地震作出重要指示强调 全力开展人员搜救 妥善安置受灾群众 切实保障人民群众生命财产安全 李强作出批示
新华社北京10月23日电 10月22日22时33分许,西藏那曲市巴青县发生7.0级地震,造成重大人员伤亡。
地震发生后,中共中央总书记、国家主席、中央军委主席习近平高度重视并作出重要指示指出,西藏那曲市巴青县发生7.0级地震,造成重大人员伤亡。要全力开展人员搜救,全力做好伤员救治工作,最大限度减少人员伤亡。
习近平强调,灾区地处高海拔地区,天气寒冷,要密切监测震情和天气变化,科学实施救援,防止发生次生灾害。要抓紧调拨抢险救援物资,妥善安置受灾群众,抢修受损基础设施,切实保障人民群众生命财产安全。
中共中央政治局常委、国务院总理李强作出批示指出,要抓紧核实灾情,全力组织抢险救援和伤员救治,妥善转移安置受灾群众,尽最大努力减少人员伤亡。本次地震灾区位于高海拔地区且余震多发,应急管理部、地震局要会同有关方面进一步加强震情监测预测,严密做好灾害防范应对工作。
根据习近平重要指示和李强要求,应急管理部已派出工作组赶赴现场指导抢险救灾工作,西藏已组织力量全力开展抢险救灾,妥善安置受灾群众。目前,抗震救灾各项工作正在紧张有序进行。(完)
图说:10月23日,西藏那曲市索县消防救援大队已到达巴青县岗切乡纳贡村,正在进行排查。新华社发








