ကူမင်း၊ အောက်တိုဘာ ၂၀ ရက် (ဆင်ဟွာ)
ကွန်တိန်နာ ၄၉ လုံး အပြည့်တင်ဆောင်ထားသော နိုင်ငံတကာ ရထားတွဲသည် တရုတ်နိုင်ငံ ယူနန်ပြည်နယ် ကူမင်းမြို့ ကျင့်နင်ခရိုင် ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းမှ အောက်တိုဘာ ၁၆ ရက်တွင် ထွက်ခွာခဲ့ရာ “ကျိန့်ဟော်ရထား + ရထားလမ်း အကောက်ခွန်ရှင်းလင်းရေးအမြန်လမ်း” ပင်လယ်ရေကြောင်း-ကုန်းလမ်း-ရထားလမ်း ပုံစံမျိုးစုံ ပူးတွဲပို့ဆောင်ရေး ရထားတွဲ ပထမဦးဆုံးအကြိမ် စတင်ထွက်ခွာခြင်း အမှတ်သင်္ကေတပင်ဖြစ်သည်။
ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းသည် ကူမင်းမြို့ တောင်ဘက်ရှိ အဓိက ထောက်ပံ့ပို့ဆောင်ရေး ဗဟိုချက်နေရာတွင် တည်ရှိပြီး တရုတ်-လာအို ရထားလမ်းမကြီး၏ အဓိကလမ်းကြောင်းနှင့် ကပ်လျက်တည်ရှိသည်။ ကုန်းတွင်းဆိပ်ကမ်းအတွင်းရှိ အကောက်ခွန်ကြီးကြပ်စစ်ဆေးရေး လုပ်ငန်းခွင်ကို အမှီပြု၍ ပို့ကုန်ကုန်ပစ္စည်းများသည် ထိန်ကျွင့် နိုင်ငံတကာ ကုန်းတွင်းဆိပ်ကမ်းတစ်နေရာတည်းတွင်ပင် လျှောက်ထားခြင်း၊ စစ်ဆေးခြင်း၊ အကောက်ခွန်ရှင်းလင်းခြင်းစသည့် လုပ်ငန်းစဉ်အဆင့်အားလုံးကို အပြီးအစီး ဆောင်ရွက်နိုင်ပြီး နယ်စပ်ဂိတ်သို့ ရောက်ရှိသည်နှင့် ပြည်ပသို့ တိုက်ရိုက် ထွက်သွားနိုင်သည်။ (Xinhua)
……………………………….
(Chinese Version)
“郑和号+铁路快通”海公铁多式联运班列首发
10月16日,满载49柜集装箱的国际班列由昆明市晋宁区腾俊国际陆港驶出,标志着“郑和号+铁路快通”海公铁多式联运班列正式首发。腾俊国际陆港地处昆明南部核心物流枢纽,紧邻中老铁路干线,依托陆港内海关监管作业场所,出口货物在腾俊国际陆港即可一站式完成申报、查验、放行全流程作业,抵达边境口岸后可直接出境。
作者:孙敏、浦超、王金河
摄制:宋光旭
新华社音视频部制作








