တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘူလ်ဂေးရီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား ပလက်ဗ်တို့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)
တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် ဘူလ်ဂေးရီးယား ဒုတိယဝန်ကြီးချုပ် အလက်ဇန္ဒား ပလက်ဗ်တို့ ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့တွင် ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၉ ရက်က တွေ့ဆုံနေစဉ် (ဆင်ဟွာ)

ဆိုဖီယာ၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရို အဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘူလ်ဂေးရီးယား ဒုတိယဝန်ကြီးချုပ် ပလက်ဗ်နှင့် အောက်တိုဘာ ၁၉ ရက်တွင် ဘူလ်ဂေးရီးယားနိုင်ငံ ဆိုဖီယာမြို့၌ တွေ့ဆုံခဲ့သည်။

ဝမ်ရိက ပလက်ဗ်၏ မကြာသေးမီက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှု အောင်မြင်စွာပြီးဆုံးခဲ့ခြင်းအတွက် ဂုဏ်ယူဝမ်းမြောက်ကြောင်း ပြောကြားခဲ့သည်။ လက်ရှိအချိန်သည် တရုတ်-ဘူလ်ဂေးရီးယား ဆက်ဆံရေး ဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးကြီးသော အခွင့်အရေး ရနိုင်သည့်ကာလဖြစ်ကြောင်း၊ နှစ်နိုင်ငံအနေဖြင့် တစ်ဦးနှင့်တစ်ဦး ဦးတည်ချက်တူညီစွာ လျှောက်လှမ်းပြီး ပိုမိုများပြားသော လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများလုပ်ဆောင်ခြင်းဖြင့် မိမိတို့နိုင်ငံအသီးသီး၏ ဖွံ့ဖြိုးတိုးတက် ရှင်သန်အားကောင်းလာရေးကို အထောက်အကူပြုသင့်ကြောင်း ပြောကြားခဲ့သည်။

တရုတ်နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံနှင့် ဘဏ္ဍာရေး၊ ရင်းနှီးမြှုပ်နှံမှု စသည့် ကဏ္ဍများတွင် လက်တွေ့ကျသော ပူးပေါင်းဆောင်ရွက်မှုများကို တိုးချဲ့ဖော်ဆောင်ရန် ဆန္ဒရှိကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ ထို့ပြင် နှစ်နိုင်ငံပြည်သူများ အပြန်အလှန် သွားလာမှု ပိုမိုအဆင်ပြေစေရန်အတွက် ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ဗီဇာမူဝါဒကို ပိုမိုကောင်းမွန်အောင် ပြုပြင်ဆောင်ရွက်ပေးမည်ဟု မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။

နှစ်နိုင်ငံစလုံး၏ ကြိုးပမ်းအားထုတ်မှုများကြောင့် တရုတ်-ဘူလ်ဂေးရီးယား ဆက်ဆံရေးသည် ပိုမိုတက်ကြွသော အခန်းကဏ္ဍသစ်တစ်ရပ်ကို မုချဖွင့်လှစ်နိုင်မည်ဟု ယုံကြည်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားနိုင်ငံသည် ပထဝီဝင်အနေအထားအရ ထူးခြားသည့် တည်နေရာတွင် ရှိနေသဖြင့် အာရှနှင့် ဥရောပကို ချိတ်ဆက်ပေးသည့် အရေးကြီးသော ပေါင်းကူးတံတားတစ်ခု ဖြစ်လာနိုင်ကြောင်း၊ ဥရောပသမဂ္ဂ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့် ဥရောပသမဂ္ဂအကြား မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှုတွင် တက်ကြွသော အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်နိုင်ကြောင်း ဝမ်ရိက ပြောကြားခဲ့သည်။ တရုတ်နိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယားနိုင်ငံနှင့်အတူ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အဆိုပြုချက်နှင့် “အလယ်ပိုင်း စင်္ကြံလမ်းကြောင်း” တည်ဆောက်ရေးတို့ကို ကောင်းမွန်စွာ ချိတ်ဆက်ဆောင်ရွက်သွားရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ပလက်ဗ်က တရုတ်နိုင်ငံအနေဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက်ရေး တည်ဆောက်မှုကို အောင်မြင်စွာ တွန်းအားပေးဆောင်ရွက်နေပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှု၊ သိပ္ပံနှင့် နည်းပညာဆန်းသစ်တီထွင်မှု၊ အခြေခံအဆောက်အအုံ စသည့် ကဏ္ဍများတွင် ကြီးမားသော အောင်မြင်မှုများ ရရှိထားကြောင်း ဂုဏ်ပြုပြောကြားခဲ့သည်။

