ရန်ကုန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

၂၀၂၆ ခုနှစ် ဧပြီလတွင် စတင်ခဲ့သည့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် ပထမ ၆ လအတွင်း မြန်မာနိုင်ငံမှ ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတန်ချိန် ၁.၅၁ သန်းကျော် တင်ပို့နိုင်ခဲ့ကြောင်း မြန်မာနိုင်ငံပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းကုန်သည်များအသင်းက မကြာသေးမီက ဆင်ဟွာသို့ ပြောသည်။

အဆိုပါကာလအတွင်း ယင်းသီးနှံများ တင်ပို့မှုမှရရှိသည့် ဝင်ငွေမှာ အမေရိကန်ဒေါ်လာ ၁.၂ ဘီလီယံကျော် ရှိခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံသည် ပဲမျိုးစုံ၊ ပြောင်းနှင့် နှမ်းတို့ကို နိုင်ငံပေါင်း ၂၆ နိုင်ငံထံတင်ပို့ခဲ့ပြီး အဓိကတင်ပို့သည့် ဈေးကွက်များမှာ အိန္ဒိယ၊ တရုတ်၊ ထိုင်းနှင့် ပါကစ္စတန်နိုင်ငံတို့ ဖြစ်ကြောင်း သိရသည်။

ထို့ပြင် ပဲမျိုးစုံသည် စပါးပြီးလျှင် စိုက်ပျိုးဧရိယာ ဒုတိယအများဆုံးဖြစ်သည့် သီးနှံအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ၏ စုစုပေါင်း စိုက်ပျိုးမြေဧရိယာ၏ ၂၀ ရာခိုင်နှုန်းခန့်ရှိကြောင်း သိရသည်။ (Xinhua)