
ပေကျင်း၊ အောက်တိုဘာ ၂၂ ရက် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် အောက်တိုဘာ ၂၃ ရက်တွင် ၂၀၂၆ ခုနှစ် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ဖိုရမ် (ရှုံအန်း) ၏ ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ပြီး အဓိကအမှာစကား ပြောကြားမည်ဖြစ်သည်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာ ၂၁ ရက် ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သက်ဆိုင်ရာအခြေအနေနှင့် ယခုအကြိမ်ပြုလုပ်ကျင်းပမည့် ဖိုရမ်အပေါ် တရုတ်နိုင်ငံ၏ မျှော်လင့်ချက်များကို မိတ်ဆက်ပြောကြားခဲ့သည်။
ယခုအကြိမ်ပြုလုပ်ကျင်းပမည့် ဖိုရမ်ကို “ယုံကြည်မှုနှင့် ပူးပေါင်းဆောင်ရွက်မှုကို ပြန်လည်တည်ဆောက်ခြင်း — ရာစုနှစ် အခင်းအကျင်း အပြောင်းအလဲနှင့် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနှင့် တိုးတက်ကောင်းမွန်ရေး” ဟူသော ခေါင်းစဉ်ဖြင့် ကျင်းပမည်ဖြစ်ရာ ဤအစီအစဉ်ကြီးတွင် အတူတကွ ပါဝင်ဆွေးနွေးရန် နိုင်ငံအသီးသီးမှ ပုဂ္ဂိုလ်များအား ရှုံအန်းသို့ လာရောက်ရန် ဖိတ်ခေါ်ထားကြောင်း မော်နင်က ပြောကြားခဲ့သည်။
တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဖိုရမ်ဖွင့်ပွဲအခမ်းအနားတွင် ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု အစီအမံကြီးကို တစ်ဆင့်တိုး၍ အကောင်အထည်ဖော်ရေးနှင့် ပိုမိုတရားမျှတပြီး ကျိုးကြောင်းဆီလျော်သော ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု စနစ်ကို မြှင့်တင်တည်ဆောက်ရေး ဟူသော လက်တွေ့ကျသည့် အစီအမံများကို အဆိုပြုမည်ဖြစ်ပြီး ဖိုရမ်သို့တက်ရောက်လာသော နိုင်ငံခြားဧည့်သည်တော် ကိုယ်စားလှယ်များနှင့် အတူဆွေးနွေးသွားမည်ဖြစ်ကြောင်း မော်နင်က ပြောကြားခဲ့သည်။
“တရုတ်နှင့် ပြည်ပ ဧည့်သည်တော်တွေက ယခုအကြိမ်ဖိုရမ်ကို အခွင့်အလမ်းအဖြစ် အသုံးချကာ နိုင်ငံတကာအသိုင်းအဝိုင်း၏ စီမံခန့်ခွဲမှုဆိုင်ရာ စိန်ခေါ်မှုများကို လက်တွဲဖြေရှင်းရေး၊ ကမ္ဘာလုံးဆိုင်ရာ စီမံခန့်ခွဲမှု ပြုပြင်ပြောင်းလဲရေးနဲ့ တိုးတက်ကောင်းမွန်ရေးတို့အတွက် အထောက်အကူပြုလိမ့်မယ်လို့ ကျွန်မတို့ ယုံကြည်ပါတယ်” ဟု မော်နင်က ပြောကြားခဲ့သည်။ (Xinhua)
…………………
(Chinese Version)
外交部介绍举办2026全球治理论坛(雄安)中方期待
新华社北京10月21日电(记者邵艺博)中共中央政治局委员、外交部长王毅将于10月23日出席2026全球治理论坛(雄安)开幕式并作主旨发言。外交部发言人毛宁21日在例行记者会上介绍了有关情况和中方对此次论坛的期待。
毛宁表示,本次论坛以“重建信心与合作:百年变局与改革完善全球治理”为主题,邀请各国人士相聚雄安,共商改革完善全球治理大计。
毛宁说,王毅外长将在论坛开幕式提出进一步落实全球治理倡议、推动构建更加公正合理全球治理体系的务实举措,还将会见与会外国嘉宾代表。
“我们相信中外嘉宾将以本次论坛为契机,助力国际社会携手破解治理难题,改革完善全球治理。”毛宁说。(完)
图说:这是雄安新区南河枢纽(8月4日摄,无人机照片)。新华社记者 牟宇 摄

63e3817d50fa06f784452d5d4fa2795f0658bfce.article_card.avif)






