တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သည့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna Gnassingbé တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)
တရုတ်နိုင်ငံ သမ္မတ ရှီကျင့်ဖိန်နှင့် တရုတ်နိုင်ငံသို့ တရားဝင်ခရီးစဉ် လာရောက်သည့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna Gnassingbé တို့ ၂၀၂၆ ခုနှစ် အောက်တိုဘာ ၁၃ ရက် ညနေပိုင်းတွင် တရုတ်နိုင်ငံ ပေကျင်းမြို့ ပြည်သူ့ခန်းမဆောင်၌ တွေ့ဆုံစဉ် (ဆင်ဟွာ)

ပေကျင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)

တရုတ်သမ္မတ ရှီကျင့်ဖိန်သည် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure Essozimna နှင့် တွေ့ဆုံစဉ် ဘက်အသီးသီးအနေဖြင့် အာဖရိက၏ အဓိကအရေးကိစ္စများ ဖြေရှင်းမှုတွင် အပြုသဘောဆောင်စွာ ပါဝင်ရန်အတွက် အခြေခံမူလေးရပ် အဆိုပြုခဲ့ရာ ယင်းမှာ လက်ရှိ အာဖရိကဦးချိုဒေသအခြေအနေ အပါအဝင် အာဖရိ၏ အဓိကအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသော လက်တွေ့လမ်းညွှန်မှု အနက်အဓိပ္ပာယ်ရှိကြောင်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က အောက်တိုဘာ ၁၉ ရက်တွင် ပြောကြားခဲ့သည်။  

ထိုနေ့၏ ပုံမှန်သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦးက မကြာသေးမီရက်တွင် သမ္မတ ရှီကျင့်ဖိန်နှင့် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure  တွေ့ဆုံစဉ် ဘက်အသီးသီးအနေဖြင့် အာဖရိ၏ အဓိကအရေးကိစ္စများ ဖြေရှင်းမှုတွင် အပြုသဘောဆောင်စွာ ပါဝင်ရန်အတွက် အခြေခံမူလေးရပ် အဆိုပြုခဲ့ရာ ယင်းသည် လတ်တလော အီသီယိုးပီးယားနိုင်ငံ မြောက်ပိုင်းအခြေအနေနှင့် ဆက်စပ်မှုရှိပါသလောဟု မေးမြန်းခဲ့သည်။

မော်နင်က သမ္မတ ရှီကျင့်ဖိန်သည် တိုဂိုနိုင်ငံ ဝန်ကြီးများအစည်းအဝေး ဥက္ကဋ္ဌ Faure နှင့် တွေ့ဆုံစဉ် ဘက်အသီးသီးအနေဖြင့် အာဖရိက၏ အဓိကအရေးကိစ္စများ ဖြေရှင်းမှုတွင် အပြုသဘောဆောင်စွာ ပါဝင်ရန်အတွက် အခြေခံမူလေးရပ် အဆိုပြုခဲ့ရာ ယင်းမှာ လက်ရှိ အာဖရိကဦးချိုဒေသအခြေအနေ အပါအဝင် အာဖရိ၏ အဓိကအရေးကိစ္စများကို ကိုင်တွယ်ဖြေရှင်းရာတွင် အရေးပါသော လက်တွေ့လမ်းညွှန်မှုအနက်အဓိပ္ပာယ်ရှိကြောင်း ပြောကြားခဲ့သည်။

ပထမအချက်မှာ အာဖရိက ဦးဆောင်မှုကို ဆက်လက်ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ အာဖရိကပြည်သူများသည် အာဖရိက၏ စစ်မှန်သောပိုင်ဆိုင်သူများဖြစ်ရာ ဒေသတွင်းအရေးကိစ္စများတွင် အဓိကအခန်းကဏ္ဍမှ ပါဝင်သင့်ကြောင်း၊ ဒုတိယအချက်မှာ တရားမျှတမှုနှင့် သမာသမတ်ကျမှုကို ထိန်းသိမ်းခြင်း ဖြစ်ကြောင်း၊ ပါဝင်ဆောင်ရွက်သည့် ဘက်အသီးသီးအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်း၏ ရည်ရွယ်ချက်နှင့် အခြေခံမူများကို လိုက်နာသင့်ပြီး ကာယကံရှင်နိုင်ငံ၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်နက်ပြည့်စုံမှုအား လေးစားသင့်ကြောင်း၊ တတိယအချက်မှာ စစ်ရပ်စဲ၍ ငြိမ်းချမ်းရေးတည်ဆောက်မှုကို တွန်းအားပေးခြင်း ဖြစ်ကြောင်း၊ စစ်ပွဲနှင့် တစ်ဖက်သတ် ပိတ်ဆို့အရေးယူမှုများသည် နိုင်ငံများအကြား ပဋိပက္ခဖြစ်မှုကို အစစ်အမှန် ဖြေရှင်းနိုင်ခြင်းမရှိဘဲ အပြန်အလှန်လေးစားပြီး ကျယ်ကျယ်ပြန့်ပြန့် ညှိနှိုင်းဆွေးနွေးရမည့်အပြင် မတူကွဲပြားမှုများကို လက်ခံထားရှိ၍ တူညီမှုများကိုရှာဖွေကာ အပြန်အလှန် နားလည်ဖြေလျှော့ပေးရမည်ဖြစ်ကြောင်း၊ စတုတ္ထအချက်မှာ ကိစ္စရပ်၏ အပြင်ပန်းလက္ခဏာကိုသာမက အရင်းအမြစ်မှပါ ကိုင်တွယ်ဖြေရှင်းရေးကို ဖော်ဆောင်ခြင်းဖြစ်ကြောင်း၊ ယင်းမှာ လက်ရှိလုံခြုံရေးကိစ္စရပ်များကို အလေးထားဆောင်ရွက်ရမည်သာမက ရေရှည်ဖွံ့ဖြိုးတိုးတက်မှုအတွက် စီမံကိန်း စီစဉ်ရေးဆွဲရမည်ဖြစ်ကြောင်း မော်နင်က မိတ်ဆက်ပြောကြားခဲ့သည်။ (Xinhua)

…………………………

(Chinese Version)

外交部:习近平主席提出4条原则对应对非洲热点问题具有重要意义

新华社北京10月19日电(记者马卓言、万倩仪)外交部发言人毛宁19日表示,习近平主席同多哥部长会议主席福雷会见时,提出各方建设性参与非洲热点问题解决4条原则,这对应对包括当前非洲之角局势在内的非洲热点问题具有重要现实指导意义。  

当日例行记者会上,有记者问:近日,习近平主席同多哥部长会议主席福雷会见时,提出各方建设性参与非洲热点问题解决4条原则。请问这与近期埃塞俄比亚北部局势是否有关联?  

毛宁说,习近平主席同多哥部长会议主席福雷会见时,提出各方建设性参与非洲热点问题解决4条原则,这对应对包括当前非洲之角局势在内的非洲热点问题具有重要现实指导意义。  

毛宁介绍说,一是坚持非洲主导。非洲人民是非洲真正的主人,应该在地区事务中发挥核心作用。二是维护公平正义。各参与方应该遵守联合国宪章宗旨和原则,尊重当事国主权和领土完整。三是推动止戈为和。战争和单边制裁无法真正解决国与国之间的矛盾,要相互尊重、广泛协商,求同存异、互谅互让。四是实行标本兼治。既着眼当下安全,又谋划长远发展。(完)

图说:10月13日下午,国家主席习近平在北京人民大会堂会见来华进行正式访问的多哥部长会议主席福雷。 新华社记者 李响 摄