
အော်စလို၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)
နော်ဝေဝန်ကြီးချုပ် Jonas Gahr Store ၊ ဖင်လန်သမ္မတ Alexander Stubb နှင့် ယူကရိန်းသမ္မတ ဇယ်လန်းစကီးတို့သည် အောက်တိုဘာ ၂၀ ရက်တွင် နော်ဝေနိုင်ငံ မြို့တော် အော်စလို၌ အမေရိကန်ဘက် အထူးသံတမန်နှင့် ယူကရိန်းအရေးဆိုင်ရာ တွေ့ဆုံဆွေးနွေးမှု ပြုလုပ်ခဲ့ကြသည်။ ဆွေးနွေးမှုသို့ တက်ရောက်လာသော အမေရိကန်သမ္မတ၏ အထူးသံတမန် Steve Witkoff က ရုရှားသမ္မတ ပူတင်နှင့် တွေ့ဆုံပြီး ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှု၏ အဓိကအချက်များကို အသိပေးပြောကြားရန် အောက်တိုဘာ ၂၁ ရက်တွင် ရုရှားနိုင်ငံ စိန့်ပီတာစဘတ်စ်မြို့သို့ သွားရောက်ရန် စီစဉ်ထားသည်။
နော်ဝေအသံလွှင့်ကုမ္ပဏီ (NRK) ၏ ဖော်ပြချက်အရ ယခုအကြိမ် တွေ့ဆုံဆွေးနွေးမှုကို ယူကရိန်းဘက်၏ တောင်းဆိုချက်အရ ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး ရုရှားဘက်အား ပြောကြားနိုင်မည့် ငြိမ်းချမ်းရေးအစီအစဉ်၏ အဓိကအချက်များကို ပိုမိုစုစည်းရန် ရည်ရွယ်သည်။ ဗြိတိန်၊ ပြင်သစ်၊ ဂျာမနီ၊ ပိုလန် အပြင် ဥရောပသမဂ္ဂနှင့် နေတိုးအဖွဲ့ ကိုယ်စားလှယ်များသည်လည်း ဗီဒီယိုလင့်ခ်ဖြင့် တိုးချဲ့အစည်းအဝေးတွင် ပါဝင်တက်ရောက်ခဲ့ကြသည်။
အစည်းအဝေးမှာ အပြုသဘောဆောင်မှုရှိပြီး ဆွေးနွေးမှုများတွင် ယူကရိန်း၏ လုံခြုံရေး၊ စစ်အပြီး ပြန်လည်တည်ဆောက်ရေး၊ နယ်မြေပိုင်နက်၊ ပိတ်ဆို့အရေးယူမှုများနှင့် ဥရောပလုံခြုံရေးစည်းစနစ် စသည့် ကိစ္စရပ်များ ပါဝင်ကြောင်း Store က အစည်းအဝေးအပြီး ဇယ်လန်းစကီး၊ Stubb တို့နှင့် ပူးတွဲကျင်းပသော သတင်းစာရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။
Stubb က သက်ဆိုင်ရာ သံတမန်ရေးရာလုပ်ငန်းစဉ်မှာ “လမ်းကြောင်းမှန်သို့ ပြန်လည်ရောက်ရှိလာပြီ” ဖြစ်ပြီး ဘက်အသီးသီး၏ ဆွေးနွေးမှုများတွင် ငြိမ်းချမ်းရေးအစီအစဉ်အပြင် လေကြောင်းရန်ကာကွယ်ရေး၊ စွမ်းအင်အဆောက်အအုံများ ကာကွယ်ရေး စသည့် ပိုမိုအရေးတကြီး လိုအပ်သော ကိစ္စရပ်များ လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။
ဇယ်လန်းစကီးက အမေရိကန်ဘက် အထူးကိုယ်စားလှယ်နှင့် ဆက်သွယ်ဆွေးနွေးမှုမှာ အလွန်အရေးပါပြီး ယူကရိန်းနိုင်ငံသည် ငြိမ်းချမ်းရေးကို ရရှိလိုကြောင်း၊ ယူကရိန်းဘက်အနေဖြင့် စွမ်းအင်အဆောက်အအုံများအား တိုက်ခိုက်မှုရပ်တန့်ရန် အမေရိကန်ဘက်၏ အဆိုပြုချက်ကို ထောက်ခံကြောင်း ပြောကြားခဲ့သည်။ (Xinhua)
……………………………….
(Chinese Version)
乌克兰问题会谈在挪威举行 美特使将赴俄见普京
新华社奥斯陆10月20日电(记者张玉亮)挪威首相斯特勒、芬兰总统斯图布和乌克兰总统泽连斯基20日在挪威首都奥斯陆与美方特使举行乌克兰问题会谈。与会的美总统特使威特科夫定于21日前往俄罗斯圣彼得堡,与俄总统普京会面并通报此次会谈要点。
据挪威广播公司报道,此次会谈应乌方请求举行,旨在进一步梳理可向俄方提出的和平方案要点。英国、法国、德国、波兰以及欧盟、北约代表以视频方式参加了扩大会议。
斯特勒在会后与泽连斯基、斯图布共同举行的记者会上说,会谈富有建设性,讨论涉及乌克兰安全、战后重建、领土、制裁及欧洲安全秩序等问题。
斯图布表示,相关外交进程已“重回正轨”,各方讨论除了和平方案,也涉及防空、能源设施保护等较紧迫的问题。
泽连斯基称,与美方特使沟通十分重要,乌克兰希望实现和平,乌方支持美方提出的停止攻击能源设施的建议。(完)
图说:2026年1月22日,在莫斯科克里姆林宫,俄罗斯总统普京(左)与美国总统特朗普特使威特科夫握手。新华社发(克里姆林宫网站供图)