မကြာသေးမီက တရုတ်နိုင်ငံသို့ လာရောက်လည်ပတ်မှုသည် အလွန်အောင်မြင်ခဲ့ကြောင်း၊ တရုတ်နိုင်ငံက အဆင့်မြင့် ဧည့်ခံကြိုဆိုခဲ့ခြင်းသည် ဘူလ်ဂေးရီးယားနိုင်ငံအပေါ် အလွန်အလေးထားကြောင်း ဖော်ပြနေသည်ဟု ပလက်ဗ်က ပြောကြားခဲ့သည်။ ဘူလ်ဂေးရီးယား အစိုးရသစ်သည် တရုတ်နိုင်ငံနှင့် ဆက်ဆံရေး တိုးမြှင့်ဖော်ဆောင်ရာတွင် အပြုသဘောဆောင်သည့် ဆန္ဒနှင့် ရေရှည်စီမံကိန်းများ ရှိကြောင်း၊ တရုတ်စီးပွားရေးလုပ်ငန်းများ ဥရောပဈေးကွက်သို့ ဝင်ရောက်ရေးအတွက် တံခါးပေါက်တစ်ခု ဖြစ်လာရန် ဆန္ဒရှိကြောင်း ၎င်းက ပြောကြားခဲ့သည်။

ဘူလ်ဂေးရီးယားနိုင်ငံအနေဖြင့် ဘူလ်ဂေးရီးယား-တရုတ်နှင့် ဥရောပသမဂ္ဂ-တရုတ် ပူးပေါင်းဆောင်ရွက်မှုများ တိုးတက်လာစေရန် မဆုတ်မနစ် ကြိုးပမ်းအားထုတ်သွားမည်ဖြစ်ပြီး ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးကို လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှု ရလဒ်များအဖြစ် ပြောင်းလဲဖော်ဆောင်သွားရန် ဆန္ဒရှိကြောင်း ပလက်ဗ်က ပြောကြားခဲ့သည်။ (Xinhua)

------------------------------------------

(Chinese Version)

王毅会见保加利亚副总理普列夫

新华社索非亚10月19日电(记者林浩 姚雨璘)中共中央政治局委员、外交部长王毅19日在索非亚会见保加利亚副总理普列夫。

王毅祝贺普列夫副总理不久前访华圆满成功,表示当前是中保关系发展的重要机遇期,双方要相向而行,以更多务实合作助力各自发展振兴。中方愿同保方拓展金融、投资等领域务实合作。希望保方优化签证政策,为便利两国人员往来创造更好条件。相信在双方努力下,中保关系一定会开启更富活力的新篇章。

王毅表示,保加利亚地缘位置特殊,可以成为连接亚洲和欧洲的重要纽带,作为欧盟成员可在中国与欧盟战略合作中发挥积极作用。中方愿同保方做好“一带一路”倡议和“中间走廊”建设对接。

普列夫祝贺中国成功推进现代化建设,在经济发展、科技创新、基础设施等领域取得重大成就。普列夫表示,不久前访华非常成功,中方高规格接待,体现了对保加利亚的高度重视。保新政府对发展对华关系有着积极意愿和长远规划,愿成为中国企业进入欧洲的门户。保方愿为推动保中、欧中合作作出不懈努力,将友好关系转化为更多务实合作成果。

图说:10月19日,中共中央政治局委员、外交部长王毅在索非亚会见保加利亚副总理普列夫。新华社记者 彭子洋 摄