ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)
ရုရှားနိုင်ငံ စိန့်ပီတာစဘတ်မြို့သို့ ရောက်ရှိလာသည့် တရုတ်နိုင်ငံ ဝန်ကြီးချုပ် လီချန်ကို ၂၀၂၆ ခုနှစ် အောက်တိုဘာ ၂၀ ရက်က တွေ့ရစဉ် (ဆင်ဟွာ)

စိန့်ပီတာစဘတ်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

မကြာသေးမီနှစ်များအတွင်း ရှုပ်ထွေးပြီးမငြိမ်မသက်ဖြစ်နေသည့် နိုင်ငံတကာအခင်းအကျင်းတွင်  တရုတ်နိုင်ငံနှင့် ရုရှားနိုင်ငံတို့သည် ဘေးချင်းယှဉ်ရပ်တည်ကာ ရှေ့သို့အတူတကွ တက်လှမ်းနိုင်ခဲ့ကြသည်ဟု တရုတ်နိုင်ငံဝန်ကြီးချုပ် လီချန်က အောက်တိုဘာ ၂၁ ရက်၌ ပြောကြားခဲ့သည်။

တရုတ်နှင့် ရုရှားနိုင်ငံတို့အနေဖြင့် ပြင်ပမှဖြစ်ပေါ်လာသည့် မရေရာမှုများနှင့် မတည်ငြိမ်မှုများ၏ သက်ရောက်မှုကိုလျှော့ချနိုင်ရေးအတွက် ပိုမိုတက်ကြွ၍ ခံနိုင်ရည်စွမ်းမြင့်မားသည့် ပူးပေါင်းဆောင်ရွက်မှုပုံစံများကို အသုံးချလျက် နှစ်နိုင်ငံပူးပေါင်းဆောင်ရွက်မှုများ ပိုမိုကျယ်ကျယ်ပြန့်ပြန့်၊ တည်ငြိမ်၊ ခိုင်မာစွာ ဆောင်ရွက်နိုင်ခဲ့ကြောင်း ရုရှားဝန်ကြီးချုပ် မီခေးလ်မစ်ရှုစတင်နှင့် တွေ့ဆုံဆွေးနွေးခဲ့ရာတွင် ဝန်ကြီးချုပ်လီချန်က ပြောကြားခဲ့သည်။ (Xinhua)

.................................................

(English version)

Urgent: Chinese premier says China, Russia work side by side amid complex, turbulent world

ST. PETERSBURG, Oct. 21 (Xinhua)

Chinese Premier Li Qiang said on Wednesday that China and Russia in recent years have stood side by side and moved forward together amid a complex and turbulent international landscape.

In his talks with Russian Prime Minister Mikhail Mishustin, Li also said the two countries have leveraged more dynamic and resilient cooperation to cushion the impact of external uncertainties and instability, and bilateral cooperation has continued to broaden and grow ever more steady. ■

Photo caption: Chinese Premier Li Qiang arrives in St. Petersburg, Russia, Oct. 20, 2026.(Xinhua/Huang Jingwen)